လမ်းအိုလေး

Løøps of Resistance …

ကဗျာဆရာအမှတ် အယ်လ်ဖာ 134 ကို ဖွင့်ကြည့်ခြင်း (နေမျိုး)

Leave a comment

ပိုးဟပ်များ ပိန်သောမိန်းမများ ပြာမှုန့်များ
အမာရွတ်များ လည်နေသောဘီးများ ခွေးဟောင်သံများ
ညစာစားပွဲများ သွားတုများ မျက်နှာဖုံးများ
စက္ကူစုတ်များ ငါးရိုးများ တွေးခေါ်မျှော်မြင်မှုများ
ပြဌာန်းချက်များ မွေးဖွားပြီးစကလေးအသေများ လမ်းမများ
ခေါ်သံများ နံရိုးများ ဦးခေါင်းများ သေးငယ်သောအဓိပ္ပာယ်များ
ရေငုတ်သင်္ဘောများ ကြယ်သေများ ၀ိုင်ယာကြိုးများ
မိုးဥတုများ ထင်းရှုးသေတ္တာများ ငတုံးများ
လက်ထပ်လက်စွပ်များ ကြယ်သီးပြုတ်နေသောအ၀တ်များ မုဆိုးမများ
ပြားချပ်ချပ်အရာဝတ္ထုများ အံစာတုံးများ ငါးမျှားချိတ်များ
ကိုလံဗတ်များ နီရိုးဘုရင်များ ဆော့ခရတ္တိများ ဆစ်ဖလစ်ပိုးများ
ရုပ်ရှင်လက်မှတ်များ ရေဒီယိုသတ္တိကြွမှုများ အူဟောင်းလောင်းများ
စစ်တုရင်မြင်းရုပ်များ မြေပုံကားချပ်များ မီးပြတိုက်များ
နှေးကွေးစွာလည်ပတ်နေသော စက်ယန္တရားများ စွန့်ပစ်ပစ္စည်းများ အက္ခရာဝါကျများ
အနက်ရောင်နို့များ အရေးကြီးသောလက်ညှိုးများ ကြေးနန်းစာများ
တစ်ဝက်သာရေးထားတဲ့ဝတ္ထုတိုများ မီးလောင်ပြင်များ မိုက္ကရိုစကုပ်များ
သုခမိန်များ လူမိုက်များ သံပတ်စက်ရုပ်များ မိန်းမလျာများ
သော့ခလောက်တန်းလန်းနှင့်အိမ်များ ဆေးထိုးအပ်များ သာမိုမီတာများ
ဗလာစာအုပ်များ နံရံများ အမဲလိုက်ခွေးများ
လူရွှင်တော်များ ဘီသွေးများ ဧ၀ရက်တောင်များ
ညစ်ညမ်းစာအုပ်များ လူအိုရုံများ ထမင်းကြမ်းခဲများ
ပုပ်နေသောကြက်ဥများ အကောင်းစားစိတ်ကူးများ ချိုင်းထောက်များ
ကြီးသောကဗျာကျောက်ဖြစ်ရုပ်ကြွင်းများ အသားကင်များ ပွန်ပီမြို့ကြီးများ
တနင်္ဂနွေနေ့များ ရေတံခွန်နှင့်တူသောနောင်တများ မီးသတ်ကားဥသြသံများ
သဘာဝအလျောက်ဖြစ်ပေါ်လာသောပြဿနာများ မုတ်ဆိတ်မွှေးများ ဘူဒိုဇာများ
ဆန်ကွဲစေ့များ လေယာဉ်သတ္တုများ မြင်းခွာသံများ ကြမ်းပိုးများ
ရေခဲနေသောဦးခေါင်းများ မီးတောင်သေများ U4များ
နောက်ထပ်ပိုးဟပ်များ နောက်ထပ်ပိန်သောမိန်းမများ နောက်ထပ်ပြာမှုန့်များ
နောက်ထပ်အမာရွတ်များ

၅၊ ၇၊ ၁၉၉၉။


(ကြယ်များနဲ့အတူ – မောင်ဆေးရိုး၊ နေမျိုး၊ ကိုထက် (ရေဦး)၊ ထွန်းလွင်သွယ် (ဆူးဖြူရိပ်)၊ ဇော်ထိန်၊ နေညိုအောင်။ လင်းသစ်ရောင်စဉ် – ၂၀၀၈)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s