လမ်းအိုလေး

Løøps of Resistance …

နာတာရှည်ရဲတိုက် (ဇော်ယုအောင်)

Leave a comment

စန္ဒယားသံ (ဇော်ယုအောင်)

တောင်က တိမ်ကိုမြည်းတယ်
တိမ်က စမ်းချောင်းလေးကိုမြည်းတယ်။
ပင်လယ်က မုန်တိုင်းကိုမြည်းတယ်
မုန်တိုင်းက ကျောက်ဆောင်ကိုမြည်းတယ်။
ရထားက ဘူတာကိုမြည်းတယ်
ဘူတာက ခြေထောက်ကျွန်းတောကြီးကိုမြည်းတယ်။

လမ်းက ဖ၀ါးကိုမြည်းတယ်
ဖ၀ါးက ဆူးကိုမြည်းတယ်။
နွေက ပုရစ်နုကိုမြည်းတယ်
ပုရစ်နုက ကြွေရွက်ကိုမြည်းတယ်။
ဟိုတယ်တွေက မြို့ကြီးကိုမြည်းတယ်
မြို့ကြီးက လက်လုပ်လက်စားတွေကိုမြည်းတယ်။

အစာအိမ်က ဈေးကိုမြည်းတယ်
ဈေးက နံနက်ခင်းကိုမြည်းတယ်။
သံချွန်လေးက အမှိုက်ပုံကိုမြည်းတယ်
အမှိုက်ပုံက ရပ်ကွက်လေးကိုမြည်းတယ်။
အာရောဂျံက ကိုးဆယ့်ခြောက်ပါးကိုမြည်းတယ်
ကိုးဆယ့်ခြောက်ပါးက အထူးကုကိုမြည်းတယ်။

အမြည်းက အရက်ကိုမြည်းတယ်
အရက်က ရူးသွပ်ခြင်းကိုမြည်းတယ်။
ကဗျာက ဒုက္ခကိုမြည်းတယ်
ဒုက္ခက သစ္စာကိုမြည်းတယ်။
ကံကြမ္မာက ဘ၀ကိုမြည်းတယ်
ဘ၀က လောကဓံကိုမြည်းတယ်။

ရုပ်က နာမ်ကိုမြည်းတယ်
နာမ်က ၀ိမုတ္တိကိုမြည်းတယ်။
အနတ္တက အတ္တကိုမြည်းတယ်
အတ္တက စကြ၀ဠာကိုမြည်းတယ်။
အနိစ္စက နိစ္စကိုမြည်းတယ်
နိစ္စက နိဗ္ဗာန်ကိုမြည်းတယ်။

သွက်ချာပါဒလျှာတွေ
ရာစုဆီ ပျစ်ပျစ်လိမ်းကျံ
အုံကျင်းဖွဲ့ ကခုန်ပေါက်
ဆံပင်နက်ဖါးရဲတိုက်
တစ်ထိုင်တည်း မြည်းပစ်လိုက်ရင်း
ကဗျာဆရာက ပြောသွားချေရဲ့
ဝိုင်တောင်မလိုဘူးတဲ့။     ။

.
(စန္ဒယားသံ – ဇော်ယုအောင်။ စက်တင်ဘာ။ ၂၀၀၄။ နိဒါန်းသစ်စာပေ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s