လမ်းအိုလေး

beyond chaOs

နေသာတဲ့ တစ်နေ့ဝယ် – ဥပမာ (မောင်ယုပိုင်)

Leave a comment

ဘယ်သူမှ လေဟာနယ်ထဲမှာ ဖန်တီးကြတာ မဟုတ်သလို ဘယ်သူမှလည်း
Place တစ်ခုက လွတ်ပြီး မဖန်တီးနိုင်ကြပါဘူး၊ ဥပမာ ဟိုးရှေးရှေးတုန်းက
တိုင်းပြည်ကြီးတစ်ခုမှာ သိုးကလေ ပုပ္ပားနတ်တောင် အခေါင်မြင့်ဖျား ဥပမာ
တစ်နေ့သ၌ ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ကိုနှင်းမောင်မှာ ဥပမာ မောင်လူအေး၏
စိတ်အတွင်းဝယ် မည်မျှပူပြင်းလာသည်ကိုကား ပြောမပြနိုင်၊ ဒီနေရာမှာ
မောင်ချောနွယ်ရဲ့ အသွားတွေ ဥပမာ ဥပမာ – ဥပမာများနဲ့တကွ
နေရာချပြီးသား Place တစ်ခုနဲ့ ဥပမာများမတွေ့ခဲ့တဲ့ Place တွင်းအရာတွေ
Place ဖြစ်တည်မှုရဲ့ မသိရသေးတဲ့ (Place) အရာတွေ၊ Placeနဲ့ ဖြစ်တည်မှု
အပြန်အလှန် အတိုင်အဖောက် ရက်ရှယ်ခဲ့တာတွေအပြင် ဥပမာ –
ဒီကနေ့မနက် အိပ်ယာထကတည်းက နေသာနေလေတော့၊ ယနေ့နေသာ၏
ဆိုတာ ၀င်လာတယ်၊ လေမလာ၍ ပူသည်ဆိုတဲ့ Placeတစ်ခုပါ
ဝင်လိုက်လာတယ်
ဒါပေမယ့် တကယ်ကြုံနေရတာကို အထင်ဟပ်မိဆုံး
စကားလုံး/ဘာသာစကားကလည်း
လေမလာ၍ ပူသည်ပါပဲ၊ ဒါပေမယ့် ဒီစာသားကို အက်စကီးမိုးတွေ ဖတ်မိသွားရင်တစ်မျိုး
ရက်အင်ဒီးယန်းတွေ ဖတ်မိရင်တစ်ဖုံ၊ ကျွန်တော်တို့ ကျွန်တော်တို့ဆိုရာမှာ
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင်နှစ်ခေတ်ခွဲကနေ တော်လှန်၊
ခေတ်စမ်း၊ ခေတ်ပေါ်၊ မော်ဒန်နဲ့ ဒီကနေ့ကျွန်တော်တို့အထိ
ကျွန်တော်တို့အမျိုးမျိုး အမျိုးမျိုးအဓိပ္ပာယ်ဖွင့်/ပေါက်/ကောက်ပြီး
ခံစားကြရဖွယ်၊ ထားပါတော့ လေမလာ၍ပူသည်က လေမလာ၍ပူသည်ပဲပေါ့
မူလတန်းဖတ်စာဥပမာနဲ့ စတင်ပြီး ရေအေးအေးပေးပါ ခရီးဝေးကလာရသည်များ
ရောက်မလာမီ ထားလို့မရ ဓမ္မဓိဌာန်ကျကျ စာမစီရ မကုံးရမီ ဘယ်Place ဘယ်
အင်စတီကျူးရှင်း ဘယ်အိုင်ဒီယော်လော်ဂျီကြောင့် ဥပမာ ရှေ့ရက်တွေက
ရက်ဆက်မိုးများ
ပြီး ဒီကနေ့ ရာသီဥတုကြည်လင်သာယာနေတာဟာ မရိုးသားဘူးဆိုတာ
မိုးလေ၀သသတင်း
ကြေညာသူရဲ့ အာဘော်လောက်တော့ မရိုးသားနိုင်ဘူး၊ ဒါ နောက်ကွယ်မှာ
ဖောက်ပြန်မှု
တစ်ခုခုရှိတဲ့ လားရာလမ်းကြောင်းမငြိမ်သက်တဲ့ ဘာသာစကားစတင်ဖြစ်ထွန်းမှုပဲ
တဖြည်းဖြည်း အားကောင်းလာတာနဲ့အမျှ ဥပမာ ‘တိမ်ပြာပြာနေ့တစ်နေ့
ဆန်းဒေးမှာကွယ်’
ဥပမာ ‘ဗန်ဂိုးရဲ့ အားလ်စ်မြို့မှာ တ၀ီဝီလည်နေတဲ့ နေလုံးကြီး’ ‘ဟော့ပါးရဲ့
တနင်္ဂနွေမနက်ပေါ် ထိုးကျနေတဲ့ နေရောင်တွေဟာ’ဟာ
မုန်တိုင်းအသွင်ဆောင်လာပြီး လေဖိအားနည်းရာသို့ ပြင်းထန်စွာ
ဝင်ရောက်လာတော့တယ်၊
အဲဒီအခါကျတော့ သစ်ပင်တွေဟာ အဆောက်အအုံတွေဟာ လူတွေဟာ
မြို့တွေရွာတွေဟာ ဒီကနေ့
ကျွန်တော်မြင်တွေ့ရသလောက်ပေါ့နော် ဟိုဒင်း ခင်ဗျားလည်း သိပြီးလောက်ပါပြီ
ကျွန်တော်ကြားရသလောက် ဘယ်လိုပြောမလဲ သိရသလောက်ပေါ့နော် ဟိုဟာ
တကယ် စိတ်မကောင်းပါဘူး အဲဒါအမှန်ပါပဲ ဒါပေမယ့် ထပ်ကြည့်ချင်သေးတယ်
အာ မဟုတ်ပါဘူး ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာ
မဟုတ်ပါဘူး တကယ်ပါ ကျွန်တော့့်

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ နှစ်ကာလများ – Collector’s Item ၊ ၂၀၀၉)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s