လမ်းအိုလေး

Løøps of Resistance …

ယုဇနမခင်ပျို (ဇော်ဇော်အောင်)

2 Comments

ယုဇနမခင်ပျို (ဇော်ဇော်အောင်)

ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင်ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူဟုလည်း ထင်မိသေး၏။ တစ်ခါတုန်းက မခင်ပျို၏ ထမီအနားခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာ ဖြစ်၏။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံး ပြန်လာပါသည်။ အခုတော့ မခင်ပျို နေ၀င်တော့မည် ထင်ပါသည်။ သွားကြစို့၊ သွားကြစို့ မခင်ပျို။ တစ်ယောက် တစ်လမ်းစီဆိုပေမယ့် ဆုံရဦးမှာ သေချာပါသည်။
.

PDFယုဇနမခင်ပျို (ဇော်ဇော်အောင်) (73KB) / Read Online

Mirrored: Myanmar EBooks

2 thoughts on “ယုဇနမခင်ပျို (ဇော်ဇော်အောင်)

  1. တော်တော်ကိုကြိုက်ခဲ့တဲ့ အက်ဆေးတစ်ပုဒ်ဗျ။ ၁၉၉၇ ဝန်းကျင်လောက်ကထွက်ခဲ့တဲ့ ကတ္တီပါလွမ်းချင်းဆိုတဲ့ စာအုပ်ထဲကဆိုတာမှတ်မိတယ်။ တခြားဘယ်ထဲမှာပါဖူးလဲတော့မသိဘူး။ တာရာမင်းဝေ၊သစ္စာနီ၊ဇော်ဇော်အောင်၊နီကိုရဲ တို့ရဲ့အက်ဆေးတွေပါတယ်။ သွန်းနေစိုး ပါ ပါလားမသိဘူး။

    • ဟုတ်တယ်၊ ကတ္တီပါလွမ်းချင်းထဲမှာလဲ ပါခဲ့တယ်။ ကျနော်မှတ်မိသလောက်တော့ အဲ့မတိုင်ခင် ၈-၁၀နှစ်လောက်က ချယ်ရီမဂ္ဂဇင်းထဲမှာ စပါတာဗျ။ မောင်မောင်သိုက် ဒီဇိုင်းနဲ့။ ဆရာကြီး ဆရာကျပုံကတော့ အဲ့တုန်းက ဒီအထာတွေ ခေတ်သိပ်မစားခဲ့သေးသည့်တိုင်အောင် မခင်ပျိုတစ်ပုဒ်ကိုတော့ ဘယ် critic ကမှ မထိရဲခဲ့ကြဘူး 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s