လမ်းအိုလေး

Løøps of Resistance …

ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ (မောင်ယုပိုင်)

Leave a comment

ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ထူးထွေဆန်းပြား ဂျိန်းစဘွန်းရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ရင်သပ်ရှုမောဖွယ် ကြယ်တာရာစစ်ပွဲရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ရင်တမမ ကြာပွတ်မင်းသားလူစွန့်စားရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဆာမူရိုင်းတွေဓါးသိုင်းတဲ့ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ကောင်းဘွိုင်တွေသေနပ်ချင်းယှဉ်ပစ်တဲ့ ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဆိုင်ကိုလူသတ်ကောင်ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ အံ့ဖွယ်သရဲ စူပါမင်း၊လင်းနို့လူသားနဲ့ပင့်ကူလူသား စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ သွေးစုပ်ဖုတ်ကောင်နဲ့မကောင်းဆိုးဝါးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ အနာဂတ်ကမ္ဘာမှစက်ရုပ်များအန္တရာယ်တော်လှန်ရေးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ မိတ်ဆွေဂြိုဟ်သား(သို့)ကမ္ဘာဖျက်ဂြိုဟ်သားအန္တရာယ်ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဘလက်ဟိုးနဲ့ပိုးတီကောင်တွင်းဖြတ်ပြီးသွားတဲ့ အာကာသခရီးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ မှော်လက်စွပ်နဲ့ဒဏ္ဍာရီခရီးကြမ်းရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဟယ်ရီပေါ်တာမှော်ပဉ္စလက်ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ကာရေဗီယံက ပင်လယ်ဓါးပြရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ သေနေ့စေ့ချိန်မှာ ကြံဖန်သေတဲ့ သေခြင်းကအဓိကဇာတ်ကောင်ရုပ်ရှင်တွေ ကြည့်တယ်
ရုပ်ရှင်တွေ ကြည့်တယ် ရုပ်ရှင်တွေ ကြည့်တယ် ရုပ်ရှင်တွေ ကြည့်တယ်….
တစ်ကားလျင် ပုံသဏ္ဍာန်တစ်မျိုးကျမို့
မရိုးနိုင်အောင် ရုပ်ရှင်တွေ ကြည့်တယ်။
ခေါင်းကိုင်ဖခင်ကြီးရယ် နေရာဆက်ခံမယ့်တပည့်သားမြေးတွေရယ် မိသားစုတန်ဖိုးရယ်
ဖြုတ်ထုတ်သတ်အကြံအစီရယ် တော်သူနေ မတော်သူသေရခြင်းရယ် လက်စားချေမှုသံသရာရယ်
ရိုးသားမှု၊ အမျှော်အမြင်ရှိမှု၊ လေးစားမှု၊ နားလည်သိတတ်မှုနဲ့ သစ္စာစောင့်သိမှုရယ်
ကောက်ကျစ်မှု၊ မိုက်မဲမှု၊ ရူးသွပ်မှုနဲ့ ပျော့ညံ့မှုရယ်
ဘုန်းတန်ခိုးသြဇာရယ် ဘုန်းတန်ခိုးသြဇာကျဆင်းချိန်ရယ်
ဘုရားသခင်ရယ် စစ်သေနတ်တွေရယ် သေခြင်းတရားရယ်
All in one
တစ်ကားတည်းမှာ အားလုံးပါရှိတဲ့
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်ရင် . . . . ။      ။

Src: MgYuPie @Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s