လမ်းအိုလေး

Løøps of Resistance …

အခုလိုလုပ်ခဲ့တဲ့အကြောင်းများ (လူဆန်း)

Leave a comment

ဖေဖေ အရင်လိုပဲ အိမ်ပြန်လာပြီး ဘီဒိုထဲက သူ့စိတ်ကြိုက်အခွေ ကြည့်ဖို့ တယ်လီဗစ်ရှင်ကို လှည့်ထားတယ်။ ငါ့ညီမကလေးတွေ အရင်လိုပဲ ဖေဖေ့ဆီ စပ်စုကြပြီး။ အချိန်တန်တော့ ပြန်ဝင်လာကြတယ်။ ငါ့ညီမထွေးလည်း ရောက်နေပြီး အရင်လို မျက်ရည်တစ်စက်စက်ပြောတယ်။ ငါမတတ်တဲ့ ပြင်သစ်မဂ္ဂဇင်းထူထူကို လှန်ကြည့်နေရင်း ပွဲတော်ပျော် ပက်လက်ကားတစ်စီးရဲ့ အပြန်ဖြတ်သွားသံ ကြားရတယ်။ ပြင်သစ်စာ ဆရာမလေးက ရေခဲသေတ္တာထဲက ရေပုလင်းကို ဖန်ခွက်ကိုင်ရင် ထိုစကားလုံးအတွက် အရင်ကလိုပဲ သုံးဆတစ်ဆ ပြောတယ်။ သမီးကလေးက အိပ်ရာထဲက ခုန်ထအပြီး။ ရေအိမ်ဆီ ခုန်ဆွခုန်ဆွပြေးကာ တော်တော်နဲ့ မရောက်ရှာဘူး။ သူ့အမေလည်း အရင်လို ထလိုက်သွားတယ်။ ရုပ်ရှင်ကားတစ်ကားအတွက် တစ်မြို့လုံး ခြိမ့်ခြိမ့်တိုးနေတယ်။ ဖေဖေ အရင်ကလိုပဲ ကလေးတွေကို လက်ဆောင်ပန်းအိုး ၀ယ်ပေးဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူမတတ်နိုင်ပါဘူး။ ကားလမ်းကူးတော့ ကလေးတစ်ယောက် လမ်းပေါ်ကျနေတာနဲ့ အရင်လိုပဲ ပလက်ဖောင်းပေါ် ငါပြန်ကောက်တင်ခဲ့တယ်။ အကျင့်ပါနေသလို တဖျတ်ဖျတ် ငါလန့်နိုးနိုးနေရင်း သတိတရ။ ဓာတ်ပြားကို အစက ပြန်ပြန် ဖွင့်ဖွင့်ရတယ်။ ဓာတ်ပြားပြီးတာ ဒီတစ်ခါ အရင်လိုပဲ မြန်လွန်းတယ်။ ငါ့ညီမတွေကို အရင်လို ကြည့်မြင်တိုင် နယ်မြေ-၃ အဆောက်အဦပုံစံ ဘလူးပရင့် အခြေခံရှင်းပြတယ်။ တစ်နှစ်သား-သားက နားထင် အဆမတန် ကြီးမားနေပြီး ငါ့ရေဒီယိုကို တစ်စစီ စားလိုက်တာ ကြိုးနဲ့ဘီးလုံးလေးတွေပဲ ကျန်ရစ်တယ်။ ထမင်းဆာလို့ ရေနွေးအိုးကြီး လေးအိုးသောက်တဲ့အကြောင်းကို လှိုဏ်သံသြသြ စက်ရုပ်သံနဲ့ ရှင်းပြတယ်။ ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်က သားကို တောသားဘဲတွေအဖွဲ့ထင်ပြီး စားပွဲမှာ အနိုင်ကျင့်တဲ့ အသုံးအနှုန်းကြောင့် ငါဝင်သွားရတယ်။ သားရဲ့ပါးစပ်ကို ဖြဲကြည့်တော့ သွားတွေစုံလင် လတ်ဆတ်လို့ ဂျာကင်နဲ့ ဘွတ်ဖိနပ်နဲ့ တကဲ့ကို ဖရက်ရှာ ဖြစ်နေတယ်။ ကြီးမားတဲ့ ဒီကောင့်ခေါင်းကြီးကို လက်သီးနဲ့ ထုမှ အေးအေးဆးဆေး ပြောတာလုပ်တယ်။ နောက်ထပ် ဟောခန်းတစ်ခုထဲ ၀င်ကြရတယ်။ ဟောခန်းထဲက စတိုးဆိုင်မှာ ကျည်ကာအင်္ကျီကို အိမ်တွင်းသုံး လက်ဝှေ့အားကစားအတွက် ရောင်းချလို့ ၀င်စမ်းသပ်တယ်။ ဒီပိတ်စမျိုး ဦးသိမ်းဖေမြင့်အိမ်မှာ ရတယ်လို့ ငါ့ကိုမှတ်ပုံတင်နဲ့ ကတ်ပြားစာအုပ်နီ ကိုင်တဲ့ လူတစ်ယောက်က ပွဲစားလိုစကားပြောတယ်။ ဘေးကလူငြင်းတာ မသဲကွဲလိုက်သံ ကြားရတယ်။ ဘူတာထဲ ကြည်း၊ ရေ၊ လေ ရထားစောင့်ခရီးသည် မိသားစုတွေဆီ ငါထွက်လာပြီး လက်ဝှေ့ပိတ်စအကြောင်း ဈေးမေး စနည်းနာတယ်။ သင်တိုင်းတွေလိုပါပဲ။ သက်တောင့်သက်သာ ချည်ထည် ပြောက်ကျားရောင်စုံတွေသာ သူတို့ဝတ်ဆင်ကြောင်း ယူနီဖောင်းဝတ် တစ်ယောက်က ၀င်ပြောတယ်။ မိန်းမကို နောက်ထပ်သားတစ်ယောက် ယူဖို့ပြောတော့ သူမ ပခုံးတွန့်ရုံပဲ တတ်နိုင်တာ သိရတယ်။ ဒါငါ မေမေ့ကို တိုင်ပင်ကို တိုင်ပင်ရမယ့် ကိစ္စပဲဆိုပြီး ညတွင်းချင်းချင်း အရင်လိုပဲ ထိတ်ထိတ်ပြာပြာ သေသပ်စွာ နိုးထနိုင်ခဲ့တယ်။ နောက်ပြီး ကိုယ့်ဟာကိုယ် သဘောကျလွန်းလို့ အခုလို လုပ်ကြည့်မိလိုက်တယ်။

(ရေးသူလူဆန်း – လူဆန်း။ နှစ်ကာလများ – Collector’s Item ၊ အောက်တိုဘာ – ၂၀၀၈)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s