လမ်းအိုလေး

Løøps of Resistance …

ဇေယျာလင်းအရေးအသားလိုမိန်းမ (အောင်ရင်ငြိမ်း)

1 Comment

အနေအထိုင် မတတ်သူ
စာရွက်လှန်လိုက်မိတာက ငါ့အမှား
အဓိပ္ပါယ် ရွဲ့စောင်းလို့
ဝမရှိပဲဝိလုပ်ချင်တဲ့ ရုပ်တု
မင်းဟာ  ..  ငါမကြိုက်တော့တဲ့ ကဗျာ
ငါမကိုးကွယ်နိုင်တဲ့ ဘာသာရေး
ရှင်ပြောတော့ ကျွန်မကရှင်မဖွဲ့နွဲ့နိုင်တဲ့ သင်္ကေတဆို
ငါ
ဆွဲဆောင့်လိုက်ရရင် ပွင့်ထွက်သွားတော့မယ်
ပြောင်းလဲခြင်းဟာ အမှန်တရား
အနိစ္စကို စာလုံးမှန်အောင် မပေါင်းတတ်ဘဲ
နထ္ထိဝါဒအကြောင်း လာမပြောနဲ့
အချစ်မရှိဘူးဆိုရင် ကျွန်မသတ်သေလိုက်တော့မယ်
ဘာလဲ
မင်းက ဆီလီယာပလာသ့်မို့လို့လား
အနုပညာနဲ့ အတင်းပြောတာ
လှပတဲ့ အောက်တန်းကျမှုပဲ
ရော့ခ်…..ရော့ခ်
ရှင်ကျွန်မကို စိတ်ဆင်းရဲအောင် မလုပ်နဲ့
ရော့ခ်…..ရော့ခ်
အစွယ်အဖွေးသားနဲ့
မြွေဟောက်လို မိန်းမ
မင်းလေသံကို ကီးချိန်းစမ်း
မင်းလျှာကို ခေါက်ထားစမ်း
ကျွန်မတို့ ရင်ကြားစေ့လို့ မရနိုင်တော့ဘူးလား
မိတ္တဗလ ဋီကာစာသားတွေ
လူမှုဆက်ဆံရေး သင်တန်းမှာ သွားပြော
ငွေကြေး လိင်နဲ့ဂုဏ်ဒြပ်
မိန်းမတွေ အလိုရှိတာ ဒါပဲမဟုတ်လား
အမှန်တရားမို့ နားခါးမယ်
ငါ့ကို
အဲ့ဒီမြွေမျက်လုံးမျိုးနဲ့ မကြည့်နဲ့
ကိုယ့် အဓိပ္ပါယ်နဲ့ ကိုယ်နေ
အဖြစ်မှန်ကို မြင်အောင်ကြည့်
အိမ်ထောင်ရေးဆိုတာ
လူနှစ်ယောက်အပြန်အလှန် စစ်ကြေငြာခြင်းပဲ
အချစ်ဆိုတာ
ယာယီ အပစ်အခတ် ရပ်စဲထားခြင်းပဲ
ငါဟာ
ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံး
ရက်စ်အော်နိုး
ဒူးအော်ဒိုင်း
ဗို့အား ၆၆၀၀
သတိ အန္တရယ်
သေတတ်တယ်။

(Src: )

One thought on “ဇေယျာလင်းအရေးအသားလိုမိန်းမ (အောင်ရင်ငြိမ်း)

  1. ကျနှောတို့ မြန်မာကဗျာတွေအတွက် ဝမ်းမြောက်ပါတယ်
    ပြီးတော့ လေးစားပါတယ်
    တင်လတ်ကို ။ရိုးဒီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s