လမ်းအိုလေး

Løøps of Resistance …

စောင်းကြိုးပြတ်ရွာ – မွန်းတည့်အလွန် ၄နာရီ (တာရာမင်းဝေ)

1 Comment

ငါ့ဆီငါ ပြန်ရောက်လာပါတော့မလား
မြေပုံကြမ်းကိုကြည့်ပြီး
လမ်းလျှောက်နေရတာ…
မောလှပြီ ။

ငါ့ကိုယုံပါ
ငါဟာ…
လမ်းကူးတာတောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ့
ခွေးလေခွေလွင့်တစ်ကောင်ပါ ။

ငါ … မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ …
ငါ့ကို … ယုံပါ ။

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို … ယုံပါ ။

( ဖိနပ်မစီးထားတဲ့
ကလေးငယ်လိုပဲ …
ဘယ်သူကမှ
အိမ်ထဲကို မဖိတ်ချင်ကြဘူး )

လက်တစ်ဘက်နဲ့
ခေါ်လို့မရတဲ့ကောင်းကင်
လက်နှစ်ဘက်နဲ့ခေါ်လည်း
အရာမထင်ဘူး ။

ငါ …တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ … ။

(စောင်းကြိုးပြတ်ရွာ / မွန်းတည့်အလွန် ၄နာရီ  – တာရာမင်းဝေ)

Related Link
PDF စောင်းကြိုးပြတ်ရွာ – မွန်းတည့်အလွန် ၄နာရီ (တာရာမင်းဝေ) 8.55 MB

One thought on “စောင်းကြိုးပြတ်ရွာ – မွန်းတည့်အလွန် ၄နာရီ (တာရာမင်းဝေ)

  1. Pingback: ကဗျာ-၆၀ | လမ်းအိုလေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s