လမ်းအိုလေး

Løøps of Resistance …

မိုးတွေက တဖွဲဖွဲ မီးညွှန့်တွေ (မိုးဝေး)

Leave a comment

Blue Dimensions - Peter Dranitsin

Blue Dimensions - Peter Dranitsin

ဖြစ်စဉ်အတိုင်းတော့ အနုပညာမှာ
ငါရယ် လူတွေ တအားသုံးကြတဲ့အမှန်တရားရယ်
နှောင်းအနုပညာရှင်တွေ ပြောတဲ့ ဘာလဲ အမှန်တရား ဆိုတာရယ်
တစ်နေ့တွေ့ကြလိမ့်မယ်။ ဒီလိုပဲ လိုတဲ့အခါ အသုံးပြုကြဖို့ပဲ မဟုတ်လား
အမှန်တရား မလိုတော့တဲ့အခါ မလိုသလိုပေါ့
သမိုင်း မလိုတော့တဲ့အခါ မလိုသလိုပေါ့
သိစိတ်ရဲ့ အတွင်းပိုင်းထိ မလိုတော့တဲ့အခါမျိုးတွေမှာ
မိတ်ဆွေ၊ အခု ခင်ဗျား အဆင်ပြေတယ်မို့လား
ကျွန်တော့်ကိုမေ့ထားလိုက်ပါ။

သမိုင်းပြီးဆုံးသွားတဲ့အထဲမှာ ကျွန်တော် ပါသွားလို့ပါ
ကျွန်တော် ပြန်လာခဲ့ပါ့မယ်။
လစ်ရစ်ကဗျာတွေ အခု ကျွန်တော် ရေးနေပါတယ်
မိတ်ဆွေတို့ရဲ့ ရှိမှု/သိမှုနယ်ပယ်ထဲ
ကျွန်တော်တို့ မ၀င်ရောက်နိုင်သလို
မိတ်ဆွေရဲ့ ပုံကြမ်းကိုလည်း ဖမ်းဖို့ မကြိုးစားပါ
ဖြစ်စဉ်တိုင်းဟာ အနုပညာ မဟုတ်ပါလို့
ကျွန်တော်ကတော့ ယူဆတယ်
တစ်နေ့ကြီးပြင်းလာကြတဲ့အခါ
လမ်းတွေပေါ် ရောက်ချင်ရောက်လာလိမ့်မယ်
ချိုင့်ခွက်တွေ ခုန်ကျော်မိရင် မိမယ်
ပြေးကြဟေ့ ဆိုရင် ပြေးကြ
ဝိုင်းကြဟေ့ဆိုရင် ၀ိုင်းကြ
ကိုယ့်လက်ဖ၀ါးပေါ် ကိုယ့်တစ်တောင်ကိုယ်ထောက်ပြီး
ငေးငေးငိုင်ရတဲ့တစ်နေ့မှာ နောက်တစ်နေရာမှာ ပြန်တွေ့ကြတဲ့အခါ
မိတ်ဆွေတို့ ဖြတ်သန်းခဲ့တာတွေ ပြန်ပြောမိရင်ပြောမိကြမှာပေါ့
အဲတော့မှ ကိုးကားစရာ အချက်အလက်တွေထဲ
ခင်ဗျားတို့ ကျွန်တော့်ကို မျဉ်းသားမိရင် မိလိမ့်မယ်လေ
ပျော်ပျော်ပါးပါးပေါ့။

(၇-၆-၂၀၁၁)

Source: MoeWay @Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s