လမ်းအိုလေး

Løøps of Resistance …

ကဗျာဆန်နေခြင်း (ဇေယျာလင်း)

စိမ်းမြမြ မြက်ခင်းပြင်များပေါ်တွင် (ဇေယျာလင်း)

Leave a comment

စစ်ဖြစ်ရင် အရင်ဆုံးသေကြေပျက်စီးရတာ အမှန်တရားပဲ။ ပျားရည်စမ်းတွေ
ဒီလိုတင်စားဖို့ ဒေသတွင်း ပဋိပက္ခထဲလို ရောက်ခဲ့သလား။
`စစ်ဆိုတာ ပေါ်လစီလက်နက်ပဲ´ဆိုတဲ့ အာဏာချိန်ခွင်လျှာ သီအိုရီ
နဲ့ အပြိုင် သွေးထဲက တဟုန်ထိုး သွေးနီဥတွေ ဖိုဓာတ် မဓာတ်။ အဲဒီမှာ
တူညီသော ရုန်းကန်မှုများ၊ မျှော်မှန်းချက်များ၊ တစ်ဆင့်ဆင့်မှ ရုတ်ချည်းဖြစ်စဉ်များ။
အင်္ဂါဂြိုလ်ရဲ့ ရာသီဥတုကို ပြုပြင်ဖို့လည်းပါတယ် ဒီအပစ်အခတ်ထဲ ရောက်ခဲ့တာ။
တစ်ချိန်တုန်းက ဒို့ကမ္ဘာကြီးဟာလည်း အောက်ဆီဂျင်မရှိတဲ့ ဂြိုလ်သေကြီးပေါ့။
သက်ရှိလောက ဖြစ်လာဖို့ ဖိုတိုဆင်သက်တစ်က် ဘက်တီးရီးယားပဲလိုအပ်တယ်၊
ရှားရှားပါးပါး အချစ်နဲ့ ပမာ(ဏ)။
စိတ်ရဲ့ မျက်နှာပြင် အပူချိန် အနှုတ် ၈၁ ဒီဂရီ ဖာရင်ဟိုက်ကို ပူနွေးစေဖို့။
အနက် ပြန်ကောက်ကြတယ်။
အနက် ချဲ့ထွင်ကြတယ်။ နက်နက် တူးကြည့်တယ်။
ကြယ်သေရဲ့ အလင်းပမာဏ လက်ကျန်ကို စူးစမ်းကြတယ်။
ကိုယ့်ဟာအဖြစ် အသွင်ကူးပြောင်းယူလိုက်တာ ကိုယ်ပါ မသိလိုက်
မသိဘာသာ အသွင်ကူးပြောင်းသွားတော့တယ်။ ကိုယ်ဟာ
စစ်မက်လိုလားသူလား မေးတဲ့သူပေါ် မူတည်တယ်။
ကိုယ်ဟာ ငြိမ်းချမ်းရေးသမားလား ယုံကြည်စိတ်ချလိုက်ပါ။
ကိုယ့်အချစ်မှာ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
အချိုးအစားတစ်မျိုးဆန်းမနေတဲ့ အလှတရားဘယ်မှာ … ။
မှန်ထဲကြည့်လိုက်တော့ သူဟာ သုံးလို့ရသေးတဲ့ ဒုံးကျည်ပဲ၊
`ငါမရက်စက်ပါဘူး ၊ ငါဟာ စစ်မှန်မှုပါပဲ´။
ဖောက်ခွဲလို့ ရသေးတဲ့ အသေခံ။ သံမဏိမေးရိုး နောက်ကွယ်မှာ
ဝှက်ထားတဲ့ ခံစားမှုစစ်စစ်တွေ လျှပ်စစ်စက်ကွင်းတွေ။
ဘယ်ဟာမှ ရာနှုန်းပြည့် အစစ်အမှန် မရှိတော့ဘူး(လား) ။
မကျွမ်းကျင်တဲ့ ကြိုးဆွဲဆရာလက်ထဲ ကံကြမ္မာရုပ်သေးနှစ်ပါးသွား။
မျက်နှာပေါ်က နက်လာတဲ့ အရေးအကြောင်းတွေ၊ အင်္ဂါဂြိုလ်မှာ
တစ်ချိန်က ရေစီးတူးမြောင်းတွေ ရှိပုံပေါ်ခဲ့ဟု ခန့်မှန်းရ။
အားစမ်းပွဲ စခဲ့တာ မနေ့တစ်နေ့က မကတော့ဘူး။
‘မင်းဟာ ကူးစက်ရောဂါ နှုတ်ခမ်းတွေနဲ့ ရယ်မောတတ်တဲ့ မိန်းမပဲ´။
‘ရှင်ဟာ ဆေးလိပ်သိုးနံ့လို သစ္စာရှိတဲ့ ယောက်ျားပဲ´။
ကိုယ့်မှာ မလုံမခြုံနဲ့ လေပြေရဲ့ နှုတ်ပိတ်ခြင်း ခံလိုက်ရတယ်။
ရုတ်တရက် အမည်တပ်မရတဲ့ ခံစားမှုဟာ တစ်ကိုယ်လုံးမှာ ဒိုင်းခနဲ။
ကာဗွန်ဒိုင်အောက်ဆိုဒ် အနှုတ် အောက်ဆီဂျင်= ကာဗွန်မိုနောက်ဆိုဒ်။
တစ်ချိန်တုန်းက ဒို့ကမ္ဘာကြီးဟာ စိမ်းလန်းဝေဆာခြင်းပဲပေါ့။
အကို … ဟိုမှာ စစ်ကြီး ဒီဘက်လာနေတယ်၊ လမ်းဖယ်ပေးလိုက်ရမလား။

၅၊ စက်တင်ဘာ၊ ၂၀၁၁။

(ကဗျာဆန်နေခြင်း – ဇေယျာလင်း။ ဒီဇင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s