လမ်းအိုလေး

Løøps of Resistance …

ကဗျာဆန်နေခြင်း (ဇေယျာလင်း)

ဂလက်ဆီ တက်ဘလစ်အကြောင်း တွေးရင်း (ဇေယျာလင်း)

1 Comment

ကဗျာဟာ ဆွမ်းကျွေးသလိုပဲ၊ အတုအပသတိပြု
သင့်အာရုံတွေရှေ့မှောက်မှာ သင့်ကို ခေါ်ဆောင်လာပြီလား။
ဒါပေမယ့် သူ့ပလီစိချောက်ချက်ဟာ အနည်းကိန်းတော့ မဟုတ်ဘူး။
အာဠာဝကရဲ့ ဟာသဟာ ကာဗျတဲ့။ အိုး … ဗာလ ၊ ဗာလ။
ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်ပြတာ မဟုတ်ဘူး
ကောင်းကင်ရဲ့ ထောက်တိုင်တွေကို အကဲစမ်းနေတာ။
သိစိတ်ဆိုတာ ဦးနှောက်ဆဲလ်တွေနဲ့ သက်ဆိုင်ရာ မော်လီကျူးတို့ရဲ့
အပြုအမူသက်သက်ပဲဖြစ်တယ်။ ဆိုက္ကိုလိုဂျီ၊ ၁၀၁။
စာအုပ်အသစ်ကလေးဟာ တိုင်းပြည်အသစ်ကလေးလိုပဲ ပုံနှိပ်စက်နံ့။
မလိုက်ဖက်ပါဘူးလေ၊ ကျောက်ဆောင်တွေပေါ်မှာ သစ်ခွစိုက်ခင်း။
ကွဲပြားခြားနားမှု လိုချင်ရင်ရော့၊ ကြောက်စိတ်ကို ပီကေလိုဝါးနေ။
ဘာနဲ့တူလဲဆိုတော့ ကိုယ့်မျက်စိရှေ့က မမြင်တာကို မြင်သိစိတ်
ဟောင်းတစ်ခုခုရဲ့ ကော်ပီနဲ့ပဲ သိမှုဆီ လည်ဆည် ဆက်သားပို့လို့။
အပိုလိုတစ်စင်း လပေါ်ရောက်ခဲ့တာကို ကြားဖူးနားဝနဲ့
ဆိုက်ကားစီးရင်း `ဟောင်းသွားပြီ´၊`ဘာသစ်လို့လဲ´ စွပ်အော်။
စမြုံ့ပြန်နေတာမဟုတ်ဘူး ၊ စားကျက်သစ်ရှာနေတာ ၊ ဒင်းတို့အတွက်။
အနာလစ်ရင် တစ်တစ်ခွခွ ကလိထိုးဖို့။ သောက်လက်စ အလီနဲ့။
တွန်းဖို့ကြံစည်၊ တိုက်ဖို့ကျည်ဆံ။ ကျူးသူဂါထာ။ သို့၊
မဟုတ်ဘူး။ ထံမှ ငါ့ရယ်သံခါးခါးကြီး လူမှုတည်ဆောက်မှု မဟုတ်လား။
အောကားထဲမှာလိုပဲ၊ စတုမဓူဒေါင်းပြီး ဘိန်း အွန်လိုက်တာ။
စိတ်တွင်းထဲက (ဘာလဲ၊ စိတ်ခမ်းနေပြီလား၊ ခုန်ချခဲ့ဘူးတဲ့
မိန်းကလေးရဲ့အရှက်ဟာ အသက်ထက်ပိုပုပ်ပွလာနေလို့လား)
ပုရွက်အုံလက်ခုံပေါ်မှာ ယောင်ကိုင်းလာနေတာ ဘယ်လိုဓမ္မ။
သိုးကျောင်းခွေးရဲ့
သိုးဆောင်းစကားကို
သိုးကျောင်းဆင်းတွေ နားလည်တယ်။
မိုးမြင့်မှာ လွတ်လပ်စွာ ဖွင့်ဟဖေါ်ထုတ်မှုရဲ့ သရဖူ
အူသိမ်မှာ အင်ထရိုဗီးနပ်စ် နတ်ရုပ်တု တက်တူး။ တဲတဲလေး … ။
အဘရတဲ့ သုခဟာ အ,ဘယသုခပေါ့
အလောင်းမင်းတရားကြီးရဲ့ လံကွတ်တီဟာ လေထဲတလွင့်လွင့် တံခွန်အလန်းပဲ။
ဒါဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေ တောင့်တင်းခိုင်မာမှု သက်သေလား။
တစ်လက်စနဲ့ ပထ၀ီဟာ ပထွေးရဲ့ တ(စ်)လုပ်စာဖြစ်သွားတယ်။
ဝိရိယ မဆုတ်မနစ်ပေမယ့် ဒါ ဖတ်ရတာ တော်တော်ခက်တာပဲ။
မိမိတို့သည် ကာရန်စာများ ဖောက်ကားသူ ဖြစ်ငြားအံ့
လမ်းသစ်ဖောက်ရာတွင် ချိုင့်ကြီးများဖို့ရန် မိမိတို့အား ထည့်သွင်းစေ။
ရေပေါ်တ၀င်းဝင်း ပေါ်လစီရဲ့ ရေပေါ်တ၀င်းဝင်း မိမိတို့ ဆီလိုမပေါ်လို။
မိမိလည်း တစ်စခန်းအထမှာပဲ ဖမ်းပြလိုက်တယ်
ကြမ်းရှရှအီမိုကြွေးရှင်း ၊ အိပ်စပရဆေး အနှေးအဆင်းတွေ။
ကလော်ဆဲစရာတွေရဲ့ `အရှိတရား´ဟာ ဆွဲဆန့်လို့ရတဲ့ ကြက်ပေါင်စေးပဲ
တစ်ခုခုကို တွန်းထိုးတွန်းတင်ဖို့ထက် အချိန်ဆွဲပြီး အုပ်ချလိုက်ဖို့။
ဒါပေမယ့် ၊ ဒေါက်တိုင်တွေရဲ့ အလှတရားဟာ ဘယ်မှာဆိုတော့ကာ
ဒေါင်းအရွတ်တွေရဲ့ ဒင်တွေ ဒေါင်ဒေါင်မြည်လာပေါ့
ညွတ်ခဲ့ရသော ဦးခေါင်းတိုင်း သမိုင်းသွေးနှင့် ရဲရဲနီ၏ မဆိုသာ။ ။

၃၀၊ သြဂုတ်၊ ၂၀၁၂။

(ကဗျာဆန်နေခြင်း – ဇေယျာလင်း။ ဒီဇင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

One thought on “ဂလက်ဆီ တက်ဘလစ်အကြောင်း တွေးရင်း (ဇေယျာလင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s