လမ်းအိုလေး

Løøps of Resistance …

အသံ (နေမျိုး)

1 Comment

မြွေကြီးပါခင်ဗျာ (နေမျိုး)Image Source: Sai Win Myint

ထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူများက သူမ၏ ချို့ယွင်းနေသော နားနှင့်အကြားအာရုံကို ခွဲစိတ်ကုသပေးလိုက်ကြပြီးသောအခါ သူမ ပထမဦးဆုံးကြားရသော အသံများမှာ ငိုသံများ ဖြစ်လေသည်။ သူမသည် အနီးတွင်ရှိ တာဝန်ကျသူနာပြုကို ဤသို့ပြောလိုက်သည်။ ဆရာမ ကျွန်မ အသံတွေ ကြားရပြီ။ သူမ၏ ပြောစကားကို ကြားရသော တာဝန်ကျ သူနာပြု၏ မျက်နှာမှာ ၀င်းလက်သွားကာ သူမကို နူးညံ့ကြင်နာစွာ ကြည့်လိုက်သည်။ အသံတွေကို မင်း ကြားနိုင်ပြီပေါ့။ ၀မ်းသာတယ်။ ဆရာဝန်ကြီးတွေပါ ၀မ်းသာရအောင် ငါဖုန်းနဲ့ လှမ်းပြောမယ်။ တာဝန်ကျသူနာပြုသည် ဤသို့ပြောကာ သူမ၏ ဆံစများကို နဖူးပေါ်သို့ အသာအယာ သပ်တင်ပေးလိုက်လေသည်။ ပြီးမှ ကြင်နာသောလေသံဖြင့် ပြောပါအုံး ခု မင်းကြားရတဲ့ အသံကို ပြောပါအုံးဟု မေးမြန်းလိုက်သည်။ ငိုသံတွေ ငိုသံတွေ … ဆရာမ၊ သူတို့ ငိုနေကြတယ်။ ငိုသံတွေ အများကြီးပဲ။ သူမ၏ အဖြေကို ကြားလိုက်ရသောအခါ တာဝန်ကျသူနာပြု၏ ၀င်းလက်ကာ အားတက်သရော ဖြစ်နေသော မျက်နှာမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။ ငိုသံ ဘုရားရေ ငိုသံ ဟုလည်း ရေရွတ်လိုက်မိသည်။ တာဝန်ကျသူနာပြုသည် အံ့သြစိတ်ပျက်ဟန်ဖြင့် ဒီဝါ့ဒ်ထဲမှာ ဘာငိုသံမှ မရှိဘူး မင်း ဘယ်လိုလုပ် ကြားရတာလဲဟု ရေရွတ်ပြောဆိုလိုက်သည်။ သူမက အခု ဆရာမပြောတဲ့ စကားသံတွေ ကြားရသလို ကြားနေရတာဟု ပြောကာ
ဟော ဟော အခုကြားနေရပြန်ပြီ ဆရာမ ငိုသံတွေ ငိုသံတွေဟု ဆက်၍ပြောလိုက်ပြီး နားရွက်များကို လက်နှစ်ဖက်ဖြင့် ပိတ်ထားလိုက်သည်။ တာဝန်ကျသူနာပြုသည် သူမ၏ စကားအဆုံးတွင် ကာရံထားသော လိုက်ကာကိုချကာ တယ်လီဖုန်းရှိရာသို့သွား၍ နံပါတ်တစ်ခုကို လှည့်လိုက်သည်။ တစ်ဖက်မှာ တယ်လီဖုန်းသံတွေ မြည်နေပေလိမ့်မည်။ ■

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

One thought on “အသံ (နေမျိုး)

  1. တစ်ဖက်မှာ တယ်လီဖုန်းသံတွေ မြည်နေပေလိမ့်မည်။
    နားမလည်နိုင်ပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s