လမ်းအိုလေး

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

ပွဲတော်ရဲ့ ဆူညံသံတွေကြား (ဇေယျာလင်း)

Leave a comment

အဲ့ဒီတုန်းကရဲ့ အစီအစဉ်ကျမှုထဲဝင်လာတာ ဘယ်အမှန်တရားလဲ
သြော့့်   သနားကြင်နာမှုတဲ့လား
ရုပ်ဖျက်ပြီး လာရတဲ့ သနားကြင်နာမှု

ဟောဒီမှာ့   အဲဒီတုန်းက
ဘ၀တံကျင် လျှိုခံထားရတာ အဆုံးအထိပဲ
လာကြည့်ကြတဲ့လူတွေလည်း မကြည့်ဝံ့ဝံ့မရုန်းဝံ့ဝံ့

လက်ခံလိုက်ပါလေ့  ဘာပဲဖြစ်ဖြစ်
လက်ခံလိုက်ပါလေ့  လက်မခံရင်
ဘာခံရမလဲဆိုတာ သိတယ်မဟုတ်လား

ဟောဒီမှာ့  အဲဒီတုန်းက
ဖျားရည်ဝလို့ လက်ဝါးကပ်တိုင်ပေါ်ကနေ
ငုံ့ကြည့်နေမိတယ်
ရောမစစ်သည်တွေ ဂျူးငိုကြွေးသည်တွေ
အာရုံမရတစ်ချက် ရတစ်ချက်နဲ့
အဲ့ဒီတုန်းကရဲ့နားထဲ စီးကျနေတဲ့ သွေးတတောက်တောက်သံတွေ

သက်ရှင်နေထိုင်မှုလိုဟာမျိုး
ထပ်ရကြဦးမလာ့း့  ဒါမှမဟုတ်
ပြန်ရကြဦးမလာ့း့  ဒါမှမဟုတ်
အခုရနေတာဟာ တကယ့်အစစ်အမှန်လား
ဒီထဲ အဲ့ဒီတုန်းကဟာ အပြင်းအထန်ကျွံဝင်ခဲ့ပြီလား

ဒါဆိုရင်မငြင်းနဲ့တော့
လက်ပါးစေဖြစ်ဖြစ် သူ့လူကိုယ့်ဘက်သားဖြစ်ဖြစ်
အရှင့်သစ္စာခံ ဗိုလ်မင်းဖြစ်ဖြစ်
ဓားနဲ့လှံနဲ့ တစ်ခန္ဓာတွင်းလုံးထိုးဆွ မွှေနှောက်ရှာကြ
တစ်စုံတစ်ရာ တွေ့လိုတွေ့နိုးနဲ့ပေါ့

နေ့လည်ခင်းဟာလည်း
သခင်အားရ ပြေးလွှားဟောင်ဟစ်ထားတဲ့ ခွေးတစ်ကောင်လို
လျှာတစ်ပေရှည်ကျ ၀င်သက်ထွက်သက်တဟဲဟဲနဲ့
သူလည်းသက်သေခံဖို့ ရောက်ရှိလာတယ်

တိမ်မည်းကြီးတွေ လိပ်တက်လာလိုက်တာ
အဲဒီတုန်းကလို အဓိပ္ပာယ်သတ်မှတ်ကြမှာဟာ
ဒါတွေမဟုတ်ဘူ့း့  မဟုတ်သေးဘူး
ဟောဟိုခြေရာကွက်ထဲ တံခါးတစ်ပိုင်းကျိုးနေတဲ့
မြက်ပင်တွေ့  အဲဒီတုန်းကရဲ့ စိတ်ပုံသဏ္ဍာန်တွေ
သယ်ဆောင်လာတဲ့ ချောင်းတွေမြစ်တွေ
အဲဒီအဖြစ်တွေ အဲဒါတွေ့ ။     ။

၂၂ စက်တင်ဘာ ၂၀၀၃

(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s