လမ်းအိုလေး

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

ဒီတစ်ခါရှင်းပြဖို့ အလှည့်ကျသူကတော့ ကျွန်တော်ဖြစ်ပါတယ် (ဇေယျာလင်း)

Leave a comment

ဘယ်ပေတံနဲ့ (ဘာနဲ့) တဲ့လဲကောင်းကင်မှာ
တိမ်တိုက်တစ်ခုဟာ သူ့ခဲရောင်ပုပ်ပုပ်ကျောပြင်ကို
မြင်ဖြစ်အောင် မြင်လိုက်တယ်
ခွေးအတစ်အုပ်ရဲ့ဝိုင်းအမဲဖျက်ခံနေရတာ
ဆိုလိုတာက – ဒီကိစ္စပြယ်နေတာကိုစတွေ့ရှိရတယ်
ပိုးသတ်ဆေးဖြန်းနေ့ရဲ့အနံ့စူးစူး
စုံထောက်ဖို့အာသီသကိုတွန့်ဆုတ်သွားစေတယ်
ကျွန်တော်ဟာရှင်းပြဖို့အလှည့်ကျသူပါ

အူထဲမှာမှတ်ဉာဏ်ရှိလားမေးခွန်းကိုကြောက်ကြ
တချို့တ၀တပြဲစားတယ်
(တချို့တကယ်စားတယ်လို့ နောက်ဆုံးသတင်း)
ဟောဒီဇယားထဲမှာနေမကောင်းဖြစ်ကြတယ်
စာရေးသူအပါအ၀င်မျှော်လင့်ချက်ရှောင်တခင်စစ်ဆေးရာမှာ
ချို့တဲ့မှုရောဂါလို့အခိုင်အမာယူဆရတဲ့
ကွက်လပ်တွေပြုပ်ထနေတာတွေ့ရှိရပါတယ်
ဟုတ်ကဲ့
ကျွန်တော်ရှင်းပြပါ့မယ်အလှည့်ကျသူမှာ
ဒီတစ်ခါဟာဖြစ်ပါတယ်

ဒီကိစ္စပေါ်မှာလူတိုင်းထင်မြင်ချက်ကိုယ်စီနဲ့
အဲသလိုမျိုးပေါ့နော်ဟောဒီမှာဆူညံမှု
တက်ကြိတ်ခံရတဲ့တိတ်ဆိတ်မှုရဲ့အပိုင်းအစ
(သတင်းတော့ဖြစ်မသွားရှာဘူး)
သတင်းကိုယ်စီနဲ့လူတိုင်းရဲ့ကိစ္စဟာသန့်ရှင်းရေးပဲ
မျက်မြင်သက်သေတွေ အမြင်ကြည်လင်သွားကြကာ
တကယ်အားထားရအားပါးတရဆိုပဲ
ကြိုတင်ဆုရထားတဲ့ပြက်လုံးတွေဟာ
ပရိသတ်ကိုကြိုတင်စားမြုံ့ပြန်နေတယ်
ငါ့မှာဘာအဖြစ့့်  အပြစ်စိတ်မှမရှိဘူး
ဘာအပြစ်မှလည်းမရှိဘူး
ဘာအပြစ်အနာအဆာမှလည်းမရှိဘူး
ဘယ်နေရာမှာမဆိုလွတ်လွတ်လပ်လပ်
ဝယ်စားလို့ရတဲ့သရေစာတွေဟာခင်ဗျား
လိုချင်တဲ့အချက်အလက်တွေပေါ့
မယုံလိုက်နဲ့ငါ့ကိုခလုတ်နှိပ်လိုက်တာ
ဘယ်သူ့လက်ထောက်သစ္စာဖောက်လဲ
လူလဲကစားမရတော့ ပွဲလဲလိုက်ကြတာ
စီးနင်းလိုက်ပါလာသောခရီးသည်များရှင်
ဒီလေယာဉ်ပျံဟာလေယာဉ်ကွင်းကိုရှာမတွေ့တဲ့အတွက်
ခရီးစဉ်ကိုပြုပြင်လိုက်ပါပြီရှင်
အားလုံးကျေးဇူးတင်ပါတယ်ရှင်
စုံစုံလင်လင်မင်္ဂလာညချမ်းတွေဘာတွေနဲ့
ငါဘယ်သူ့ကိုမှထိခိုက်နာကျင်စေချင်တာမဟုတ်ဘူး
ဒါဘယ်သူ့ကိုမှထိခိုက်နာကျင်စေချင်တာမဟုတ်ဘူး
အလှည့်ကျဖို့ရှင်းပြရမှာ ကျွန်တော်ဒီတစ်ခါ
ဖြစ်ပါတယ်

သိလား
အားလုံးနဲ့တော်တဲ့ဖိနပ်တစ်ဖက်
ပျောက်သွားတာကစတာပဲ
မင်း ငါ့ရဲ့ကိုယ်ချင်းစာနာမှုကိုတောင်းဆိုနေတာလား
ကျယ်ကျယ်ပြောစမ်း
မင်း ငါ့ရဲ့ကိုယ်ချင်းစာနာမှုကိုတောင်းဆိုနေတာလား
ကိုယ်တောင်းပန်ပါတယ်လို့သာပြောပေးပါ
ကိုယ်ဟာဂိုးလွတ်ကြီးနဲ့အသားလွတ်မှားခဲ့သူပါ
တညီတညွတ်ထဲတောင်းရမ့်း့  အယ့့်  တောင်းပန်ဖို့
အထူးသင့်လျှော်တဲ့မင်္ဂလာညချမ်းအစီအစဉ်ပါပဲ
လေယာဉ်ပျံကြီးစီးပြီးရီ(ရယ်)ရတယ်
ဟိုဟာကောကြားပြီးပြီလား
ဒီရထားဟာဒီဘူတာမှာဆိုက်မှာမဟုတ်တဲ့အတွက်
ဘူတာပြောင်းစီးကြပါရန်

အချိန်လည်းလင့်နေပါပြီကွယ်ရို့
ကြေကွဲစရာတွေ ရင်ဖြဲဖြဲပြနေရတာတော်လောက်ပါပြီ
(ကျွန်တော်တို့မှာ တခြားအစီအစဉ်တွေရှိပါသေးတယ်)
ဒီရင်ခွဲရုံရဲ့ကြီးမြတ်မှုကို ရိုသေကြဦးစို့
ဒီကျောက်ဖျာပေါ်မှာအရပ်တိုင်းကြစို့
သုံးမိနစ်ပေးမယ်ဒီတံခါးကိုဖွင့်ပေးပါ
ဖွင့်-လိုက်-စမ်း-ပါ-ဒီ-တံ-ခါး-ကို
ကိုယ့်မှာအာသီသရှိပါတယ်
မယုံလိုက်နဲ့ကိုယ့်မှာအမှန်တရား
ပိုပိုလျှံလျှံရှိပါတယ်
ကိုယ်သုံးနိုင်ဖြုံးနိုင်ပါတယ်
ငါ့မှာဘာနာကျင်မှုမှမရှိဘူး
ငါ့မှာဘာအပြစ်မှမရှိဘူး
ငါ့မှာဘာအဖြစ်မှမရှိဘူး
မင်္ဂလာညချမ်းပင်ဖြစ်ပါတယ်
ဖြစ်ပါလိမ့်မယ်
ဖြစ်ပါတယ်

နောက်ဟိုကိစ္စကောကြားပြီးပြီလား
သင်္ဘောသီးနဲ့  မဟုတ်ပါဘူး
သင်္ဘောတစ်စီးနဲ့ခရီးသည်ကိစ္စ
ဟုတ်ကဲ့
ကျွန်တော်ဆက်လက်တင်ပြချင်တာက
ဒီတစ်ခါရှင်းပြဖို့ကျွန်တော်ကပဲ
အလှည့်ကျသူဖြစ်ပါတယ်ကိုယ့်မှာအာသီသရှိပါတယ်
ဖြစ်ပါတယ် မင်္ဂလာပါ
ကိုယ်ဟာပိုးသတ်ထားသူညချမ်းဖြစ်ပါတယ်။ 

တနင်္လာနေ့
၂၄၊ မတ်၊ ၂၀၀၃

(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s