လမ်းအိုလေး

Løøps of Resistance …

သူတို့ရဲ့ အမှန်တရားက ဗလပိုတောင့်လေသလားမသိ (ကဲဆုသာ)

Leave a comment

သူတို့ရဲ့ အမှန်တရားက ဗလပိုတောင့်လေသလား မသိ (ကဲဆုသာ)

အခြားတစ်ခုခုကို အမှန်တရားလို့ သူတို့က အမည်ပေးလိုက်တာကနေ စခဲ့တာပါပဲ ။ အဲဒီကိစ္စမှာ ပါဝင်ခဲ့သူတွေက သူတို့ကိုယ်သူတို့ အသာလေး ၀ှက်ထားလိုက်ကြတယ် ။ ဆိုကရေးတီးလောက် တာဝန်မဲ့တာ မရှိဘူးလို့ ကျွန်တော်ကပြောရင် ဘယ်လိုထင်မလဲ ။ အမှန်တရားအတွက် အသက်ကို ဆန့်ထုတ်ပေးရမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ်။ သေပေးရမယ်လို့ မယုံကြည်ဘူး ဆိုကရေးတီးလိုမျိုး။

မနေ့က ကို ဘယ်သူတွေ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြသလဲ၊ ကျွန်တော်ကိုယ်တိုင်ကော၊ သိပ်ပြီး ဝေးလွန်းရင်လည်း မမြင်ရပြန်ဘူး၊ နီးလွန်းတော့လည်း မျက်စိလျှမ်းပြန်တယ်။ အဲဒီလိုကြောင့်ပဲပေါ့၊ ကျွန်တော်တို့ နဲ့ ခုတွေ အကြိမ်ကြိမ် အလီလီ လွဲလွဲနေရတာ။  နောက်တစ်ခေါက်ပေါင်းလည်း မနည်းတော့ဘူး ထင်တယ် ဆရာစိုင်းခမ်းလိတ်ရေ။

အရင်က ဟိုနေရာလား ခုဘယ်ရောက်သွားပါလိမ့် ဆိုတာမျိုးလား ယုံကြည်ခြင်းတွေ သဲထဲမှာ ခပ်တည်တည်စိုက်ထူထားတဲ့ အလံတိုင်တစ်တိုင်လိုထက် ဘာပိုမှာတဲ့လဲ။ လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင်တဲ့ လွတ်လပ်မှုကို ဒီနေ့ဒီနေရာမှာ တည်ခင်းရအောင်။

ပြီးရင် ငပလီ၊ မောင်းမကန် စတာလိုမျိုးနဲ့ ခပ်ဆင်ဆင်တူတဲ့ တစ်နယ်တစ်ကျေးကို သွားကြမယ်။ ကျွန်တော်တို့ ခမ်းနားလိုက်ကြတာပေါ့ လေဘာတီရုပ်တု၊ သံလွင်ခက်၊ ဓူဝံကြယ်လိုမျိုး။

ပြီးပါပြီ စာတမ်း မထိုးသေးဘူး ။

.

Source:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s