လမ်းအိုလေး

Løøps of Resistance …

စကားပြောလို့ ရလာပြီ (လူဆန်း)

Leave a comment

စကားပြောလို့ရလာပြီ (လူဆန်း)

နွေဦးပေါက်လို့ လင်းလာလည်း မြေအောက်တွင်းအောင်း သတ္တ၀ါပါပဲ။
အမုန်းတရားဖျက်ဆီးချင်လာ။ စိတ်ဝင်စားမှုတွေ ၀ရုန်းသုန်းကား၊ စိတ်မ
ဝင်စားတာ မလုံမလဲ လုပ်နေရတာ တကယ်စိတ်ဝင်စားတာ လုပ်ဖို့အာမခံ
ခိုးဖတ်-ခိုးရေး။ လု-ရေး-လု-ဖတ်။ စကြ၀ဠာအရှင်သခင်နဲ့
‘ငါယောင်္ကျားပဲလို့ အောက်မေ့သူရှိသလို၊ ငါမိန်းမလို့ ပြောသူပြော။
နှစ်မျိုးစလုံးလို့ ပြောသူရှိသလို လိင်မဲ့လို့ထင်သူလည်းရှိ
တချို့ကျတော့ အင်အားအစစ်၊ တချို့ကျတော့ အချစ်လို့ခေါ်နိုင်တဲ့
အဆုံးမဲ့ ခံစားချက်လို့ ဆိုသူဆိုတယ်။ ငါဘာမှန်းခန့်မှန်းလို့ မရပြောသူ
လည်းရှိသေး’
မင်းဟာ ငါဘာမှန်းသိတယ်။ ဒါပဲကောင်းတယ်။ အဲဒါ ငါပါပဲ။
ငါဟာ မင်းဆံပင်လှုပ်စေတဲ့ လေညှင်း။ မင်းကိုယ်ပူစေတဲ့နေရောင်။ မင်းမျက်
နှာပေါ်အက ကတဲ့မိုးစက်။
ပန်းရနံ့။ ရနံ့ဖျန်းတဲ့ ရနံ့သယ်တဲ့လေ။

ငါဟာ မင်းပထမ အတွေးရဲ့အစ။ နောက်ဆုံးအတွေးရဲ့ အဆုံး။ အတောက်ပ
ဆုံးခဏပေါ်လာတဲ့အကြံ။ အပြည့်ခံရတဲ့ တောက်ပခြင်း။ အချစ်အရှိဆုံး
အလုပ်လုပ်စေတဲ့ ခံစားချက်တစ်မျိုး။ အဲဒီခံစားချက်ထပ်တလဲလဲ ခံစားချင်
တယ်လို့ တမ်းတမိတဲ့ မင်းရဲ့မျှော်လင့်ချက်။ ငါဟာ အားလုံးပဲ

မင်းလုပ်ချင်ရာလုပ်ပါ။ အဲဒါမင်းအတွက်လိုအပ်ချက်နဲ့ ငါနေ့တိုင်းစကြဝဠာ
ရှင်နဲ့ စကားပြောနေသလိုလို။ လူတကာကို အားမလိုအားမရဖြစ်နေတဲ့ငါ။
ငါတွေကို အဖော်လုပ်လျှောက်နေတာပဲ

မင်းကကိုယ်အစစ်နဲ့နေတဲ့အခါ အဲဒါငါနဲ့နေတဲ့အခါ၊ ငါမင်းကိုယ်အစစ်နဲ့
အတူတူ မင်းကိုယ်အစစ်
ငါနဲ့အတူတူ၊ ကိုယ်အစစ်နဲ့ တွေ့ရင် ကိုယ်ကနေထွက်ပြီး ကမ္ဘာအသစ်
ဖန်တီးချင်လာမှာ
ကမ္ဘာအသစ် ဖန်တီးဖို့အတွက် ကိုယ်လုပ်စေချင်တာ သူများကိုပါလုပ်

မင်းငါ့ကို ဖက်ဖက်ထားချင်သလို သူများကိုပါဖက်ထားလိုက်။ သူများကို
ဖက်ထားတဲ့အခါ မင်းငါ့ကိုပါဖက်ထားနေတာ။
ကမ္ဘာကို ဖက်ထားလိုက်။ တစ်ကမ္ဘာလုံး ငါကိုဖက်ထားနေတာ။

ကမ္ဘာနဲ့ပတ်သက်တာ ဘာမှငြင်းမရ။
မင်းကမ္ဘာမှာရှိနေုတုန်း ကမ္ဘာဟာမင်းအထဲမှာ ရှိနေလို့ပါ
တစ်နေ့ စကားပြောလို့ရလာပြီ။

ဆင့်ပွားအတွေး
Friendship with God by
N.D. Walsh (2000)

မိုးဒွင်း၊ လူဆန်း

(ရေးသူလူဆန်း – လူဆန်း။ နှစ်ကာလများ – Collector’s Item ၊ အောက်တိုဘာ – ၂၀၀၈)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s