လမ်းအိုလေး

Løøps of Resistance …

John Cage- ၁၉၁၂-၁၉၉၂

တစ်မိနစ်အမြန် ဂျွန်ကေ့(ဂ်ျ) (ဇေယျာလင်း)

Leave a comment

John Cage- ၁၉၁၂-၁၉၉၂

John Cage- ၁၉၁၂-၁၉၉၂

အနုပညာဆီကလာတဲ့ အလင်းတစ်ခုခု ၀င်ရောက်မလာလောက်အောင်
မှောင်မည်းနေတဲ့ဘ၀ အစိတ်အပိုင်းတစ်ခုခုရှိခဲ့ရင်
အဲဒီအမှောင်ထဲမှာပဲ ငါရှိနေချင်တယ်
လိုအပ်ရင် အမှောင်ထဲမှာပဲ စမ်းတ၀ါဝါး ဒါပေမယ့်
ရှင်သန်လို့ ငါ့စိတ်ထင်တော့ခေတ်ပြိုင်ဂီတဟာ
အဲဒီအမှောင်ထဲမှာပဲရှိနေလိမ့်မယ့် ဟိုဝင်တိုက်
ဒီဝင်ဆောင့် အမှောင်ထဲရှိအရာတွေနဲ့ခိုက်မိတွန်းချမိ
အဲသလိုပဲနေလိမ့်မယ် ဘ၀ဆိုတဲ့ဖရိုဖရဲထဲမှာ
(အကယ် အနုပညာကို ဆန့်ကျင်တဲ့ဘ၀ဆိုရင်ပေါ့)
မာစတာပိစ် အကောင်းဆုံးလက်ရာ
(အကယ် အဲဒီမာစတာပိစ်ဟာ ဘ၀ကိုဆန့်ကျင်ရင်ပေါ့)
အဲဒီအကောင်းဆုံးလက်ရာရဲ့ သုပ်ဖြစ်တဲ့
စီစဉ်တကျနဲ့ အခြေခိုင်ပြီးသား အမှန်တရားအလှတရားနဲ့
အင်အားကိုထပ်ဖြည့်စွက်ပေးမှာ မဟုတ်ဘူး
အဲသလိုလား ဟုတ်တယ် အဲသလိုပဲ
……………………………………………………………..
ယဉ်ကျေးမှုဟာ
ဉာဏ်သစ်လောင်းခေတ်ကနေ အခုလက်ရှိအနေအထားအထိ
ပြောင်းလဲခဲ့ပြီလို့ ကျွန်တော် (မာရှလ် မက လူဟန်)ပြောတော့
ဂျွန်စ်က ကန့်ကွက်တယ်
ဒီစကားဟာ ပေါ့ပြက်ပြက်စကားသာဖြစ်တယ်တဲ့ ဒါပေမယ့်ဂျွန်စ်
ပြောနေတာဟာ ကျွန်တော်တို့ရဲ့
ဉာဏ်သစ်လောင်းခေတ်မဟုတ်တဲ့ အတွေ့အကြုံအရ
ပြောနေတာသာ ဖြစ်ပါတယ်
အကြွင်းမဲ့နယ်ပယ်ကြီး၊ ဗဟိုဆုံချက်တစ်ခုခုကို
အာရုံစူးစိုက်ခြင်းမျိုး မဟုတ်တဲ့
မျိုးစုံပေါင်းစုံတွေရှိမှု။ ကျွန်တော်တို့ဟာ
လူမှုအရေးအရ ပြောရရင် အဟောင်းကြွေပြီးအသစ်
ဖြစ်ပေါ်လာနေတဲ့ အနေအထားမှာရှိ
နေကြတာမဟုတ်လား။ အဟောင်းအတွက်တော့
ငွေတောင်းခံလွှာတွေ အကျေရှင်းရခြင်း
အင်အားလိုချင်ခြင်း
ကစားခြင်း၊ ကစားပွဲများသဘောထား။
အသစ်အတွက်တော့ အသစ်ဆိုတာ
မလိုအပ်ပဲ လျှောက်လုပ်တာ၊ “ပင်လယ်ကမ်းခြေ
တစ်နေရာကသဲတွေကို အခြားတစ်နေရာဆီရွှေ့ခြင်း”လို့
ဘပ်က်မင်စတာဖွလာပြောခဲ့တယ် ကိုင်ရှိုင်းစိတ်လို
စေ့စေ့စပ်စပ်ဉာဏ်ရည်သုံးခြင်း သဘောထား။
(ဒီသဘောထားဟာ အခမ်းအနားကျင်းပတယ်
အောင်ပွဲဆင်တယ် ဂုဏ်ပြုတယ်
ပျော်ပွဲရွှင်ပွဲကျင်းပတယ်) လူတွေ ထွက်ခွာသွားပြီ။
ကြောင်မကြီးနဲ့ ကြောင်ပေါက်စလေးတွေကို
တိရစ္ဆာန်များ ကယ်တင်စောင့်ရှောက်ရေးအသင်းဆီ
ပို့လိုက်ပြီ.။ တစ်အိမ်လုံးကြောင်သန်းတွေချည့်
(“နေ့စဉ်မှတ်တမ် ကမ္ဘာကြီးကိုပိုမိုကောင်းမွန်လာအောင်
ဆောင်ရွက်နည်းဟာ ပိုဆိုးဝါးသွားအောင်ပဲ မင်းလုပ်နိုင်မှာပါ”
၁၉၆၅” ကဗျာရှည်မှ အပိုင်း(၅)ဖြစ်ပါသည်။)
…………………………………………………………
အနုပညာဟာ အနုပညာနဲ့ ဘ၀ခြားနားမှုကိုေ၀၀ါးစေခဲ့ပြီ။
အခု၊ အနုပညာနဲ့ဘ၀ခြားနားမှုကို
ဘ၀ကေ၀၀ါးပလေ့စေတော့။
……………………………………………………………..
ဂျွန်ကေဂ်ျ ရဲ့ ကျော်ကြားတဲ့ကဗျာ အဓိပ္ပာယ်ဖွင့်ဆိုမှု
ငါ့မှာပြောစရာဘာမှ မရှိဘူး
အဲဒီပြောစရာ ဘာမှမရှိတာကိုပဲ ငါပြောနေတယ်
အဲဒါကဗျာပဲ။
………………………………………………………….
သူကြိုးစားခဲ့တာဟာ အနုပညာနဲ့ဘ၀ကြားက နယ်နိမိတ်ကို
မပြတ်မသားဖြစ်သွားအောင်ပြုလုပ်ခြင်းပဲ။
……………………………………………………………
လူတွေကို တစ်ခုခုသင်ကြားပေးဖို့မဟုတ်ဘူး။
လူတွေကို “အံ့သြ”သွားစေဖို့မဟုတ်ဘူး။
ကဗျာကို လိုအပ်မှုတစ်ခုသာ။
……………………………………………………………..
ကမ္ဘာလောကကြီးနဲက အပြန်အလှန်ထိုးဖောက်ဝင်ရောက်နေဖို့
……………..။
…………………………………………………………………………..
မိမိအတ္တကို တိတ်ဆိတ်ခိုင်းလိုက်ပါ။
အဲ့တော့မှပဲ မိမိအတ္တရဲ့ တွေ့ကြုံမှုထဲ
ကမ္ဘာလောကကြီးဝင်ရောက်လာခွင့်ရမှာပေါ့။
……………………………………………………………
ငါတို့မှာ ပိုင်ဆိုင်တာဘာမှမရှိဘူးလို့ သိလိုက်တာနဲ့
တစ်ပြိုင်နက် အဲဒီအသိထဲမှာ ကဗျာရှိနေပြီ။
၁၉၆၈
…………………………………………………………………..

University of California Book of Modern &
Postmodern poetry: Poems for the Millennium,
Volume Two: From Postwar to Millennium
စာအုပ်ထူကြီးမှ
စာမျက်နှာ ၁၀၈-၁၁၄ စာသားများကို
မြန်မာဘာသာ ကဗျာလောကသို့ “တင်သွင်း” ပါသည်။

၂၄၊ ဒီဇင်ဘာ၊ ၂၀၀၆

(စတိုင်သစ် – ဇွန်၊ ၂၀၀၇)

Mirrored: TyaLife

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s