လမ်းအိုလေး

Løøps of Resistance …

ဟာသကအခုမှ စမှာဆိုရင့့်  (စိုင်းဝင်းမြင့်)

Leave a comment

ဟာသကအခုမှ စမှာဆိုရင်
ရယ်တာကို ရပ်လိုက်တော့မယ်လေ

ပြန်ကောက်မယူနိုင်တော့တဲ့ သစ်သီးတွေများလာပြီ။ အမှောင်ထဲ ခုန်ထမိသလောက်ပဲ ကျန်တော့တယ်။ ရေစီးရေဆန်က ကမ်းပါးကို ဖဲ့စားနေတာ။ အခုလို မရေးခြစ်မိရင် တစ်ခုခုနဲ့မလဲနိုင်/ဖြစ်ခဲ့ရင် (အရာအားလုံးနဲ့ ) ရပါတယ်ဆိုရင် အစပြန်မပေါ်တော့ဘူး။ အစကို နင်းပြီး လိုက်သွားမယ်ဆိုရင် စကားအတိုင်း အပြုအမူအတိုင်း ဘယ်အခြေပဲဖြစ်ဖြစ် ရရချင်တစ်ကြောင်း အနည်းဆုံး လက်ဖ၀ါးပေါ်မှာ ရေးခြစ်လိုက်ရတော့မှာ။ ဦးနှောက်ပျက်နေတဲ့ ထိုစက်ရုပ်စာအုပ်ကိုင်ပြီး သူကွေ့ကောက်ရောက်ရှိလာ။ အခုတော့ ဘာမှမကျန်တော့ဘူး။ မျက်လုံးနဲ့ လက်အကွာအဝေး ခြေထောက်ရွေ့လျားမှုလမ်းကြောင်း၊ ကိုယ်ဟန်အနေအထား၊ ရှိနေဆဲတင်ဆက် တပ်ဆင်မှုသူ့နေရာနဲ့သူ ရှိနေ/ခဲ့တာလား။ ပါးစပ်၊ လက်၊ အဆုတ်၊ အသည်း၊ နားရွက်၊ သွေးကြောလုပ်ငန်းခွင်၊ နှလုံးသွေးမခန်းမီ သက်တမ်းနှစ်တွေကြာလာတော့ အခုအနေအထား ပုံမှန်လက်ခံပြီးသား ဖြစ်သွားတာလား။ အစက နဖူးမှာ တစ်ခုခုရှိရင်ရှိခဲ့မယ်။ ခန္ဓာကိုယ်မှာ ခြေထောက်သုံးချောင်း၊ လက်အပိုတစ်ခု၊ လက်ချောင်းလေးတွေ လှုပ်ရှားနေတာ မမြင်ရနိုင်လောက်တဲ့ အကွာအဝေးတစ်ခု ခန္ဓာကိုယ်ထဲမှာ (အံ့ဖွယ်အဲလစ်ပြန်ကြည့်) အရွယ်အစား ကြီးသွားလိုက်၊ သေးသွားလိုက်၊ ပေါ်လိုက်ပျောက်လိုက် (သွားတွေအရင်ပေါ်လာ၊ တဖြည်းဖြည်းခေါင်းပေါ်လာ၊ နောက်ရပ်သွား) ဖြစ်တတ်သလား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကဖြစ်ဖြစ် ရပ်ကွက်ထဲမှာဖြစ်ဖြစ် ဆုတ်/ဆုပ်ယူခဲ့ဖူးတဲ့ အရေးအသားတစ်ခုထဲမှဖြစ်ဖြစ်။
စတိုးဆိုင်ရှေ့မှာချိတ်ဆွဲထားတဲ့ မိန်းမကိုင်လက်ဆွဲအိတ် လှလှလေး အဆင်အသွေးရောင်စုံ ကိုယ်ငေး/မေးမိတာ ကိုင်ဆွဲချင်စိတ် ဖြစ်ခဲ့ဖူးတာ (အခုလို ဖြစ်ရပ်မျိုးနဲ့ ခပ်ဆင်ဆင်) သုံးစွဲတာနဲ့ ဆွဲ/စွဲသုံးတာနဲ့ မကွဲခဲ့ရင် ကိုယ်လည်း (ဥပမာ-ခေတ်ပေါ်ကဗျာ) အဝေးကြီးကတည်းက သိတယ်။ မြင်နေကျတချို့/ မြို့တစ်မြို့ပထမတော့ ဆံပင်ကိုကြည့်တယ်။ ကောက်ထားတာလား။ မွေးကတည်းကပါခင်ဗျာ။ နောက်တော့ ဆက်လက်ကြည့်သွား။ လိမ္မော်တစ်ဖက်၊ အနက်တစ်ဖက် အရောင်ကွဲနေတာ တစ်ရံမဖြစ်ဖူးလား။ (ဘယ်ညာ ဘယ်ညာ) တစ်ဖက်မှာ တစ်ခါတစ်ရံ။ အဆင်ဆန်း ဒီဇိုင်းစုံ စီးကြည့်လိုက်ရင် တော်တော်ပေါ့မှာပဲ။ ကိုင်ကြည့်ငေးကြည့် ရှေ့တိုးကြည့်။     ။

၃၊၁၊၂၀၀၈

(များများမြန်မြန် – စိုင်းဝင်းမြင့်၊ ကျော်မွှေး၊ ၂၀၀၈။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s