လမ်းအိုလေး

beyond chaOs

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့ – ၁၀ (စိုင်းဝင်းမြင့်)

Leave a comment

လူတစ်ယောက်လျော့သွားတာကို
ခေတ်တစ်ခေတ်နဲ့အစားထိုး။  ၁၀၊ ၉၊ ၀၈
ငလျင်ကြောထဲမှာ ခုနစ်လွှာ၊ နေ့စဉ် ဆင်းတက်နေရတာပဲဖြစ်ဖြစ်။ မုန်တိုင်းထဲမှာ ကုန်တင်ကုန်ချ သင်္ဘောကြီးတွေ ၀င်ရောက်ထွက်ခွာနေတာ၊ အငွေ့တလူလူ ရေခဲတင်ကားကြီးတွေ ဖြတ်အသွား ဆင်မင်း လမ်းတစ်လျှောက် ကိုယ်လည်း အေးသွားတာ ကမ္ဘာ့အစိတ်အပိုင်း ရန်ကုန်လမ်းနှစ်လမ်း တစ်နည်းအားဖြင့် ရှုခင်းနှစ်ခု နောက်ထပ်ထပ်ပြောရရင် သွေးကြောနှစ်ခု ဖြုတ်ယူသွားတာ ကမ္ဘာ့အရင်းအမြစ် လည်နေတော့ ခြေရာကောက်မိတော့ မြစ်ကူးချောင်းခြား ၃၃-လမ်းကို အဝေးက ကားကွက်ချထားတာ အစဉ်သဖြင့် အဆင့်ဆင့် ပန်းပွင့် နောက်ကွယ်/ လောက်ဖွယ် ဘယ်သူရောက်မှာလဲ ရန်ကုန်ဟာ မော့မော့ကြည့်ရတယ် အပေါ်ယံရှပ် အခုလဲကျ အမြစ်ပြတော့ သစ်ပင်ကြီးကြီး မြင့်မြင့် အမြစ်မဝေး ရေခဲတောင်နဲ့ပြောင်းပြန် ရန်ကုန်သား/ လား။  ၈-၉-၀၈
လက်နှစ်ဖက်ဟာ ဗလာမဖြစ်သေးပဲနဲ့ ဘာကိုထပ်ယူလို့ရမှာလဲ၊
ဒီတော့ သာမန် လူ့ဘ၀နဲ့
စိတ်ကူးချိုချဉ်ဖြစ်ဖြစ်
လက်သီးချိုချိုလေးဖြစ်ဖြစ်။  ၆-၉-၀၈
အိမ်ထွက်စော အောင်ဇော်ဆီဝင် လက်ဖက်ရည်သောက်
အိမ်အပြန်မြစ်ထဲရောက်မှ ကိုစိုင်းစိုင်းဖုန်းဆက်
”ကျွန်တော်အခုမှ မြို့ထဲရောက်လို့” ဆိုလား။  ၃-၉-၀၈
ကိုမိုးဝေးဆီဝင်၊ မမမြင့်ရောက်လာ “ဟိုဖက်ကမ်းကလူတွေ ဖမ်းနေတယ်နော်” ကိုချောပုံဖမ်း၊ ကဗျာထဲမှာပဲလေ ကိုချောက အဲဒီထဲ ဆင်းမကြည့်ဘူး၊ လူဆန်း မင်းလမ်းရှေ့ဆက်တိုးရင် ၂၀-နဲ့ ဘယ်လောက်ဆိုလား လူဆန်းက ၆၀-နဲ့ဘယ်လောက် အဲသလောက်ပဲပေါ့၊ တစ်ညနေ လူဆန်းက အတင်းတား ဘီယာတိုက်သောက်မှ ၃၀၀၀၊ မပေးရင်လည်းနေ မောင်နှမလို သားအမိလို သောက်ချင်ယောင်ဆောင်ရ (နောက်ဆုံးတော့ )၊ မနက်ဖန် ကိုချော ၆-နှစ်ပြည့် သတိရရင် လာကြပေါ့တဲ့။ ညနေကိုစိုးနိုင်ဆီရောက် သူအခု ဘာတွေဆွဲနေသလဲ။ တစ်ရက်ကလေးများ တိုးပြီးပျော်မလားလို့။  ၂-၉-၀၈

(များများမြန်မြန် – စိုင်းဝင်းမြင့်၊ ကျော်မွှေး၊ ၂၀၀၈။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s