လမ်းအိုလေး

Løøps of Resistance …

ကိုယ့်ကဗျာကိုယ်ဖျက် (ကြည်ဇော်အေး)

Leave a comment

ကိုယ့်ကဗျာကိုယ်မဖျက်လို့ ဘယ်သူလာဖျက်မလဲ
ခုဟာက ဖျက်မပစ်လို့ မရတဲ့ကိစ္စဆိုတော့
ကိုယ့်အားကိုယ်ကိုး ဖျက်ပစ်ရမှာပေါ့
ကဗျာဆိုတာ ရေးပြီးဖျက်ပစ်ရတယ်လို့ သိတာမကြာသေးဘူး
ကဗျာဆိုတာ ရေးပြီးဖျက်ပစ်ရတဲ့ အမျိုးအစား
ကိုယ့်ကဗျာကိုယ်မှ ဖျက်မပစ်နိုင်ရင်
ကိုယ့်ကဗျာဟာ ဘယ်မှမရောက်တော့တဲ့ခေတ်ရောက်ပြီ
ကိုယ့်ကဗျာ ကိုယ်မဖျက်နိုင်ရင်
သူများတွေ ဖျက်တာ ခံရလိမ့်မယ်
သူများဖျက်တာ မခံချင်ရင် ကိုယ့်ဖာသာကိုယ်ဖျက်ပေါ့
သံချေးမတက်ခင် ဖျက်ပေါ့
လူတွေ ဘဝကူးကောင်းဖို့ လိုသလို
ကဗျာတွေလည်း ဘဝကူးကောင်းဖို့ လိုတာပေါ့
ရေးပြီးသားအရုပ် ပြန်ဖျက်သလို ဖျက်ပေါ့
ဆောက်ပြီးသားအသိုက်ကို ပြန်ဖျက်သလို ဖျက်ပေါ့
ဖျက်ပြီးရင် ကိုယ့်ကဗျာကိုယ် ပြန်ဖျက်ရတာ
အပြုသဘောဆောင်တဲ့ လုပ်ရပ်ပဲလို့
တစ်နေ့ အရသာရှိရှိတွေးခေါ်လာနိုင်လိမ့်မယ်
ကဗျာဆိုတာ ဖျက်မပစ်ရင် ကျန်ခဲ့မှာပဲ
မကျန်ခဲ့ချင်ရင် ဖျက်သာဖျက်ပစ်လိုက်
ကျန်ခဲ့ချင်ရင်တော့ မဖျက်နဲ့ပေါ့
ကိုယ့်သဘောနဲ့ကိုယ် ရှိပလေ့စေပေါ့
ဖျက်ချင်ရင် ဖျက်သင်္ဘော တစ်စင်းလို
ကိုယ့်ဖာသာကိုယ်ဖျက်ပေါ့

သဘောပေါက်လား
ကိုယ့်ကဗျာကိုယ်
အမဲဖျက်သလို သဘောထားပြီး ဖျက်ပစ်လိုက်
ကိုယ့်ကဗျာကိုယ် မတရားရခဲ့တဲ့ကိုယ်ဝန်လိုသဘောထားပြီး
ဖျက်ပစ်လိုက်

ရေးရတာလွယ်ပါတယ်
ဖျက်ရတာ ခက်ပါတယ်။ ။

(ဟန်သစ် – ဇွန်၊ ၂၀၀၇)

Mirrored: Burmese Poetry Foundation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s