လမ်းအိုလေး

Løøps of Resistance …

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) (သိုးထိန်း – အန္တိမ)

Leave a comment

by aNTIMa ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) - သိုးထိန်း (အန္တိမ)

အဲဒီတုန်းက ရပ်ရှားပြည်သူ ပြည်သားတွေနဲ့တွေ့ရဖို့က
ကြွက်တစ်ကောင်က အခြားကြွက်တစ်ကောင်ကို မေးဖို့လို ခဲယဉ်းတယ်။
တွေ့ခဲ့ရပါရဲ့
မျက်နှာချင်း မဆိုင်ပဲ ကွေ့ရှောင်သွားကြတဲ့ ရပ်ရှားပြည်သူပြည်သားတွေ
အမေးခံရတဲ့ကြွက်က မေးသူကြွက်ကို တုန့်ပြန်လိုက်တယ်
မေးသူကြွက်ရဲ့ ဦးခေါင်းပေါ်မှာ မော်စကိုမှာ ရပ်ရှားပြည်သူပြည်သား အစစ်တစ်ယောက်နဲ့ တွေ့ဖို့
လေဟာနယ်တွေ ပလုံစီသွားတယ်
မျက်နှာဖုံးစွပ်လို့၊ ထိုးဇာတ်ဘိုးအေ အပြုံးတွေနဲ့
အမေးခံကြွက်ဟာ ရေးလက်စကို ဒီလို ဆက်ရေးတယ်
တစ်ခါတစ်လေ မျက်လုံးထဲ လျှပ်တပြက်လက်ထပြီး
ချက်ချင်းပြည်ဖုံးကားလိပ် ချလိုက်သလို အဲဒီပိုးသတ်ဆေးလေးထဲမှာ ထလွင့်
ပျံလုမတတ် ရှဲကနဲ အမှောင်
ကျသွားမတတ် ပတ်ပတ်လည် မျက်နှာလွှဲသွားတာတွေ…
ရပ်ရှားသမိုင်း အစစ်အမှန်သိသူတွေ
မှောင်မည်းအေးစက် သမုဒ္ဒရာထဲ မြုပ်ကျနေတဲ့ တိုက်တင်းနစ်ပေါ်မှာ
တစ်ယောက်က ရူး၊ တစ်ယောက်က နှမ်း
အရေးပေါ် ကြေညာနေတယ်
အကောင်းပါ နေမကောင်းလို့ ဆိုပြီး…
ကိုယ့်ဘဝကိုယ်တောင် စီမံခန့်ခွဲဖို့ အတတ်ပညာလုံးလုံးမရှိတာ
ပြန်လာတော့ စိတ်ပါ မနှံ့တော့ဘူး
အနာဂါတ်ကို ပေးစရာ ဘာမှမရှိသလို သူ တွင်းတွေတူးနေတယ်
ဂေါ်ဗာချော့ဗ်ကို အာဏာသိမ်းတဲ့နေ့မှာ ဘာကိုမှ မတောင်းဆိုတော့ဘူး
ကျည်ပေါက်တွေနဲ့ ဦးခေါင်းရိုးတွေ၊ လောက်စား ဘွတ်ဖိနပ်တွေ
အကယ်၍ နောက်ရာသီမှာ လူဖြစ်ခဲ့ရင်ပေါ့
၁၉၄ဝ စတာလင်ဆိုင်းထိုးလိုက်တဲ့ သေတွင်းတွေ
၁၉၈ဝ ဝန်းကျင် ပို့စ်မော်ဒန် ဆင်ဆဘစ်လစ်တီ လှုပ်နှိုးဖို့ ကြိုးစားခဲ့တဲ့
ကေဂျီဘီတပ်မှူး အလက်ဇန္ဒားထံ အမိန့်
ကဗျာစမ်းသပ်မှု တူးဖေါ်ခြင်းအားလုံး ချက်ချင်းရပ်တန့်ရန်
Valiumရဲ့ မူလအဓိပ္ပါယ်ဟာ ကျန်းမာသန်စွမ်း…
အလက်ဇန္ဒား ဆက်တူးတယ်
ကစားနည်းရဲ့ စည်းကမ်းတွေ
အတိတ်ကို ပြန်မသွားတော့ဘူး
ဆစ်ဂနီဖိုင်ရာတွေရဲ့ အရိုးကြွင်းအကျန်တွေ၊ ပူးတွဲ ဗလာအောင်ပွဲတွေ
တော်တော်လည်း အားအားလျားလျား လူချမ်းသာတွေ
စတာလင်ရဲ့ အတွင်းစည်း လူယုံတွေ
စိတ်ဖိစီးမှု ပိပြားတဲ့ လယ်ပိုင်ရှင် အချို့၊ ဆန္ဒမပြည့်တဲ့ လယ်လုပ်သူ အချို့
ခန္ဓာ လက်ခံလွယ်တဲ့ဆေး၊ မျှော်လင့်ချက်လိုလို ပေးတဲ့ဆေး
အရေးကြီးတာက သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု
လူပဲ…အကြောင်း အမျိုးမျိုးနဲ့ သေမှာပေါ့
ဒါကို မူလအမှတ်စက်အဖြစ် ပြန်ယူလတ်သော်
မော်စကိုမြို့ရဲ့ အခမ်းနားဆုံး ဝတ်ပြုကျောင်းတွေထဲက တစ်ကျောင်းကို
ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပစ်လိုက်သူ၊ ယုတ်မာပက်စက်တဲ့သူ
အကယ်၍ ဒီကိစ္စဟာ မှန်ကန်ပြီး ကိုယ်တွေ့မြင်ဖူးချင်လို့
သူဘာတွေ နောက်ထပ် လုပ်ခဲ့သလဲ
အစက်အပြောက်က အစ အနက်ကောက်လို့ရတဲ့
အခြား အခြားသော အဓိပ္ပါယ်များဆီ လျှံထွက်မှုတွေ
အရေပြား ပျော့တွဲတွဲနဲ့ လူ့ဘီလူးကြီး ထောင်ဝန်ထမ်း နီကိုလိုင်
ကဗျာ မဆန်ဆုံး ဂူလာ့ဂ် (Gulag) အကျဉ်းစခန်းကြီးတွေရဲ့ ခေတ်မစားတော့တဲ့
အမှတ်ရမှုတွေ တွေ့လား အဲသလောက် မဆိုးပါဘူး
ဟော…ဟိုမှာ…အကျဉ်းသားတွေအတွက် ဖတ်လိုက်ရင် ပဲ့ကျသွားမယ့် နိမိတ်ပုံ ဆွေးဆွေးတွေ
ခရိုအေးရှား စစ်ပွဲတုန်းကလည်း နှင်းနဲ့ ရွှံ့ဖုံးနေတဲ့ မြေကွက်လေး
ခင်ဗျားတို့ဆီမှာတောင် ဒီလောက်ကောင်းတာ မရှိဘူး မဟုတ်လား
စတာလင်ရဲ့ စတာလင်ဝါဒီမြေး ဂျူဂါရှဗီလီ
“ကျွန်တော့်ကို ပြောကြတယ်သိလား။ စစ်ဟာ လူတိုင်းအတွက် ဆိုးဝါးခဲ့တာ မဟုတ်ဘူး။”
ဘာသာစကားထပ်ဖန်တလဲလဲ မက်နေတဲ့ အိပ်မက်ထဲမှာ
ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ ဖြစ်နေတာကို
ကျွန်တော် ရှက်လွန်းလို့ နာမည် ပြောင်းလိုက်တယ်
ခေါင်းဆောင်တော်ကြီး ဘရက်ဇညက်ဗ်
ဘာကြားခံသိမှ မရှိတဲ့ ရိုးအစွာ ဖတ်မှုနဲ့ လက်စွပ်တစ်ကွင်း
ကျွန်တော် ဆက်သဖူးတယ် ဝန်းရံထားတာက ကျောက်ငယ် ၁၅ လုံး
“ပါတီကျဆုံးပါစေ၊ ဂေါဗာချော့ဗ် ကျဆုံးပါစေ”
ခံစားချက် ဖွင့်ဟဖော်ထုတ်မှု သီအိုရီအသုဘမှာ ဝေတဲ့ ယပ်တောင်ပေါ် အရေးအသားက
“ကျွန်တော်တို့ တစ်သက်လုံး ယုံကြည်ခဲ့ကြတာ ဓနရှင်ဝမ်းထဲက ကွန်မြူနစ်လူ့အဖွဲ့အစည်း ပေါက်ဖွားရမယ်။”
ဘောရစ္စယဲ့တ်ဆင် မြင်သွားတာက ဆိုဗီယက်ယူနီယံ ဝမ်းထဲက ရပ်ရှားပြည် ပေါက်ဖွားဖို့
အခန်းကျဉ်းလေး တစ်ခန်းထဲမှာ ဆိုဗီယက်ဆိုတာကို မကြားချင်တဲ့အဆုံး
မော်စကိုမြို့မှာ တယ်လီဖုန်းလိုင်းတွေ ဘာလို့ မဖြတ်တောက်ခဲ့တာလဲ
ဆိုဗီယက်ခြံစည်းရိုးမှာ ပန်းပျိုးသူဟာ အကုန်သိ အကုန်တတ် အာဏာအဖွဲ့အစည်း
စတာလင် ဆိုင်းထိုးလိုက်တယ်… “သေဒဏ်”
စာသားတစ်ခုရဲ့ အပိုင်းအစတွေဟာ အခြားစာသားတွေထဲမှာ ရှိနေပြန်ရော
ဆိုတော့ကာ … ။

မှတ်ချက်။  ဇေယျာလင်းတငြိမ့်ငြိမ့် ဒွန် ဆီသို့ တစ်ခေါက် (ကီလီမန်ဂျားရိုး) နှင့် ကြွက် အမေးအဖြေ (ကဗျာဆိုတာ ပြုလုပ်ခြင်း) တို့ကို intertextualize လုပ်ပါသည်။

Mirrored: panties.pemskool.org

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s