လမ်းအိုလေး

Løøps of Resistance …

ကြိုဆိုပါတယ် မေယာလန်းစကီး၊ စိန့်လပ်ကီးနေ့ (စိုင်းဝင်းမြင့်)

Leave a comment

ကြိုဆိုပါတယ် မေယာလန်းစကီး၊ စိန့်လပ်ကီးနေ့
(မြေအောက်ကမ္ဘာမှ တင်ဆက်သည်)

တစ်ကနေ ပြန်စရမယ်ဆိုလည်း
အပြောင်းအလဲ အကွေ့အကောက်မရှိ ဒီအတိုင်းပြန်စရမှာပဲ
ဆောက်တည်ရာမရလို့ တည်ဆောက်နေတာ
မိတ်ဆွေတို့၏ မိတ်ဆွေပါ
စည်သွပ်မီးခဲ သေနတ်ပြောင်းဝက ပိုက်ဆံ
အခန်းစဖွင့်ဖွင့်ချင်း သေနတ်သံနဲ့စ
ခင်ဗျားတို့အနားက သေနတ်သံတွေပဲ ကြားနေရ
ပထမဆုံး တစ်ခန်းထဲနဲ့ လူရှစ်ယောက် သေသွားတယ်
မင်းခေါင်းကိုအသုံးချစမ်းပါ ကိုယ့်လူရာ
ကောင်းကောင်းဖြတ်မထားလျှင် သူထပ်ဖြတ်ပေးမည်ဟုလည်း
ရန်စကားထပ်ပြောသည်
ဟန်ဆောင်၍ခါးကုန်း လမ်းလျှောက်ပေးသော သူငယ်ချင်းမှာ
တကယ်ပင့့်
လန်းစကီး ပြန်ပြောနေသောအသံမှာ ကျယ်လောင်ပြီး
စိတ်ပါလက်ပါရှိလှကြောင်း
အစ္စရေးဆိုသည်မှာ သဲပြင်များသာရှိသော အရှေ့အလယ်ပိုင်းဒေသ(နှိက်)
အသက်ရှင်နေနိုင်ရေးအတွက် အင်နှင့်အားနှင့်
အမြဲတမ်းသွေးသံတရဲရဲ
ထိုးခုတ်ရုန်းကန်နေရသောလူမျိုး
ဒီနေ့ကစပြီး လပ်ကီးလို့ခေါ်ရမယ်
စာကြောင်းများ တစ်ခုနှင့်တစ်ခုဆက်စပ်နေကြသဖြင့်
ကျွန်တော်ဖြတ်တောက်ရန် စဉ်းစား၍မရတော့ပါ
ခေါင်းကျတဲ့အကောင်က အခန်းသုံး
ပန်းကျတဲ့ကောင်က အပြင်မှာ တစ်ညလုံးထွက်ပြီး လမ်းလျှောက်ပေတော့
ဘာရုပ်ရှင်မှ မလိုချင်ဘူး
ဒီဟာကို ချာလီလပ်ကီးအတည်ပြုတယ်
ဒီလိုချာလီလပ်ကီးကပြောတယ်
ချာလီလပ်ကီးက ဒီလိုတာဝန်ယူတယ်
အခုတော့ ငါးမိနစ်တစ်ခါ ဆေးတစ်လုံးမျိုချလို့
”လူငယ်လေးဆိုသည်မှာ”့
ဇာတ်လမ်းတစ်ခုလုံးတွင် သူဖြစ်ပျက်ခဲ့သည့်အတိုင်း
ရေးသားထားခြင်းဖြစ်သည်
လေသံကတော့ နယူးယောက်လေသံနဲ့ ပြောတာပဲ
ငါဝတ်စုံသစ်တစ်စုံ ၀တ်နေတာပဲ
မင်းရော ဘာဖြစ်လို့ ၀တ်စုံအသစ်တစ်စုံ မ၀တ်ရမှာလဲ
ကောင်းပြီ အခုကစပြီင်္း ချာလီ
အမေဟာ ဘယ်တော့မှ ချာလီဆိုတဲ့နာမည်ကို မခေါ်ဘူး
ညစ်တီးညစ်ပတ်ချာလီ
ကျုပ်အ၀တ်အစားတွေမှာ ပေသွားတဲ့
သံလွင်ဆီဖတ်တွေဟာ ဘယ်တော့မှချွတ်လို့မရတော့ဘူး
သင်္ချာမှာ ပါရဂူဖြစ်တဲ့ လန်းစကီး စစ်ဟာ တစ်နှစ်ထက်ပိုမကြာဘူး
မေယာလန်းစကီးရဲ့ အပြောအရဆိုရင်
ကျုပ်တို့ရဲ့ ငွေတွေကို အဲဒီမှာ အပ်မယ့်အစား
အဲဒီဘဏ်ကို့
ဘ၀ရှည်ရှည် ကမ္ဘာကျဉ်းကျဉ်း
ကျုပ် အသုဘခေါင်းကို သံမှိုတစ်ချက်ရိုက်ပြီး
ကျော်ကြားချင်တဲ့ကောင်တွေ
မီးကိုမီးနဲ့ငြိမ်းဖို့
ကျန်ရှိနေသေးသော ဘ၀ရဲ့အစိတ်အပိုင်းကို ဆက်လက်စီစဉ်
သူက မိုးနတ်ဒေ၀ီ ကျုပ်က ငရဲအိုးထဲမှာ
ဂျွန်းပစ်နေတဲ့ကောင်ပေါ့
မင်းက ဂျူးလူမျိုး ဖြစ်ပေမယ့်
မင်းကို မွေးပေးတဲ့လက်သည်ဟာ စစ္စလီ ဖြစ်လိမ့်မယ်
စစ္စလီတစ်ယောက်ကို နားလည်ချင်ရင်
သူ့ခေါင်းထဲ သွားကြည့်ရမယ်
ချုံပတ်လည်ရိုက်နေတာ ကျုပ်မလိုချင်ဘူး
မင်းရဲ့စက်ခေါင်းကြီးနဲ့ပဲ တွက်ကြည့်ပါဦး
ချာလီလပ်ကီးရဲ့ အဆိုးဝါးဆုံးနေ့တစ်နေ့
လက်မနှစ်ချောင်းကို ပူးချည်ပြီးဆွဲထားတာ
ကျုပ်အဖေ အမြဲတမ်းပြောနေတဲ့စကားတစ်ခွန်း
အမေရိကကိုသွားမယ်
အိပ်ရာကထပြီး မျက်နှာသစ်နေနိုင်သေးတာ
ငြိမ်သက်တိတ်ဆိတ်မှုကို
ညှင်းပန်းနှိပ်စက်မှု၏ လက်နက်အဖြစ်
စတင်အသုံးပြုလိုက်သည်။     ။

(များများမြန်မြန် – စိုင်းဝင်းမြင့်၊ ကျော်မွှေး၊ ၂၀၀၈။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s