လမ်းအိုလေး

Løøps of Resistance …

လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင် (ခိုင်မြဲကျော်စွာ)

Leave a comment

အေးအေးဆေးဆေးလမ်း (ခိုင်မြဲကျော်စွာ) - Cover Art

အေးအေးဆေးဆေးလမ်း (ခိုင်မြဲကျော်စွာ) - Cover Art

သစ်ရွက်စိမ်းတွေက
သစ်ကိုင်းမှာနေကြဖို့ကောင်းတယ်
စိတ်ဆိုးပြီးဆင်းသွားတဲ့မိန်းမလည်း
အိမ်ပြန်လာဖို့ကောင်းတယ်။
မင်းစကားကို
အုတ်စီထားပါလျက်
အမှတ်သည်းခြေနည်းတဲ့ အသက်တစ်ချောင်း
ပလက်ဖောင်းပေါ် မောင်းတက်မိတဲ့ မော်တော်ကားပဲ။
နေလုံးလည်း အရွယ်ပြောင်းသွားတယ်
ငါထိုင်တဲ့ဆိုင်လည်း
အရောင်ပြောင်းသွားတယ်။
အရေပြားရဲ့
ထင်ယောင်ထင်မှားဖြစ်မှုမှာ
ငါ့ကိုယ်ငါ ထားစရာနေရာမရှိ
ငါးစာတွေဟာ
ဒီညအတွက်အဖြစ်မရှိ
အသွေးအသားတွေ အပြစ်ကိုမသိကြဘူး။
လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင်
သမ်းဝေလာတဲ့ မီးလုံးအောက်
ထိုင်လို့။ ။

နှလုံးအိမ်မဂ္ဂဇင်း – ၂၀၀၃

(အေးအေးဆေးဆေးလမ်း – ခိုင်မြဲကျော်စွာ။ မိုးကျော်အေး စာအုပ်တိုက် – မေ၊ ၂၀၀၉။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s