လမ်းအိုလေး

Løøps of Resistance …

စာမျက်နှာအခက်အခဲ (ကြည်ဇော်အေး)

Leave a comment

ကိုယ့်မှာစာမျက်နှာ အခက်အခဲရှိပါတယ်
ကိုယ့်သူငယ်ချင်းတွေမှာလည်း ထိုနည်းလည်းကောင်းပါဘဲ
စားဝတ်နေရေးအခက်အခဲရှိတဲ့အခါ
လင်မယားရန်ဖြစ်ကြသလို ကိုယ်တို့
သူငယ်ချင်းတွေလည်း
စာမျက်နှာအခက်အခဲရှိတဲ့အခါ ထိုနည်းလည်းကောင်းပါဘဲ
စစ်ရှုံးတဲ့အခါ
ကိုယ်တုံးလုံးချွတ်ရေချိုးပစ်လိုက်လို့ရပေမယ့်
စာမျက်နှာအခက်အခဲရှိတဲ့အခါ
ရေချိုးခန်းမှာလည်း ရေကမလာတော့ပါဘူး
စာမျက်နှာအခက်အခဲတွေကို မီးရှို့ကြည့်လိုက်ရင်
တဖျစ်ဖျစ်မြည်နေတဲ့ ၀ါကျတွေကိုတွေ့ရမှာဖြစ်ပြီး
စာမျက်နှာအခက်အခဲတွေကို ခွဲစိတ်ကြည့်လိုက်ရင်
တဆတ်ဆတ်တုန်နေတဲ့ သွေးကြောတွေကိုတွေ့ရပါလိမ့်မယ်
စာမျက်နှာအခက်အခဲတွေနဲ့ ဆက်ဆံရတာဟာ
တစ်ခါတစ်ရံပျော်ဖို့ကောင်းပြီး
ဥာဏ်ရည်ထက်မြက်စေပါတယ်
စာမျက်နှာအခက်အခဲတွေဟာ
အံဆွဲတွေထဲမှာ နေထိုင်လေ့ရှိကြပြီး
ကိုယ်တို့ရဲ့ ကျွမ်းကျင်လိမ္မ္မာမှုကို စောင့်မျှော်နေတတ်ကြပါတယ်

စာမျက်နှာအခက်အခဲတွေထဲမှာ
ဖားပြုတ်တစ်ကောင်ဟာ ဖားပြုတ်တစ်ကောင် မဖြစ်နိုင်ပါ
ဘလိတ်ဓားတစ်ချောင်းဟာ ဘလိတ်ဓားတစ်ချောင်းမဖြစ်နိုင်ပါ
စာမျက်နှာအခက်အခဲတွေထဲမှာ
စန္ဒရားတီးနေတဲ့ လက်ချောင်းတွေနဲ့
တယောထိုးမပျက်တဲ့လက်ချောင်းတွေနဲ့
မတူညီမှုကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်
စာမျက်နှာအခက်အခဲတွေဟာ
မွေးမြူးရေးငါးတွေကို ရယ်သွမ်းသွေးနေတတ်ကြပြီး
အမြစ်က ကျွတ်ထွက်သွားတဲ့ အသက်တွေအတွက်
ပူဆွေးနေတတ်ကြပါတယ်
စာမျက်နှာအခက်အခဲတွေကို တူးဆွကြည့်ပါ
ပွတ်တိုက်ကြည့်ပါ
စာမျက်နှာအခက်အခဲတွေဆီ ရောက်အောင်သွားတဲ့
နည်းစနစ်တွေရှိပါတယ်
စာမျက်နှာအခက်အခဲတွေအတွက်
ကိုယ်တို့ဖန်ခွက်ချင်း ထိခတ်လိုက်ကြပါစို့။ ။

(ပထ၀ီအနေအထား – ကြည်ဇော်အေး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s