လမ်းအိုလေး

Løøps of Resistance …

အရက်ဆိုင်ထဲမှာ (နေမျိုး)

Leave a comment

မြွေကြီးပါခင်ဗျာ (နေမျိုး)Image Source: Sai Win Myint

ရက်ဆိုင်ထဲမှာ အရက်ကုန်သွားပြီတဲ့။ ညည့်နက်ပိုင်းကိုလည်း ရောက်ပါပြီ။ အရက်ဆိုင်ထဲမှာ မပြန်နိုင်သူသုံးဦး သောင်တင်နေတယ်။ အရက်ဆိုင်ရှင်ဟာ ဆဲဆိုရေရွတ်ပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်။ အရက်ဆိုင်ထဲမှာ ငြိမ်သက်သွားတယ်။ ပူပူလောင်လောင် အိုက်စပ်စပ် ဖြစ်လာတယ်။ မပြန်နိုင်သူသုံးဦးဟာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်နေတယ်။ သူ့ကိုငါ ဘာကြောင့်မြင်တွေ့နေရတာလဲ။ သူဟာ ငါ့ကို ရန်ပြုမယ့်သူလား။ သူဟာ ငါ့ရဲ့ မိတ်ဆွေလား။ သူဟာ ငါ့ကိုဖမ်းမယ့် ရဲသားလား။ စဉ်းစားရင်း ရီဝေလာတယ်။ ငါရောက်နေတာ ငါ့အိမ်ယာလား။ လမ်းဘေးတစ်နေရာလား၊ အရက်ဆိုင်ထဲမှာလား။ လက်ကျန်အသိတရားဟာ အရက်ဆိုင်ထဲမှာ အချည်းနှီးမျှသာ။ တစ်ခါတလေ ဘ၀ရဲ့ ဖြောင့်ဖြူးတဲ့ လမ်းမကြီးပေါ် ငါတို့လည်း လျှောက်ကြည့်မယ်။ ဒီတစ်ခါ တကယ်ပြတ်ပါပြီကွာလို့ မိန်းမလုပ်တဲ့သူကို ကတိပေးပြီးတော့ပေါ့။ နေပါဦး ငါတို့ဇနီးတွေ ဘယ်ရောက်ကုန်ပြီလဲ။ တစ္ဆေသရဲတွေ ဖြစ်ကုန်ကြပြီလား။ သူတို့ဟာ ငါတို့ကို စိတ်ဆင်းရဲအောင် အမြဲပြုလုပ်ကြတယ်။ ငါတို့ဟာ သူတို့ကို စိတ်ဆင်းရဲအောင် အမြဲပြုလုပ်ကြတယ်။ သူတို့ရဲ့ ငိုသံတွေဟာ ငါတို့ကို မူးယစ်မှုရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲ ဆွဲခေါ်သွားတယ်။ သူတို့ရဲ့ ဆဲဆိုသံတွေဟာ ငါတို့ရဲ့ မူးယစ်မှုကို ချာချာလည်စေတယ်။ သူတို့ရဲ့ ကျိန်ဆဲသံဟာ ငါတို့ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေတယ်။
ငါတော့ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေပြီ။ အရက်တစ်ခွက်ပေးပါ။ ငါတော့ ချာချာလည်နေပြီ။ အရက်တစ်ခွက်ပေးပါ။ ငါတော့ ချောက်ကမ်းပါးကြီးထဲကို တဖြည်းဖြည်း ကျဆင်းနေပြီ။ အရက်တစ်ခွက်ပေးပါ။ အရက်ဆိုင်ရဲ့ ပြတင်းတံခါးများအားလုံး ပိတ်သွားပြီဖြစ်သည်။ ပူလောင်အိုက်စပ်သော၊ အသက်ရှူ မ၀သော၊ အိမ်ကို မပြန်နိုင်တော့သော အရက်ဆိုင်ထဲမှာ ■

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s