လမ်းအိုလေး

beyond chaOs

အာကာသသည် လူတိုင်းနှင့်သက်ဆိုင်ပါသည်ဟူသော ရည်ရွယ်ချက်ဖြင့် (မောင်ယုပိုင်)

Leave a comment

ဖိုက် ဖိုး သရီး တူး ၀မ်း ပြီးတော့ ဇီးရိုး
ဇီးရိုးပြီးတော့ ဇီးရိုး ဇီးရိုး ဇီးရိုး ဇီးရို့း့ 

ဘယ်ရောက်သွားပြီလဲ ဘယ်ရောက်သွားပြီလဲ
လုံခြုံရေးကင်မရာမှတဆင့် စောင့်ကြည့်နေသူတစ်ဦးရဲ့ အရေးပေါ်သတင်းပို့ချက်ကို
နောက်ထပ်လုံခြုံရေးကင်မရာမှတဆင့် ထပ်မံစောင့်ကြည့်နေသူတစ်ဦးရဲ့
နောက်ဆုံးအရေးပေါ်သတင်းပို့ချက်

ဘယ်ရောက်သွားပြီလဲ
ဒစ်ဂျစ်တယ်ဒိုင်ခွက်မှာ ဇီးရိုးတွေ တန်းစီဖော်ပြနေ

အလို ဘုရားသခင်၊ အို ဘုရားဘုရား၊ ဘုရားရေ
မောင့်ပါးစပ်က အဲသလိုတွေ ထွက်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ
မမျှော်လင့်ခဲ့
ဘယ်ရောက်သွားပြီလဲ ဘုရားသခင် ဘယ်ရောက်သွားပြီလဲ

အားလုံးပါးစပ်အဟောင်းသား မျက်လုံးအ၀ိုင်းသား
တုံဏိဘာဝေ၊ တံတွေးတမျိုမျို၊ လက်တစ်ဖက်နဲ့တစ်ဖက်ဆုပ်နယ်
ကလေးများအားလုံး အားလုံး
ကလေးများ

‘စိန်ခေါ်သူ’လို့ အဓိပ္ပာယ်ရတဲ့ ချယ်လင်ဂျာဟာ
၇၃စက္ကန့်နဲ့ နောက်ကောက်ကျသွားတယ်။ ဖိုက် ဖိုး သရီး တူး ၀မ်း
ကမ္ဘာလောကကြီးရဲ့ ဆွဲအားကနေလွတ်မြောက် နှုတ်ဆက်ထွက်ခွာ
ကြယ်မြင်လမြင် ချယ်လင်ဂျာဟာ့ 

သတင်းပို့ပါ၊ သတင်းပို့ပါ
မျက်စိဖွင့်နားဖွင့်ဖြန့်ကားထားတဲ့ ရေဒါစခန်းကြီးတစ်ခုလုံးပါ ပျောက်ဆုံးနေတယ်
သတင်းပို့ပါ
သတင်းကို ဘယ်လိုဘာသာစကားတွေနဲ့ ထုပ်ပိုးပြီး ပို့လွှတ်လိုက်သလဲ
လက်ခံသူဆီရောက်တော့ သတင်းဟာ ပေရေစွန်းထင်းပျောက်ပျက်နေပြီ

ပေါက်ကွဲလောင်ကျွမ်းပြီး ပြန်ကျလာတာတွေဟာ
လုံခြုံစိတ်ချမှု၊ ရောင့်ရဲကျေနပ်မှု၊ နေသားတကျဖြစ်မှုတွေလား
ပြာလဲ့တောက်ပ ကောင်းကင်တစ်ခွင်လုံး မီးရှူးမီးပန်းတွေနဲ့

ယာဉ်မှူး၊ ပိုင်းလော့၊ အင်ဂျင်နီယာ၊ ရူပဗေဒပညာရှင်
အမျိုးသမီးများ၊ လူမည်းတချို့/ဂျပန်သွေးပါသူ ဟာဝိုင်ယီကျွန်းသားနဲ့
မျက်နှာဖြူတချို့ပါသော ခရီးစဉ်
ကမ္ဘာသူကမ္ဘာသားများ၏ လဟာပြင်ခရီးစဉ်
အားလုံး သေဆုံး၊ အားလုံး ဒဏ်ရာအပြင်းအထန်ရ၊ အားလုံး ပျောက်ဆုံးနေ
အင်္ဂါမစုံလင်တော့သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ (၀ါ) မျက်နှာများ
မည်သူမည်ဝါ ခွဲခြားမရတော့သည့် မျက်နှာများ (၀ါ) ကိုယ်ခန္ဓာအစိတ်အပိုင်းများ

အိမ်ဖြူတော်မှသည် လယ်စောင့်တဲအထိ အလံတ၀က်လွှင့်ထူကြ
နောက်ဆုံးနှုတ်ဆက်မီးခိုးဟာ
ကောင်းကင်ထဲ တဖြည်းဖြည်း အငွေ့ပြယ်ပျောက်ဆုံးသွားတယ်

ဘုရားသခင်
ဘယ်ရောက်သွားပြီလဲ ဘုရားသခင်

စနေနေ့သို့ ရွှေ့ဆိုင်းရန် အကြောင်းပေါ်ခဲ့သည်ကို ပြန်လည်ရွှေ့ဆိုင်းခဲ့သည်။ အပြင်ဘက်တံခါး လက်ကိုင်တစ်ခုအား ဖြုတ်ပစ်ရာတွင် ၀က်အူရစ်တစ်ခု အရစ်ချော်နေသည်။ တစ်နာရီ ၃၅မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်လာသည်။ လွန်ပူရပြန်သောအခါ ဘက်ထရီ ကုန်နေသဖြင့်
့

ချာတူးလန်မက္ကင်းနစ်တစ်ဦးကို ပစ်လွှတ်စင်ပေါ်လွှတ်တင်လိုက်တဲ့
ချာတူးလန်ခေါင်းဆောင်တစ်ဦး

အာရုံခံအမှတ်နှစ်ထောင်ကျော်မှ သတင်းပို့ချက်များ
နောက်ဆုံးအချိန်ထိ ကွန်ပျူတာသည် ပုံမှန်လည်ပတ်သွား၏
အမှားမတွေ့ ချွတ်ယွင်းချက်မတွေ့ နောက်ဆုံးအချိန်ထိ

အထက်သို့ အရှိန်ပြင်းပြင်းဖြင့် တက်သည့်အခါ ကြုံရမည့်
အပူဒဏ်ကို ခံနိုင်ရည်ရှိပေမယ့်
မိုးလေးတဖွဲဖွဲရွာတဲ့အခါမှာတော့ အမိုးပါ လန်ထွက်သွားတယ်

“ကျုပ်သာဆို စောစောတည်းက သံဖြတ်လွှကို သုံးပစ်လိုက်မှာ”
“ကျွန်မကတော့ လက်သည်းချွန်တံစဉ်းလေး သုံးလိုက်မှာ”

တကယ်လို့၊ တကယ်လို့၊ တကယ်လို့တွေ
တကယ်လို့ တကယ်လို့သာ မရှိခဲ့ရင်ကော

၇၃စက္ကန့်နဲ့ သံပတ်ပေးပြီးသားပါ
ဝယ်ယူပြီးကံကြမ္မာ ပြန်လဲမပေးပါ

“မေမေ ယာဉ်ပျံကြီးနဲ့လိုက်သွားတာ ကောင်းကင်ပေါ်ရောက်သွားပြီလား”
“ဟုတ်တယ် သမီး၊ သမီးမေမေ ကောင်းကင်ပေါ်ရောက်သွားပြီ”

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ ၂၀၀၉)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s