လမ်းအိုလေး

Løøps of Resistance …

ကဗျာဆန်နေခြင်း (ဇေယျာလင်း)

ငါ့ကိုယ်ငါ လုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့် … (ဇေယျာလင်း)

Leave a comment

ငါ့ကိုငါ လုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့်၊ စည်းကမ်းရှိရှိ၊
နည်းလမ်းကျစွာ၊ ခွင့်ပြုချက်နဲ့အညီ၊ ငါ့ဆံပင်ဖြူတွေ ငါဆွဲနှုတ်နေပြီ။
ငါဟာ crazy လား။ ရူးနေတာငါမဟုတ်ဘူး၊ သူတို့တွေ။ ငါ့ကိုယ်ငါလည်း
မ crazy ဘူး။ ဘာမှ အရူးအမူးမရှိဘူး။ တစ်မူးဖိုးလည်း မသာဘူး။
တစ်မတ်တောင် မရှိဘူး။ ငါ့ကိုယ်ငါ ပေါက်ကွဲမှုနဲ့ ငါ့ကိုယ်ငါ
စုံစမ်းစစ်ဆေးလိုက်တာ
တာဝန်အရ လက်လွန်သွားလို့ ငါ့အရှေ့အလယ်ပိုင်း သေသွားတယ်။
ယာဉ်ကြောပိတ်ဆို့လို့ မိုးပျံတံတား ကန်ထရိုက် ငါပဲရတယ်။ မကျွမ်းမကျင်နဲ့
ငါဟာ မိုးပေါ်မြောက်သွားတယ်။ ယာဉ်ကြောတွေ ထပ်ပိတ်ဆို့သွားကြတယ်။
ရေမြုပ်သွားတဲ့ လယ်ကွင်းတွေထဲမှာ ငါဟာ ယန်စီကဆင်းလာတဲ့ မိကျောင်းပဲ
မိတ်လိုက်ရာသီမို့ ဘယ်လင်းပိုင်ဖြစ်ဖြစ် ငါ ဖိုသံပေးနေတယ်။ ‘ကွင်း’၊ ‘ကွင်း’။
ပြန်လည်ဖေါ်ပြမှုတွေထဲက ငါလည်း ထို့အတူ တစ်ဗျည်း တစ်သရ
တစ်သံတစ်လုံး။
ငါဟာ ဥပဒေကို လေးစားလိုက်နာတယ်။ မြစ်ဆုံရဲ့ ဒေါင်းအက။
ငါဟာ အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်။ စိန–ဂျာဂျာ ချစ်ကြည်ရေး။
‘ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းသည်’ စနက်တံကို စမ်းစမ်းနေတာ
ဖြစ်တယ်။
ငါဟာ လေထဲ ပေါလောမျောနေကြတဲ့ စိုးရိမ်သောကတွေရဲ့ ဖိအားတိုင်းစက်။
ဒါဟာ ငါပြောနေတာတွေမှ ဟုတ်ရဲ့လား။ ငါ့ကို ဘာတွေ
လာပြောခိုင်းနေတာလဲ။
ငါ့အသိကို ဘာတွေ ပို့ချနေတာလဲ။ မဟုတ်ဘူး၊ ငါဟာလွတ်လပ်တဲ့လူသား။
မဟုတ်ဘူး။ ငါဟာ စာသားများရဲ့ရက်ထည်။ မဟုတ်ဘူး၊ ငါဟာ နိုင်ငံတော်
အလံလိုပဲ ၊ ရောင်စုံနဲ့။ ‘ရောင်စုံမီးများကြားမှာ ဂစ်တာကလေး တီးလို့သာ’
ငါ့မျက်လုံးတွေဟာ ပရိသတ်ထဲကနေ ငါ့ကို စစ်ဆေးသုံးသပ်နေကြတယ်။
ငါ့ကိုယ်ငါ အကြမ်းပတမ်း နမ်းပြီး င့ါကိုယ်ငါ ပါးရိုက်ပစ်လိုက်တယ်။
လက်ကိုကြိုးတုပ်ပြီး ကင်မရာဘက် အလိုတူစွာ အွန်လိုင်းပေါ်တက်လိုက်တယ်။
ငါဟာ ပြစ်မှုမြောက်ပြီး အချက်အလက် မပြည့်စုံသေးတဲ့ မျက်မြင်သက်သေပဲ။
နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ငါဟာ ဆန်ကုန်မြေလေး
(လုပ်ထုံးလုပ်နည်းနဲ့)
သေဒဏ် ချမှတ်လိုက်တယ်။ မမြင်ကွယ်ရာမှာ၊ ညွှန်ကြားချက်အတိုင်း။
ငါ့ကို အပိုင်းပိုင်းခုတ်ပြီး အရပ်ရှစ်မျက်နှာမှာ မြှုပ်နှံလိုက်ကြတယ်။
အဆိပ်ပင်တွေပေါက်လာပြီး အဆိပ်သီးတွေ တောက်တဲ့လို ဈေးကောင်း။
ဘယ်သူမှ မသိရအောင် ငါ သေသွားခဲ့တယ်
အားလုံး သိသွားတော့ ငါ ပြန်ရှင်လာတော့တယ်။
ငါဟာ အမှန်တရားကို မူးယစ်ဆေးဝါးလို ရာဇ၀တ်သင့်စွာ စွဲနေသူ
(အမှန်တရားဆိုတာ ဘာလဲ၊ ငါ့ကို လူပြိန်းစကားနဲ့ ရိုက်သွင်းပါ)။
သမိုင်းဆိုင်ရာ အခန်းကဏ္ဍကို တိရစ္ဆာန်ရုံထဲက ထမ်းဆောင်တယ်
ငါဟာ ဟိမဝန္တာလင်းတပဲ။ ဂီး … ၊ ဂီး … ။ အို၊ ပြည်သူငဲ့၊
ငါ၏တေးရိပ်တွင် သင့်အား ချွေးသိပ်စေအံ့။ ဂီး … ၊ ဂီး … ။
ဘီးလက်ဆောင်ရတဲ့ အချိန်မှာ ငါဟာပြုန်းတီးသွားတဲ့ ခေါင်းတုံးကောင်။

၂၇၊ သြဂုတ်၊ ၂၀၁၂။

(ကဗျာဆန်နေခြင်း – ဇေယျာလင်း။ ဒီဇင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s