လမ်းအိုလေး

Løøps of Resistance …

တမန်တော်တံဆိပ်အချိုရည် ခင်ဗျားအတွက် (အောင်ပြည့်စုံ)

Leave a comment

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

အမောပဲ။ အဖေ့သူငယ်ချင်းက ဘာပဲလုပ်လုပ် အဖေ့ကို ခိုးခိုးလုပ်တယ်။
လျှို့ဝှက်တယ်၊ ကျွန်တော့်သူငယ်ချင်းက ဘယ်မိန်းကလေးနဲ့မှ
မအိပ်ဖူးသေးဘူး အမောပဲ၊ ခိုးကြောင်ခိုးဝှက်နဲ့သူက အဖေ့ထက်သာအောင်
အတင်းတိုးတိုးနေတယ်၊ အနောက်ကို

ရိုင်ဖယ်သုံးလက်အင်္ကျီတစ်ထည် ၀ယ်လာတယ် ၀တ်ကြည့်မလား
အသားကောင်းတယ် မပြောချင်တော့ဘူး အဖေ့သူငယ်ချင်းက
သီချင်းလေးတအေးအေးနဲ့ ပစ်သတ်တယ် စကားကမြန်မြန်။ ကမန်းကတမ်း
ရုတ်တရက် ဆန်သည်။ လောလော လောလော လုပ်၏

ချာချာလည်နေသော မီးလောင်အားကောင်းသော ခေတ်တစ်ခေတ်၏
ပုလင်းဖုံးများကိုဖောက်ရန် ဖောက်တံများများလို၏။ စက်တင်ဘာလအတွက်
လစဉ်ကုန်ကျစားရိတ်များ နှုတ်ထားသောစာအုပ် ပျောက်နေလေသည်။
လေသေနတ်ပစ်နည်း၊ အဖေ့သူငယ်ချင်းအကြောင်း၊ ဟင်းချက်နည်း၊
အဲ့သည့်စာအုပ်ထဲမှာ တစ်ချို့ပါ၍ တစ်အိမ်လုံးရှာကြတယ်
အိမ်ထောင်သက် သုံးဆယ်ကျော်ကျော်ကြာမှ အမေကပြောတော့
အဖေ့စိတ်ကို

ကျွန်တော့်သူငယ်ချင်း ကလိန်ကျတယ်ဆိုတာ သိရတာ။ ကျွန်တော်
မြို့ထဲထွက်သွားတယ်၊ ကျွန်တော် ရုပ်ရှင်ဝယ်လာတယ်၊ ကျွန်တော်
ဖက်ရှင်မဂ္ဂဇင်းလှန်တယ်၊ အင်္ကျီတစ်ထည် ၀ယ်လာတယ်၊ ဒိုးနပ်တစ်ဘူး
လှိုင်သာယာကို ဖုန်းဆက်တယ်။ ပိုးသတ်ဆေးအပြည့်နဲ့ ဆေးဝင်ဝယ်တယ်
ဆေးကတ်ထဲမှာ ဆေးတောင့်တွေမရှိတော့ဘူး။ နဂိုကတည်းက မပါလာတာ
မျဉ်းဝါက လမ်းဖြတ်ကူးတယ်၊ စာအုပ်ဆိုင်တွေထဲက ထွက်လာတယ်၊
၄၇လမ်းဝင်တယ်၊ ညနေငါးနာရီခွဲတော့ အိမ်ပြန်ရောက်တော့မှ
ကျန်ခဲ့တာ ဘာလဲဆိုတာ ဦးထုပ်တစ်လုံး ဆောင်းလာရန် နေပူသည်။
မပူသည်။ ကျွန်တော့်သူငယ်ချင်းက ကျည်မထိုးရသေးဘူး
သူ့မိန်းမနဲ့ တိုင်ပင်လိုက်ဦးမယ်လည်း ပြောတယ်။ အထုပ်အပိုးတွေနဲ့
အပိုးအထုပ်တွေလည်း ပါတယ် ကျွန်တော့်အဖေသူငယ်ချင်းက သူ့မှာ
မိန်းမရှိတာ သူ့ကောင်မလေး မသိသေးဘူး ခဲရာခဲဆစ် လုပ်ထားတာတဲံ
သူသနားလို့အားပေးရင်း သူ့ကုတ်ပေါ် ခွထိုင်တယ်။

တကယ်ဆို သူလူရွှင်တော်ဖြစ်ရင်ဖြစ်နေမှာ၊ အခုတော့။ ဘုရားသွားနေတယ်
ကျောင်းတက်နေတယ်။ ခေါင်းလောင်းထိုးပြီး ရပ်နေတယ် ပြီးတော့
ခိုစာကျွေးတယ် ဆုတောင်းတယ် ပါးစပ်က ပွစိပွစိနဲ့
ပေသီးဟာ လက်ထဲမှာ စနစ်မကျဘူး။

မတ် ၂၀၀၅

.
(တစ်ယောက်ချင်း – မောင်ပြည့်မင်း၊ အောင်ပြည့်စုံ။ နှစ်ကာလများ – စက်တင်ဘာ၊ ၂၀၀၈။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s