လမ်းအိုလေး

Løøps of Resistance …

သူငယ်ချင်းများထံ ပေးစာ (ဝေးခေါင်)

Leave a comment

သတိရခြင်းများစွာနဲ့ .. လို့ စရင်ကောင်းမလား
ဘာရယ်မဟုတ်ဘူးလို့ ..စရင်ကောင်းမလား
နေ့ တစ်နေ့ ဟာအလိုလို စခဲ့ပြီဆိုတော့
ညတစ်ညကိုလည်း မစချင်ပဲ စရတော့မယ်
ခံတပ်မြို့ ကနေဆုတ်ခွာလာပြီးနောက်
အခု..ကျွန်တော်…
မြေလှန်ခံထားရတဲ့ မြို့ ကို ရောက်ရှိနေပါပြီ
ဒီမှာ ကျွန်တော်မရှိတုန်း
ဗုံးဒဏ် တော်တော်သင့်ခဲ့ပုံပဲ
အိမ်ခေါင်မိုးတွေပေါက်၊ထရံေ

တွပြဲ
ခြံစည်းရိုးလဲပြို
ကလေးတွေငိုလို့ …
သူတို့ အဖေ(ကျွန်တော့်ညီ)က ဆေးသမား
သွေးကြောမှာ အပ်တန်းလန်းနဲ့ 
ထွက်ပြေးရေးလမ်းပေါ်မှာ
သူတို့ အမေက မရှိတဲ့ဆန်နဲ့  ညစာချက်လို့ 
ထင်းတွေကရေစို၊မီးခိုးတွေမွှန်ထူ၊မျက်ရေတွေထွက်လို့ 
ဦးလေးတစ်ယောက်က ည,ညဆို အရက်မူးပြီးပြန်လာ
သူ့ ကိုပစ်သွားတဲ့မိန်းမနာမည်ကို အရူးကြီးလိုအော်ဟစ်
ဒီပြဇာတ်မှာ ကျွန်တော်က
မပြေလည်မှုကို စိတ်နဲ့ ဖာထေးရင်း
ကမ်းစပ်မှာတင်လက်ပန်းကျလို့ 
နေပါဦး
ခင်ဗျားတို့ လည်း ကျွန်တော်နဲ့ ရောပြီး
အထိအခိုက် အပျက်အစီးတချို့ 
ဒဏ်ရာတချို့ 
သွေးမစို့ ခဲ့ကြဘူးလား
ကျွန်တော်မသိအောင်
အပြုံးနဲ့ ဖိပြီး မချိဖုံး ဖုံးခဲ့ကြမှာပေါ့
ကျော့ကွင်းမှန်းသိရက်နဲ့ ခုန်ချခဲ့တဲ့ကျွန်တော်တို့ ကိစ္စတွေ
သဒ္ဒါလိုကတ္တားခြားဖို့ 
စကားပြေနဲ့ ကဗျာလို နယ်နိမိတ် မကွဲပြားဘူး
ဘာသာစကားသေဆုံးသွားတဲ့ကျွန်တော်တို့  နေ့ လည်ခင်းများဟာ ကြွပ်ရွဆွံ့ အ
တစ်ယောက်တိတ်ဆိတ်မှုကို တစ်ယောက်က ခါမချရက်ပဲ
ကျွန်တော်တို့ တောင့်ထားပုံက အသည်းယားစရာ စီးကရက်ပြာတောင့်လို
ပြာကိုကြိုးကျစ်ခဲ့တဲ့ နှစ်ကာလများထဲ
တည့် မွန်းချိန်တွင်ဖြတ်သန်းခဲ့ရသော
တမာတော၏စိမ်းလန်းသောခါးသက်မှုများပင်လျှင်
ရေခဲစိမ်ဗျစ်ရည်ကဲ့သို့ 
နောက်ဆုံးတစ်စက်အထိ အရသာရှိခဲ့ပုံများအား
လောကဓံကြောင့် ပုသွားတဲ့ ဂျပုအားပြောကြားလိုက်ကြပါ
ဖြစ်နိုင်တာက
ဟိုက်ဒြောလစ်တူနဲ့  အထုခံရရင်လဲ အ၀ီစိရေတွင်းဖြစ်နိုင်သေးတာပဲ
နေစွမ်းအင်သုံးနာရီပတ်ထားတော့ နွေဆိုတာ စိန်ပန်းပင်ကို ရေလောင်းပေးသလိုပေါ့ 
ကိုလန်ဘတ်(စ်)သင်္ဘောမှာ အခန်းကတစ်ခန်းတည်းပါတယ်(စွန့် စားခန်း)
လူကမည်းပေမယ့် အဖြူရောင်ဝါဂွမ်းတွေကိုသာ ဆွတ်ခူးခဲ့တဲ့
လူမည်းတွေရဲ့ ဖြူဆွတ်ဆွတ် BLUES သီချင်းများသာ
ကျွန်တော့်ထံပို့ ပေးကြပါ
လျှောက်ရမယ့်လမ်းဟာ ယမ်းနံ့ မကုန်သေးဘူးဆိုပေမယ့်
လွမ်းရမယ့်အတိတ်က အရိပ်လိုအေးမြခဲ့ပါကြောင်း…..။     ။
ဝေးလံသီခေါင်သောအရပ်မှ
သင်တို့ ရဲ့ …..

ဝေးခေါင်
05 05 07

Mirrored: KyiSoe@Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s