လမ်းအိုလေး

Løøps of Resistance …

ကြေးဝါသော့ (နေမျိုး)

2 Comments

ခုပြောနေတာက
တွေ့ကရာ
အနက်အဓိပ္ပာယ်မှန်သမျှ
ဖမ်းယူမျိုချ
အငမ်းမရနဲ့
ဆွဲအားပြင်းထန်လှတဲ့
ဦးနှောက်ကြီးတစ်လုံးရဲ့ အကြောင်းပါ။

ကတ္တရာလမ်းပေါ်မှာ
တဖျစ်ဖျစ်မြည်လို့
ဟောဒီသက္ကရာဇ်တွေထဲမှာ
လူတချို့ သူ့ကို တွေ့ရှိခဲ့တယ်။
ပညာရှင်အကြိုက် အမှိုက်တွေ
ခပ်များများ
ဒီလိုနားလည်ထားနှင့်ပါစို့
ဘုရားသခင်အတွက် တစ်နေရာ
အကြိမ်ကြိမ် လှည်းကျင်းထားတဲ့
ပထမအကန့်ထဲမှာ
ကြေးဝါသော့တစ်ချောင်း
ငါ့ဦးခေါင်းခွံထဲမှာ
နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရဟန်တူတဲ့
အနက်အဓိပ္ပာယ်များ

၁။ ရွှေဒင်္ဂါး
၂။ ကျွန်တော်အရမ်းဖျားနေတယ်
၃။ အဖဘုရားသခင်
၎။ သွေးပျက်ချင်စဖွယ်မိန်းမ
၅။ အမြှပ်တစီစီထနေတဲ့ ဝိုင်ပုလင်း
၆။ သူငယ်ချင်းများ
၇။ ဘရိတ်ဓားတွေ
၈။ မြွေဟောက်တစ်ကောင်
၉။ အောင်မြင်မှု
၁ဝ။ အတူလုပ်ထားတဲ့ နံနက်စာ
၁၁။ မိမိကိုယ်ကို မုန်းတီးရေးဝါဒ အစရှိတာတွေ။

အနက်အဓိပ္ပာယ်တွေဟာ
အနက်အဓိပ္ပာယ်ချင်း လဲလှယ်ကြ
ထပ်ပြီး အနက်အဓိပ္ပာယ်ချင်း လဲလှယ်ကြ
ပညာရှင်တွေက မှတ်ချက်ချတယ်
” အို-အဖဘုရားသခင် ”
(နှစ်ပေါင်းများစွာ)
ကြေးဝါသော့ဟာ
အဲသလို တချွင်ချွင်မြည်ခဲ့ဟန်
တူပါတယ်။

Source: Mysuboo.net

2 thoughts on “ကြေးဝါသော့ (နေမျိုး)

  1. “(နှစ်ပေါင်းများစွာ)
    ကြေးဝါသော့ဟာ
    အဲသလို တချွင်ချွင်မြည်ခဲ့ဟန်
    တူပါတယ်။”

  2. pyaw sayar ma lo aung par pae loh khu pyaw khae. lite par tae!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s