လမ်းအိုလေး

Løøps of Resistance …

အရောင်မဲ့ အတွေးစိမ်းများ ဒေါသတကြီး အိပ်မောကျနေ*စဉ်

အရောင်မဲ့ အတွေးစိမ်းများ ဒေါသတကြီး အိပ်မောကျနေ*စဉ် (ပန်ဒိုရာ)

Leave a comment


နားမလည်ဘူး လို့ အကျယ်ကြီး အော်ပြောလိုက်တဲ့အခါ
အက်ဒဗတ်မွန့်ခ် ဟာ နားလည်ကြည့်နဲ့ စာနာလှည့်ကြည့် သူကတော့ နားလည်မှာစိုးလို့တဲ့
နားနှစ်ဘက်ကို အုပ်မိုးကာထားတယ် ဘဝမှာ နားမလည်တာတွေ များလှပြီ ကဗျာတွေမှာ
နားမလည်တာတွေ များလှပြီ ဆောရီး – ဘဝအကြောင်း မပြောကြေး ကဗျာအကြောင်း
မပြောကြေး ကဗျာကို ကောင်းကင်ကြီးလို ပင်လယ်ကြီးလို သဘောမထားကြေး – ဒါဆို
ဒီကဗျာဆရာ (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ ဟိုကဗျာသမား
(ရဲ့အရေးအသား) ကို
>
>
ဘယ်လိုသဘောရသလဲ ဟိုကဗျာအာစရိ (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ
အဲဒီကဗျာချာတိတ် (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ – သဘောရခြင်း
(ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ – စနက်တံကို မီးရှို့လိုက်ထား ပြီးရင်
တရေးတမော စောင့်အိပ်လိုက် တေးထားလိုက် – စကားလုံးတွေကို တေးထားလိုက်
အတွေးအခေါ်တွေကို တေးထားလိုက် ခံစားချက်တွေကို တေးထားလိုက်
ပေါက်ကွဲမှုတွေကို တေးထားလိုက် အညိုးအတေးတွေကို တေးထားလိုက်
တေးသွားတွေကို တေးထားလိုက် စိတ်ထဲမှာ မှတ်စုစာအုပ်ထဲမှာ စက္ကူစုတ်ပေါ်မှာ
လက်ဖဝါးပေါ်မှာ ကြမ်းပြင်ပေါ်မှာ အိမ်သာနံရံမှာ ၊ နားမလည်ခြင်းတစ်ခုကိုလည်း
တေးထားလိုက်ဦး မသိသေးတာတွေကို သိလို
>
>
မသိလို သိစရာလိုမလို (လိုလိုမလိုလို) သိသလိုလို မသိသလိုလို
ပရော်ဖက်ဆာတစ်ယောက်က မုန့်ဗိုင်းတောင့်ကို မသိသလို သမ္မတကြီးတစ်ယောက်က
နွားရိုင်းသွင်းချိန်ကို မသိသလို ခေတ်ကာလသားသမီးတွေက ဇယ်ကလေးကို မသိသလို
နားမလည်ခြင်းနဲ့ ငါညံ့ဖျင်းခြင်းရဲ့ ကြားက ဆက်စပ်မှုသီအိုရီဟာ အချိုးကျမကျ
(ကျကျမကျကျ)- ဒီဝါကျတွေကြားမှာ ဟိုစာကြောင်းကို ဒီစကားလုံးတွေကြားက
ဟိုဝေါဟာရကို ဒီဝိသေသနတွေကြားက ဟိုသန်ဗန်နကို (သန်ဗန်န
ဘယ်လိုစာလုံးပေါင်းလဲ သမ္ဗန္နလား ထားတော့)
ဟိုစကားဆက်ကို ဘာလို့
ထည့်ညှပ်သွင်းလိုက်တယ် ဆိုတာကို – ဒီစာကို နားမလည်ဘူး ဒီစာကို
သူဘယ်လိုနားလည်ပြီး ရေးလိုက်တယ်ဆိုတာ နားမလည်ဘူး ဒီစာကိုနားလည်ဖို့
ငါဘာလို့ ကြိုးစားနေမိပါလိမ့် နားမလည်ဘူး
>
>
>
>
.

၂၀၁၁ ဧပရယ်လ် ၃ စင်ကာပူ မနက် ၂ နာရီ ၂၉ မိနစ်
၃.၄.၂၀၁၁-၂.၂.၂၀၁၂

* Colorless green ideas sleep furiously. (Noam Chomsky)

(ကြိုးညှိခြင်း ကဗျာစာအုပ်မှာ ထည့်မလို့ လုပ်ပြီးမှ မထည့်ဖြစ်တော့တဲ့ ကဗျာ)

Src: Pandora Blogopoet
Image: Imaginary Clouds

20120819-095511.jpg

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s