လမ်းအိုလေး

beyond chaOs

အစီအစဉ် ပြီးဆုံးကြောင်း ကြေငြာခြင်း (မင်းနဒီခ)

Leave a comment

ကြေညာချက်မဆုံးခင်မှာပဲ အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်တယ်
အားလုံး ပျော်ပျော်ပါးပါး ရယ်ရယ်မောမော အားပေးအားမြှောက်ရင်း အားလုံး
အလုံးတူ အရပ်တူ အရောင်တူ အဆင်ကွဲဒီဇိုင်းနဲ့ လိင်အကွဲအပြား
အတူတကွ ဆက်လက်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုအစီအစဉ်
တစ်ဟုန်ထိုးမြှင့်တက်လာတဲ့ စတော့ရှယ်ယာဈေးကွက် အကျိုးအမြတ်အရ
အချိုးကျ အညီအမျှခွဲဝေစားသုံးဆက်လက်မတည်ရင်းနှီးခြင်း
ဖန်ခွက်များ တညီတညွှတ်ထဲ ပင့်မြှောက်ဆုတောင်းမော့သောက်လိုက်ကြ
အောင်မြင် အောင်မြင်ပါစေ ဆက်လက်အောင်မြင်ပါစေ အဲဒီအတိုင်း
တစ်ယောက်ပျော်ရွှင်မှုမှာ တစ်ယောက် ၀တ်မှုန်ကူးလူးဆက်ဆံမျိုးပွား
သတိ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်မျှော်နေပါသည်
ထပ်ပြော ထပ်ပြော မကြားရဘူး တီးလုံးက အရမ်းမြန်နေတယ်
စာသားက နှေးနေတယ် ထပ်ပြော ထပ်ပြော မကြားရဘူး
ဒီဂျေက သူ့ရဲ့ဓာတ်ပြားကို မီးထတောက်အောင်ပွတ်တိုက်
ရောင်စုံဆလိုက်မီးတွေကြား လာ ကျွန်တော်တို့ အတူတွဲကကြရအောင်
မျက်မှန်ကို ချွတ်လိုက် လက်ထဲက ဖန်ခွက်ကို ခဏချလိုက်
ညီအစ်ကို မသိတသိ လင်းတစ်ဝက် မှောင်တစ်ဝက် အနားနားတိုးဖက်ထားစမ်းပါ
ကြားလိုက်သေးလား ဆင်ခြင်တုံ အရှက်တရားအပိုင်းအစ လွတ်ကျကွဲသံဂုဏ်သိက္ခာ
အစီအစဉ် ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှု
မောနေလား မောနေပြီလား ဘယ်လောက်မောနေသေးလား
ထပ်ထည့်ပေးရမလား ဖြစ်လား ဖြစ်ရဲ့လား ဘယ်အထိ ဖြစ်နေသေးရဲ့လား
ကင်မရာမီးတွေတဖျတ်ဖျတ် အဲဒီအကြောင်း မနက်ဖြန်သတင်းဂျာနယ်ထဲမှာ စောင့်ဖတ်
အောင်မြင်မှုရဲ့ အသီးအပွင့်များ၊ ရလဒ်များ၊ မြှပ်နှံထားသောဘ၀များ
ငယ်ဘ၀ရဲ့ အမာရွတ် တူးဆွခံရတဲ့ မြေစိုင်မြေခဲများ ဖုံးအုပ်ထား
ကိုယ့်ဝမ်းကိုယ်ကျောင်း ခြံထဲမောင်းသွင်းခံရတဲ့ ညနေ ချန်ခဲ့
ချက်ချင်းအတိုးချပြီး အားပါးတရ ပျော်ပစ်လိုက် ကခုန်လိုက် ပွေ့ဖက်နမ်းရှိုက်လိုက်
သတိ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်မျှော်နေပါသည်
ထပ်ထည့်ပေးရမလား တော်ပြီလား ခင်ဗျားများနေပြီ ထည့်ထည့်
အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ပန်းဝင်ခြင်းပန်းတိုင်
နားလည်မှု ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု ထိုးဖောက်စွန့်စားစွန့်ဦးတီထွင်ခြင်း
ဟုတ်ပြီလား ခင်ဗျားမေးချင်တာ ဒီကဗျာအကြောင်းလား
အခု နောက်ဆုံးအစီအစဉ်အရ အစီအစဉ်ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား။

(ရယ်စရာ – အောက်တိုဘာ၊ ၂၀၀၈)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s