လမ်းအိုလေး

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

သဘာဝသမိုင်း ပြတိုက်မှူး (ဇေယျာလင်း)

Leave a comment

အပုပ်နံ့ဟာ အဆိုးဝါးဆုံးပဲ
စကြ်ံတစ်လျှောက်မှာ
မြူထဲမြုပ်နေတဲ့ မြို့တစ်မြို့လို
အပုပ်နံ့ပေါင်းစုံ ပျစ်နှစ်။

စင်္ကြံအဆုံးက အခန်းထဲမှာ
သွေးပြီးသား ဓားထက်ထက်နဲ့
ပိုထက်တဲ့ စိတ်အပိုင်းနဲ့ အစိတ်စိတ်ပိုင်းဖို့
လတ်လတ်ဆတ်ဆတ်။

နွေးနွေးထွေးထွေး
အသေကောင်တွေ
(သူ့အသုံးအနှုန်းက ‘အမှုတွဲသစ်’တွေ)
ခုနကပဲ လာပို့သွားတယ်။

ဟောဒီမှာ ချင်ပန်ဇီတစ်ကောင်
ဟိုဘက်စားပွဲမှာ သောက်ရှုးကြယ်
ကြွပ်ကြွပ်အိတ်ထဲမှာ ဝေလငါးမန်း
အပြောမကောင်းတဲ့ဟာ တစ်ခုခု။

သူလုပ်မနေဘူးဆိုရင်
သဘာဝအင်ပါယာကြီးရဲ့
အရေခွံ အကြောအမျှင် အရိုးစ
သူဆက်စပ် တွဲချုပ်နေမှာပဲ။

ကျောက်ဖြစ်ရုပ်ကြွင်းငှက်ရဲ့ မျက်လုံး
ခွေးတူဝက်တူရဲ့ ခြေသည်း၊
လင်းပိုင်ရဲ့ စိတ်နေစိတ်ထား၊
သမန်းကျားရဲ့ အတိတ်သမိုင်း။

နေ့လည်စာစားပြီးရင် ဇာမဏီရဲ့အမြင်
အာရုံကြော ခွဲစိတ်ကြည့်ရမယ်
ထမင်းစားခန်း နံရံက
ဝှိုက်ဘုတ်မှာ သတိပေးစာ။

အ၀တ်ဗီရိုထဲက
တဒေါက်ဒေါက် ခေါက်နေတာ
ဘယ်အရိုးစုလဲ ဘာလိုချင်လဲ –
သွားမေးလိုက်စမ်း။

ဆာပြန်ပြီလား၊ TVကြည့်ချင်လား
အသွေးအသားတောင်းနေပြန်ပြီလား
သူ့တစ်သက်မှာ
ရှားပါးသတ္တ၀ါတော်တော်များများ
မျိုးတုံး သွားကြပြီ။

မတုံးသေးတာက
သူ့အတ္တ၊ ပညာမာန
သဘာဝတရား ခွဲစိတ်ပါရဂူ
မဟာအလှူဒါန။

”သိပ္ပံပညာဟာ
အရောင်းအ၀ယ်မဟုတ်ဘူး”
အရိုးတစ်စပေး
အကောင်တစ်ကောင်လုံး ထုတ်ပြမယ်
မြေအောက်ခန်းတွေမှာ
အရှင်လတ်လတ်ရှိနေသေးသလိုမျိုး။

သူ့မှတ်တမ်းစာအုပ်ထဲမှာ
ကြိုက်တဲ့အကောင်ပြော
သူလှောင်ထားတယ်
နောင်လာနောက်သားများ လေ့လာဖို့
မရှိတော့တဲ့ ‘မိုအာ’ငှက်ကြီးရဲ့
အိပ်မက်ထဲ သူ့ဝတ်ရုံနဲ့
ပျံသန်းလို့။

မျောက်နံရိုးစွန်းမှာ
ခေတ္တ
အပန်းဖြေ၊
အိမ်ရှေ့မှာ အလှဆင်ဖို့ ဠင်းတသည်းခြေ
မြှူဆွယ်လို့။ အားလုံးသတိ
ပြတိုက်မှူးကြီး ကြွလာပြီ။

ဇွန် ၂၀၀၂


(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s