လမ်းအိုလေး

beyond chaOs

လူဆိုးအလိမ္မာ (မောင်ယုပိုင်)

1 Comment

မှီဝဲသုံးစွဲနေတာတွေ နှစ်ပင်လိမ်နေမှတော့
တကယ့်ဘ၀နဲ့ အိပ်မက်လည်း လိမ်နေမယ်
ကောင်းမွန်တဲ့ရုပ်ရှင်ထဲက မှုခင်းကို တကယ်ခံစားနေရပြီး
တကယ့်ဘ၀ကဖြစ်ရပ်မှန်ကို ရုပ်ရှင်ကြည့်သလို ခံစားနေမိတယ်
ဟုတ်တယ်၊ ဒေါသကုမ္မာရလိင်စိတ္တဇကလွဲရင် ဒီအသက်ဒီအရွယ်အထိ
ဘာရခဲ့လို့လဲ၊ ဘာဖြစ်ချင်မှန်းမသိ
ဆေးဝါးနဲ့သွေးသားကလွဲရင်
ကျန်တာ ပျော်ရွှင်စရာအတုချည်း ဖြစ်လာတယ်
နလပိန်းတုံးတွေသာ ပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ်
အရွယ်တစ်ခုမှာ လူဟာ ဒီလိုပဲ
ထုံသွားတတ်သလား ဟုန်သွားတတ်သလား
ဒါမှမဟုတ်
လူဟာ ဒီထုံနေဟုန်နေတဲ့ ပတ်ဝန်းကျင်မှာ
ဒီလိုနဲ့ပဲ အရွယ်တစ်ခု ရလာလို့လား
အမြင်ကျဉ်းမြောင်းခြင်းနဲ့ သဘောထားသေးသိမ်ခြင်းကို
မကျော်လွှားနိုင်သရွေ့
ဘာမှ ပြောစရာလည်းမရှိ ဘာမှ ပျော်စရာလည်းမရှိ
ထို့အတူ မကျော်လွှားနိုင်တာကြီးကို
သင် ကျွန်ုပ် ရဟန်းရှင်ပြည်သူလူထု မကျော်လွှားနိုင်ကြသေးသရွေ့
အမြင်လည်း ကျယ်လာဖို့မရှိ သဘောထားလည်း ကြီးလာဖို့မရှိ
မာစတာဒေးကာလ်နင်ဂျီသာ ရွှေနိုင်ငံမှာ နေထိုင်ဖူးရင်
ဒေးကာလ်နင်ဂျီအစား အက်ဒ၀ပ်မန့်ခ်ျသာ ဖြစ်သွားမယ်
ဟုတ်တယ်၊
ရတာမလို လိုတာမရတော့ ပို“ဆိုး”လာတယ်
အသက်ရလာလို့ လူဆိုးကြီးဖြစ်လာသူအချို့ကိုလည်း နားလည်လာတယ်

အခု၊ တရားလည်း မဟောတော့ဘူး
တရားလည်း မနာတော့ဘူး

ရိုးရိုးရှင်းရှင်း ပြောလို့ရတဲ့ကိစ္စကို
ရိုးရိုးရှင်းရှင်းပဲ ပြောချင်ပါတယ်။     ။

၀၉ စက်တင်ဘာ

One thought on “လူဆိုးအလိမ္မာ (မောင်ယုပိုင်)

  1. အသက်ရလာလို့ လူဆိုးကြီးဖြစ်လာသူအချို့ကိုလည်း နားလည်လာတယ်.. ဆိုပဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s