လမ်းအိုလေး

Løøps of Resistance …

မနေ့ညက မိုးရွာတယ် ကိုခင်အောင်အေး (နေမျိုး)

Leave a comment

မြွေကြီးပါခင်ဗျာ (နေမျိုး)Image Source: Sai Win Myint

သေမင်းဟာ စာမှန်မှန် ရေးတယ်
ငါတို့နေ့တိုင်း ဖတ်ရတယ်၊ နာရေး ကြော်ငြာတွေ
သေမင်းဟာ မိတ်ဆက်စာတွေလည်း ခဏခဏ ရေးတယ်
ခွဲစိတ်ခန်းက လူနာတွေဆီကိုပေါ့
သေမင်းဟာ ပျော်ပျော်နေတတ်တယ်
အရက်ဆိုင်ထဲ သီချင်းအော်ဆိုနေတဲ့ သူ့အသံဟာ
အကျယ်လောင်ဆုံးပဲ
သေမင်းဟာ ဥာဏ်ကောင်းတယ်
ဒါကြောင့်လဲ ဘာသာစကားတွေ အများကြီး
တတ်ကျွမ်းတာပေါ့
သေမင်းဟာ တီထွင်ဥာဏ်ရှိတယ်
ကျောက်ရောဂါကနေ HIVပိုးအထိ သူ ထုတ်လုပ်ခဲ့တာပေါ့
သေမင်းဟာ ကတိတည်တယ်
သေချာစွာ ချိန်းဆိုထားတဲ့အတိုင်း
သူ ရောက်လာလေ့ရှိတယ်
သေမင်းဟာ ခရီးသည်ကြီးပေါ့
မြို့တကာ ရွာတကာ သူလှည့်လည်လေ့ရှိတယ်
ရှိသမျှ ပျော်ရွှင်မှုကလေးကို
ခွဲဝေသုံးစွဲနေကြတဲ့ ငါကို့ကမ္ဘာလေးထဲ
သူအလည်လာခဲ့ဖူးတယ်
အဲဒီနေ့က အဖြစ်အပျက်ကို ငါတို့
ဘယ်တော့မှ မေ့မရ
မီးသွေးတစ်အိတ်နဲ့ပဲ
ဆောင်းတွင်းကို ငါတို့
ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်
ဘယ်တော့မှ မရိုးနိုင်တဲ့ မင်းအကြောင်းကို ပြောလို့
နောက်ထပ် ကြေကွဲစရာ မရှိအောင်
ကြေကွဲခဲ့ဖူးသူတစ်ယောက်ဟာ
ကမ္ဘာမြေကို အကောင်းမြင်နိုင်အောင်
ကြိုးစားကြည့်ခဲ့ပါတယ်။ နည်းနည်းပဲ ဖြစ်ဖြစ်
ကဗျာကိုသွယ်ဝိုက်ပြီး မရေးတော့ဘူးလို့
နောက်တစ်ကြိမ် ဆုံးဖြတ်မိတယ်
သေမင်းရေ မလာပါနဲ့အုံး (တောင်းပန်ရဲ့)
ငါကဗျာတွေ ရေးရအုံးမယ်ကွဲ့။

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s