လမ်းအိုလေး

Løøps of Resistance …

ဟာသဖက်နည်းနည်း ကဲတဲ့ ထောင့်ကွေးကြေကွဲမှု (ဇေယျာလင်း)

Leave a comment

ကီလီမန်ဂျားရိုး (ဇေယျာလင်း)
လက်ခံလိုက်ပါ ငါရိုးသားစွာပေးပါတယ်
ဘာမှ ရိုးသားခွင့်မရခဲ့တဲ့ ငါ့ရဲ့ မရိုးသားမှု 

တစ်ဖက်အနီးမှုန် တစ်ဘက်အဝေးမှုန်
ရပ်ကွက် အရက်ဖြတ်အသင်းဥက္ကဌရဲ့ အမှာစကား
ယုံကြည်မှုနဲ့ အတူသောက် သံသယနဲ့ အတူသွန်

ဝန်ခံလိုက်ပါ အပြစ်တွေ တီထွင်လိုက်ပါ သက်သာလိုသက်သာငြား

ရှူး၊ တိုးတိုး၊ ဒီမှာ၊ ဒီမှာ၊ ငါတို့ဒီမှာ၊ ငါတို့ဆီလာခဲ့
မြက်တစ်ပင်မှ မလှုပ်စေနဲ့ အလင်းတန်းကိုမဖြတ်နဲ့

အဲ့သလို ငှက်ကလေးက ပုလင်းထဲကပြောတယ်

ငါတို့ရဲ့ ဘူဒိုဇာလိုခန္ဓာကိုယ်လေးလေးကြီးတွေနဲ့
ဒလိမ့်တုံးတွေလို ခေါင်းမာမာအစွဲအလန်းတွေနဲ့

ကမ္ဘာကြီး ပူပဲနွေးနွေး အေးပဲခဲခဲ
ငါတို့နဲ့ ဘယ်တုန်းက ဘာဆိုင်ခဲ့လို့လဲ

ဘယ်အစိတ်အပိုင်းတဲ့လဲ ပြောင်းလဲသွားကြတာ
ဘယ်လူကိုမှ ‘လူ’လို့ အဓိပ္ပာယ်အပြည့်အ၀ခေါ်သလဲ
စကားလုံးတွေဟာ အဘိဓာန်အပြင် ရောက်သွားကြတယ်

ရင်ဖွင့်လိုက်ပါတဲ့ ‘ရင်ရင်ချင်းဂျက်ပင်ထိုးတာပေါ့’တဲ့

ရင်ပွင့်သွားတယ် နောက်ကဖောက်ဝင်သွားတာ
လွတ်မြောက်မှုတွေ့ရှိသွားသလို အသက်သွေးဟာ ဒလဟော
နှလုံးတစ်ဖက်ဟာ အနီးတစ်ဝိုက်မှာ ကြိတ်သားစတွေ ပလပွ

ကြည့်ကြ ရှုကြ ခံစားကြ ညစာထမင်းဝိုင်းရှေ့မှာ ရုပ်သံစကရင်

ကယ်တင်ခြင်းရဲ့ နောက်ဆုံးအခြေ အဆင့်မြင့်နည်းပညာကြိုးခွေ
imagineer တဲ့
image နဲ့ engineer ပေါင်းစပ်ထားတာ
‘နိမိတ်ပုံရိပ်ဂျင်နီယာ’
ခင်ဗျားတို့ ကျွန်တော်တို့လဲ ဒီတစ်လုံးထဲမှာ ရောထွေးပါဝင်ကြတာပေါ့
ဘ၀ဂျင်နီယာ မဖြစ်ရတာကိုတော့ ဘ၀င်မကျဖြစ်ရ
ဘာဖြစ်ရ ဖြစ်ရ ဘာဖြစ်ရင် ဘာရသလဲ

နုလည်းမနု ပညာသားလည်းမပါ နေ့ရဲ့ချောင်းကြည့်ပေါက်ထဲက
ငါတို့ကို ငါတို့ထွက်ထွက်ကျောင်းတဲ့ စားကျက်
ပြောင်းတာနဲ့ ပျောက်တာကို ဝေခွဲပြောတတ်ဖို့
လျှာဟာ စကားဟောင်းသံတိုင်တွေကြား တွန့်လိမ်

သူမရဲ့ သင်္ဘောပျက်ရင်ခွင်ထဲမှာ ငါဟာ
ရေမြုပ်စတိုခန်းထဲ ငြိမ်နေတဲ့ သံချေးစားသေတ္တာ

ထဲက လေသေအချစ်တွေ ရေဒါပေါ်ပေါ်ပါ့မလား
နှလုံးခုန်စက်စကရင်ပေါ်က မျဉ်းရဲ့ ဘယ်ဘက်မှာ

သူ့ဝဲဘက်ရင်အုံထဲမှာ ချိုးဖြူသံတွေ ဟိန်းနေတုန်း
အဲဒါ သူ့ကမ္ဗည်းတိုင်မှာ ထိုးပေးပါတဲ့
မဟုတ်ဘူး ထွင်းပေးပါတဲ့ စာလုံးမည်းနဲ့

အို … အနှစ်ချုပ်နေရပ်ဌာနီ
ဒီကနေ ယဉ်ကျေးမှုသီအိုရီသစ် တစ်ခုခုဆီ
လိပ်ထားတာ ဖြန့်ချလိုက်သလို ဖုန်တစ်ထောင်းထောင်းကြားမှာ
ရုံတင်ပြီးသား ပုံပြင်တွေဟာ ‘က’ကနေ ‘အ’အက္ခရာ
သဒ္ဒဗေဒ အတ္ထဗေဒ ဇာတိတပြပြ။ ။

၂၆၊ ဖေဖော်ဝါရီလ၊ ၂၀၀၈

(ကီလီမန်ဂျားရိုး – ဇေယျာလင်း။ နှစ်ကာလများ – ဖေဖေါ်ဝါရီ၊ ၂၀၁၀။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s