လမ်းအိုလေး

Løøps of Resistance …

တိုက်ခိုက်နေတဲ့လေထဲ (စိုင်းဝင်းမြင့်)

ဘ၀တစ်ပါးမှာ ခင်ဗျား ခြစားခံရသေးလား (စိုင်းဝင်ြး­မင့်)

Leave a comment

ကျွန်တော့်ရဲ့ ပထမဆုံးနေ့ရက်တွေဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေ။ သူဟာ တစ်နေကုန်ပျံသန်းပြီးတဲ့နောက်၊ တစ်ဘ၀လုံး လောင်ကျွမ်းပြီးတဲ့နောက် ကျွန်တော့်ရှေ့မှာ တန့်ခနဲရပ်သွားတဲ့ ကဗျာငှက်(သူရပ်တန့်သွားတယ်ဆိုတာ စကြာဝဠာထဲ ထွက်ခွာသွားမလို့ အရှိန်ယူတာ၊ ပိုမိုလောင်ကျွမ်း တောက်ပဖို့ ခဏငြိမ်းတာ) ကျွန်တော်ကလည်း သူ့မီးတောက်ကို အတင်းတိုးဝင်နေတဲ့ ပိုးဖလံ။

သူဟာ ကဗျာကို စာရွက်ပေါ်မှာ အရင်မရေးဘူး။ မဂဇင်းစာမျက်နှာပေါ်မှာအရင် မရေးဘူး။ ကျွန်တော်တို့ရင်ထဲမှာ အရင်ရေးတယ်။ လူသာမက နတ်ပါ မုန်းအောင်ပြောတတ်တဲ့ သူ့ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတွေဟာ ကဗျာတွေဖြစ်ဖြစ်သွား၊ သူ့ရဲ့တွေ့ဆုံမှုမှာ ကျွန်တော်တို့ ဘ၀အမောနဲ့စပြီး ကဗျာဓာတ်နိုးထခြင်းနဲ့ အမြဲတမ်း အဆုံးသတ်တယ်။ သူဟာ နှစ်ထပ်သဘောင်္ပေါ်ကနေ စီးဆင်းလာတဲ့ စမ်းချောင်းလေး။ သစ်တောလမ်းထဲ စီးဝင်သွားတယ်။ သစ်တောလမ်းဟာ အလွမ်းနဲ့ ဖွဲ့ထားတာလား။

အဲဒီနှစ်တွေက ငါလည်း ဆံပင်ဘယ်ခွဲနဲ့ အသည်းရောင်ကိုင်းနေတဲ့စိုင်းဝင်းမြင့်။ ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ ဆံပင်တွေကို ဘယ်ခွဲလိုက်။ အဲဒီနှစ်တွေက ရှုမ၀ဖိနပ် ငါစီးခဲ့တယ်။ မောင်ချောနွယ်ပြီး မောင်ချောနွယ်။ အဲဒီနှစ်တွေက ကျွန်တော်ဟာ မောင်ချောနွယ်အတု။ ကျွန်တော့်အရိုးကို ဖြတ်နေတဲ့ရထား။ သစ္စာပန်းများနဲ့မေလကို တစ်နေ့တစ်ခါ ရွတ်ဖို့ ကျွန်တော်မမေ့ခဲ့ဘူး (ကဗျာဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေ့တာ)။ အဲဒီနှစ်တွေက ပင်လယ်လေရှုသူ။ အဲဒီနှစ်တွေက ထမင်းအသိုးများကိုသာ မျှော်လင်သော မျှော်လင့်ခြင်း ထမင်းအသိုးများ။ အဲဒီနှစ်တွေက အိပ်စရာမရှိတဲ့ ညတွေမှာ မိုးတွေ တအားရွာတာပဲ။ အဲဒီနှစ်တွေက ကျွန်တော့်ရဲ့စကားပြေထဲက စကားလုံးတွေ။ တစ်ခုခုကိုမြင်ရင် မြင်ကွင်းနဲ့ဆက်စပ်နေတဲ့ မောင်ချောနွယ်ရဲ့ ကဗျာတွေကို ထရွတ်လိုက်။ ကမ္ဘာကြီးဟာ မောင်ချောနွယ်ကဗျာတွေထဲက ပြေးမလွတ်ဘူး.။

လူ့ဘ၀ဆိုတာ ခြကုန်းမှာနေရသလို
မကြာခဏ ရွှေ့ရွှေ့နေရမယ်.။
မရွှေ့ရင် ခြစားခံရမယ်
ဒါကို ဒင်းမသိဘူး
ဒါကို မသိခြင်းကြီးတဲ့ ဒင်းကို
ခြကုန်းသာ ပို့ထားလိုက်.။
(ငါ့ကို ကျားတံဆိပ်ဘီယာ မတိုက်တဲ့နေ့က)

ကမ္ဘာကြီးဆီ အမောက်မာဆုံး သူရောက်ရှိခဲ့တယ်။ တစ်လောကလုံးဟာ ကျုပ်လုပ်စာကို ထိုင်စားနေတဲ့ လူတွေချည်းပဲ။ ပခုံးတစ်ခြမ်းစောင်းလို့ ရင်ဘတ်ကလေးကို ခါးကလေးကို လက်ကလေးနဲ့ ဖိလို့ သစ်တောလမ်းဆီသို့ သူစီးဆင်းခဲ့တယ်။ ကိုမိုးဝေးရဲ့ ဆေးဆိုင်လေးမှာ သူခဏနားပြီး စကားတွေပြောပြီး ..စိုင်းဝင်းမြင့်ရေ ထမင်းကြော်လေးတစ်ပွဲလောက်သွားမှာပေးပါကွာ..လို့ ကျွန်တော့်ကိုခိုင်းမယ်။. လက်ညှိုးနဲ့ လက်မကိုဝိုင်းပြပြီး ငါးကြော်လေးတစ်ကွင်းနဲ့ဆီလေးနည်းနည်းစမ်းခဲ့ပါကွာ…လို့ ကျွန်တော့်ကိုမှာမယ်။ သူ့ရှေ့ရောက်ရှိလာတဲ့ ထမင်းကြော်ကို လေးငါးဇွန်းလောက် ခပ်စား၊ ငါးကြော်ကို ဟိုဖဲ့ဒီဖဲ့၊ မထိတထိနဲ့တစ်ဝက်လောက်ကုန်သွားရင် ထမင်းကြော်ပန်းကန်ကို ဆတ်ခနဲ စောင့်ချလိုက်ပြီး “မသေတော့ဘူး” လို့ ပြောမယ်။ “မသေတော့ဘူး”

၃-၃-၂၀၀၃
(တိုက်ခိုက်နေတဲ့လေထဲ – စိုင်းဝင်းမြင့်။ ဖေဖေါ်ဝါရီ – ၂၀၀၅၊ မိုးကုပ်စက်ဝိုင်းစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s