လမ်းအိုလေး

Løøps of Resistance …

ဆာမူရိုင်းသီချင်း (ရောဘတ် ပင်းစကီး)

Leave a comment

အနန္တကို မလိုချင်ဘူး ကြာသာပတေးပဲ လိုချင်တယ် (ဇေယျာလင်း)

… လူသားအားလုံး တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြရတဲ့ ကျွန်တော့်ပုံစံ လောကဓံပေါ့။ ဘာလဲဆိုတော့ အဖော်မဲ့ အထီးကျန်ဖြစ်ရခြင်းနဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲချို့ငဲ့ခြင်းပေါ့။ ဒါတွေဟာ ဘယ်သူမဆိုရဲ့ ဘ၀တိုင်းမှာ တစ်နည်းမဟုတ်တစ်နည်း၊ အနည်းနဲ့အများ အခါးအနုအရင့် ကြုံကြရတာပါပဲလေ …

(ရောဘတ် ပင်းစကီး)

ငါ့မှာ အမိုးမရှိခဲ့တုန်းက
ရဲတင်းခြင်းကို ငါ အမိုးလုပ်ခဲ့တယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက
ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။

ငါ့မှာ မျက်စိမရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်
ငါ့မှာ နားမရှိခဲ့တုန်းက
ငါ စဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှု မရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။

ငါ့မှာ အဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းကို ငါ့အဖေလုပ်ခဲ့တယ်။
ငါ့မှာ အမေမရှိခဲ့တုန်းက
စည်းစနစ်ရှိခြင်းကို ငါထွေးပွေ့ခဲ့တယ်။

ငါ့မှာ မိတ်ဆွေမရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာ ငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူမရှိခဲ့တုန်းက
ငါ့ကိုယ်ခန္ဓာ ငါ ပြန်ဆန့်ကျင်ခဲ့တယ်။

ငါ့မှာ ၀တ်ပြုရာကျောင်း မရှိခဲ့တုန်းက
ငါ့စကားသံဟာ ငါ ၀တ်ပြုရာကျောင်း။
ငါ့မှာ ဘုန်းတော်ကြီးမရှိ
ငါ့လျှာဟာ ဓမ္မတေးသံစုံအဖွဲ့။

ငါ့မှာ ငွေကြေးမရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာ ဘာတစ်ခုမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။

လိုအပ်ချက်ဟာ ငါ့နည်းဗျူဟာ
သံယောဇဉ်ကင်းခြင်းဟာ ငါ့မဟာဗျူဟာ။
ချစ်သူရည်းစား မရှိခဲ့တုန်းက
ငါ့အိပ်စက်ခြင်းကိုပဲ ငါပိုးပန်းခဲ့တယ်။

(Samurai Song – Robert Pinsky / ဘာသာပြန် – ဇေယျာလင်း)

Samurai Song

When I had no roof I made
Audacity my roof. When I had
No supper my eyes dined.

When I had no eyes I listened.
When I had no ears I thought.
When I had no thought I waited.

When I had no father I made
Care my father. When I had
No mother I embraced order.

When I had no friend I made
Quiet my friend. When I had no
Enemy I opposed my body.

When I had no temple I made
My voice my temple. I have
No priest, my tongue is my choir.

When I have no means fortune
Is my means. When I have
Nothing, death will be my fortune.

Need is my tactic, detachment
Is my strategy. When I had
No lover I courted my sleep.

– Robert Pinsky

( အနန္တကို မလိုချင်ဘူး ကြာသာပတေးပဲ လိုချင်တယ် – ဇေယျာလင်း။ ဒီဇင်ဘာ – ၂၀၀၆။ နှစ်ကာလများ။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s