လမ်းအိုလေး

Løøps of Resistance …

နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး (နေမျိုး)

Leave a comment

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက်ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တ၀ီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ
မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့
ခက်ခဲသော ငါတို့အကြောင်းတွေရဲ့
အစပေါ့ … ။      ။

2003.2.26
အိမ်မှာ ကျွန်တော်မရှိခိုက် စာတိုက်မှ အမြန်ချောနှင့် စာအုပ်တစ်အုပ်ရောက်လာသည်။ ရန်ကုန်မြို့ ရနံ့သစ်မဂ္ဂဇင်းတိုက်မှ ဖြစ်သည်။ အမြန်ချောစာအိတ်ကို သူက လက်မှတ်ထိုး၍ယူထားလိုက်သည်။ စာအိတ်ကိုဖွင့်၍ စာအုပ်ကိုလှပ်လိုက်တော့ အထဲမှာ စာမူခပါပါလာသည်။ ပျော်ဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု အိမ်မှာရောက်နေပြီဆိုတာကို မသိသေးဘဲ အပြင်မှ ကျွန်တော်ပြန်ရောက်လာသည်။ သူက အစ်မကြီးတစ်ယောက်လို တည်ငြိမ်မှုမျိုးနဲ့ ကျွန်တော့်ကိုအမြဲတမ်း စောင့်ကြိုတတ်သူဖြစ်သည်။ ကျွန်တော့်ဝင်ငွေကို အကောင်းဆုံး စီမံခန့်ခွဲသူ ဖြစ်ရုံမက ဘ၀၌ ကျွန်တော့်ကို ပို၍လေးနက် သူ ဖြစ်စေခဲ့သည်။ အကျပ်အတည်းများကြား၌ အတူတကွရှင်သန်ခဲ့ရ၊ ပျော်ရွှင်ခဲ့ရပုံတွေသည် ယခုထိ ရှင်သန်နေသော ပုံရိပ်များဖြစ်သည်။ ကျွန်တော် အစားမှား အစာအိမ်အချဉ်ပေါက်ပြီး ၀မ်းဗိုက်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာလာသောနေ့က စိုးရိမ်ကြီးစွာဖြင့် ဆေးခန်းကိုပို့ခဲ့ပုံမှာ တသဖွယ်ပင်။ ဆေးခန်းကအပြန်မှာ တစ်ကိုယ်လုံးချမ်းတုန်ကာ နေလို့ ချစ်ဇနီး အစ်မ မ၀င်းမေက ကျွန်တော့်ကိုကောင်းစွာ ဖေးမခဲ့ပေသည်။ ။

Source: မ၀င်းမေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s