လမ်းအိုလေး

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

ကျောက်ခဲတစ်လုံး၊ ငှက်တစ်ကောင်၊ အခန်းတစ်ခန်း (ဇေယျာလင်း)

Leave a comment

မတရားဘူးလို့ မပြောနဲ့
ပြောပိုင်ခွင့် မရှိတော့ဘူး
မင်းငါ့ကို မပြောသေးတာတွေ ရှိသေးတယ်
လင်းနို့မှ သိမ်းငှက်
လင်းနို့မှ သိမ်းငှက်
အနေအထား တင်ပြပါ
ဒါပဲ
လက်တစ်ကုပ်စာ အစွန်းအစပ်မှာ
ချောက်ကမ်းပါးရဲ့ အနက်ကို မတိုင်းရသေး
အခြား လက်တစ်ဘက်ထဲမှာ စာမျက်နှာ
ပြဌာန်းစာအုပ်
လုပ်နေတာ ကလေးကလားဆန်လွန်း
အန္တရာယ်ကြီးလွန်း
ချစ်ကြည်ရေးဘတ်စကက်ဘောကစားသူတွေ
အသုံးမ၀င်ဘူးပေါ့
စည်းမျဉ်းထဲလဲ မပါဘူး
အနေအထား တင်ပြပါ
ဒါဟာ ကစားပွဲမဟုတ်ဘူး
စည်းစနစ်အရေပြားအောက်က တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသား
စာသားတွေပေါ်လာချိန်မှာ
အဓိပ္ပါယ်ဟာ နှောင်းခဲ့ပြီ
ရထားမောင်းသံဟာ
စိတ်တံခါးမှာ တရစပ်ခေါက်သွားတယ်
အတိတ်မေ့ငှက်တစ်ကောင်ပဲ
နံရံတွေဝင်တိုက်
ဘာရှာနေတာလဲ
နောက်ဆုံးအကြိမ်တုန်းက ရှာသူတွေ
ပျောက်သွားတယ်
မေးခွန်းတွေဟာ ကျွမ်းဘားပဲ
လေထဲယာယီဝဲကြတယ်
ကြမ်းပြင်ဟာ အမြဲရွေ့နေတယ်
မနက်သင်္ဘောမှာ ညကုန်စည်တွေပုပ်သိုး
ရောင်းအားမြှင့်ဖို့ မြေပုံတွေပြန်ပြင်
ဒီထိုးဇာတ်ကို ဘယ်သူဒကာခံမလဲ
တော်တော်များများ ဆုတ်ဖြဲခံထားရတဲ့
ဘာ’ဒါပေမယ့်’မှ မကြားချင်ဘူး
ဒါဟာ ကစားပွဲပဲ
ဘယ်သူမှ ဒဏ်ရာမရပါဘူး
သိပ်နက်လွန်းတယ်
ရှေ့ကျွမ်းသုံးခါ
နောက်ကျွမ်းသုံးခါ
ထမင်းတစ်နပ်စာ
ကိုယ့်ကိုယ်ကို သိဖို့
ခက်ခက်လာနေတာက တစ်ကြောင်း
ရေပြင်ဟာ မျက်နှာပြင်ပြောင်းလွန်းတယ်
ဗသျှိုးရဲ့ ဖားကင်က မွှေးနေပြီ
ယှဉ်ပြိုင်မည့်သူများ
တာထွက်လိုရာ မိုးကုပ်စက်ဝိုင်း
— ရက် နောက်ဆုံးထား၍
လာရောက်စာရင်းသွင်းကြပါရန်
မျက်နှာကျက်တွေဝင်တိုက်
ပြူတင်းပေါက်ကို မှတ်မိတဲ့ပုံ
မပေါ်ဘူး

(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s