လမ်းအိုလေး

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

ပုံပြောသူအောင်ချိမ့်ထံသို့အရောက် (ဇေယျာလင်း)

Leave a comment

တုံးအောက်ကဖား
တုံးဖြစ်သွား
တုံးကားဖားပျံဖြစ်သွား၏
– ၁၄ရာစု တရုတ်ပုံပြင်

အဲဒီအလင်း တလှပ်လှပ်မြည်နေတဲ့ အဆောက်အဦပေါ့
စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာသွားဝင်ကြည့်ကြစို့
ဟိုးအပေါ်ဆုံး အမိုးပြားပေါ်က ဆုံလည်စားသောက်ဆိုင်ကကြည့်ရင်
ကိုယ်မြင်ချင်တဲ့ မြို့တစ်မြို့လုံးကို ဟိုးပင်လယ်ကွေ့ထဲထိ မြင်ရသတဲ့

စင်ရော်အချို့ ပျံသန်းရင်းက ပြန်လာတယ်
သတင်းထူးကို အာဂုံဆောင်တာ မြိုချမိတဲ့ရုပ်မျိုးနဲ့
သခင့်မျက်နှာမော့ကြည့်တာ အားရရနဲ့ ၀ခဲ့ကြပေါ့
ဒီဝဋ်ကြွေးကို ဘယ်လောက်အထိ သာယာရမယ်သူငေးရှာတယ်

ကောင်းကင်စိမ်းပြာမှာ မျက်ရည်စက်ကြီးနီတာရဲလို့
ပြီး တဖြည်းဖြည်းနုရွလာတယ်  …  အရည်ကျဲလာတယ်
စုဝေးထားတဲ့နေရာရဲ့ စက်ဝိုင်းထဲသတ်မှတ်ချက်ထက်အံကိုက်
မိုးပွင့်ရောင်စုံလေးတွေ လေထီးနဲ့ ဆင်းသက်လာကြတာ

သြဘာမစဲတသဲသဲပဲ  …  လက်ဟောင်းကြွေလို့ လက်သစ်ဝေကြ
ကောင်ကလေးက သူ့နှလုံးသားထုတ်၊ အဖုံးကိုလှည့်ပြီးဖွင့်လိုက်တယ်
လိုရာသုံးကြိယာတစ်လုံးဟာ ဥနှစ်လိုဝင်းပကောင်မလေးမျက်နှာ
သင်္ချာတစ်ပုဒ်လို မွှေးရနံ့တလူလူမြူမြူမြူလားတယ်ဒါဟာအချစ်

လား(ရာတွေရုတ်ခြည်းပြောင်းသွားတယ်
ဂျောင်းဂျောင်းမြည်နေတဲ့စက်ဟာ ရုတ်ချည်းတိတ်
တိတ်ဆိတ်မှုကြီးဟာ ရုတ်ချည်းကျယ်ပြန့်သွား
အားလုံးဇက်ကျိုးအိပ်မောကျသွားပေါ့ တခူးခူးတခေါခေါ)

အိပ်မွေ့ချသံစဉ်ဟာ ပင်လယ်လိုမြင့်တက်လာတယ်
ယူပါဆွတ်ပါကြည်ဖြူပါတယ် မပြောရုံတမယ် ကမ်းစပ်တွေ
ကုန်းမြေတွေ မြို့တွေ ရွာတွေ ဟိုခြေဆာနေတဲ့ကလေးပါ ရေအောက်ဆင်းသွားကြ
ကမ္ဘာသစ်ကိုတွေ့ရှိကြတယ်ပကတိငြိမ်းချမ်းတဲ့ စက်ရုပ်ငါးတွေ

မှန်ရှေ့မှာ သူ့ကိုယ်သူလက်ဆွဲနှုတ်ဆက်နေတဲ့လူ
ဖန်ခွက်ထဲက စကားတွေကိုသွားတုစစ်စစ်လို ကောက်တပ်လိုက်တယ်
သူ့အပြုံးကိုစမ်းလိုက်တော့ ခုနှစ်လီခုနှစ်ခါနေ့တွေသာသွားတယ်
ကျွန်တော်တို့ဒီထက်ကျန်းမာဖို့ဟိုအဝေးမှာ မျက်စသဲ့သဲ့ပစ်လာတယ်

‘ငါးဝေလ’လို့အမည်ပေးထားတဲ့လိပ်ပြာကလေး (သင့်) အိပ်ရာဘေးမှာ
အထုပ်ကလေးချသွားတယ် တနေရာရာမှာ ရေတတောက်တောက်ကျသံနဲ့
နေထိုင်ခြင်းမှာ အသက်အောင့်လေ့ကျင့် သင်ဝါရင့်လာတဲ့အခါ
သင်္ကေတတွေဟာနေ့ညတွေလို အလိုလိုပြယ်သွားကြသည်သာ
မင်္ဂလာပါ။      ။

၁၊ ဇူလိုင်၊ ၂၀၀၄
ဟန်သစ်မဂ္ဂဇင်း


(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s