လမ်းအိုလေး

Løøps of Resistance …

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မည်ဆိုလျှင် (နေမျိုး)

2 Comments

မြွေကြီးပါခင်ဗျာ (နေမျိုး)Image Source: Sai Win Myint

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက
သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။
အဲဒီအချက်ကို သိရှိပြီးရင် နောက်ထပ် သင်နားလည်ထားရမှာက လက်တွေ့မှာ
သင် ခွဲဝေပေးနိုင်တာထက် အနည်းဆုံး၂ဆပိုပြီး အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သူဝမ်းနည်းတဲ့အခါ
သင် မျက်ရည်ကျရလိမ့်မယ်၊ သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာ ဖြစ်တယ်။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သူ့ကိုမချစ်မိအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။
ယနေ့ခေတ်မှာ မချစ်မိအောင်ကြိုးစားရင်း သံယောဇဉ်ဖြစ်သွားကြ
သူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လာပြီ ဖြစ်ပါတယ်။
အချစ်ဆိုတာကတော့ နှစ်ယောက်တစ်ကမ္ဘာပါပဲ။
အဲဒီကမ္ဘာရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အချစ်ကို သိရှိနားလည်ကြတယ်။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သင်ဟာ တစ်သက်တာမှာ
အထူးခြားဆုံး ဘာသာရပ်ကို သင်ကြားရတော့မယ်လို့ နားလည်လိုက်ပါ။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သင့်အိတ်ထဲက ပိုက်ဆံတွေ လျော့လျော့သွားလိမ့်မယ်။
သင်က ဒါကိုပဲ ပျော်ရွှင်နေဦးမှာဖြစ်တယ်လို့ ကြိုတင်အသိပေးလိုက်တယ်။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
နေမင်းကြီးထွက်ပေါ်လာပုံကို ပိုပြီးအဓိပ္ပာယ်ကြွယ်ဝစွာပင် နားလည်မိမှာ ဖြစ်တယ်။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာဟာ မီးလောင်နေပြီး အဲဒီနေရာကို
မီးသတ်ကားတွေဟာ ဘယ်တော့မှ ရောက်အောင်မသွားနိုင်ကြဘူး။

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

2 thoughts on “တစ်စုံတစ်ယောက်ကို သင် ချစ်တော့မည်ဆိုလျှင် (နေမျိုး)

  1. ရိုးရှင်းလှပပါတယ်။ Inspire ဖြစ်စေပါတယ်။ ဒါပေမယ့် နေမျိုးဟာ ဒီ စတိုင်ကနေ နောက်ထပ်ပြောင်းတာမျိုးမတွေ့ရသေးပါ။ ဒီ ပုံစံမျိုးတွေကို အချိုရည်ကုန်သေးပုံမရပါ။

  2. အဲ့ အချိုရည်နဲ့ပဲ ကျွန်တော်တို့ကို ခဏဏ ဆီးချို သွေးချို ဖြစ်စေတော့တာပဲ :p

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s