Lanolay

Løøps of Resistance …

ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

“ငါဟာ ငါဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ ထင်ရှားသည့် အမှတ်အသားဟာ ငါ့ကိုသိလို့ပဲ”

ထင်ရှားသည့် အမှတ်အသား ရောင်းရန်ရှိသည်။
ထင်ရှားသည့် အမှတ်အသား ခေတ္တခရီးထွက်သွားသည်။
ထင်ရှားသည့် အမှတ်အသားကို အထောက်အထားနှင့် တင်ပြပါ။
ထင်ရှားသည့် အမှတ်အသား မေးမြန်းစုံစမ်းခြင်း သည်းခံပါ။
ထင်ရှားသည့် အမှတ်အသားမှာ လက္ခဏာအတုတွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားဟာ လက္ခဏာများစွာထဲက တစ်ခုဖြစ်ပါသည်။
ထင်ရှားသည့် အမှတ်အသားမှာ ရပ်နားစရာ မရှိပါကြောင်း။
ထင်ရှားသည့် အမှတ်အသားမှာ ကံ၊ ကတ္တားတို့ ပျောက်ဆုံးနေပါသည်။
ထင်ရှားသည့် အမှတ်အသား တရေးရေးပေါ်လာနေသည်ကို တွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားနေရာမှာ အပေါက်ကြီးတစ်ပေါက် တွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသား အသားတံဆိပ် ရိုက်နှိပ်ခံရန် ရောက်ရှိလာပါပြီ။
ထင်ရှားသည့် အမှတ်အသားမှာ ကိုယ်ပိုင်ဘ၀မရှိ၊ ကိုယ်ဝန်လည်းမဆောင်နိုင်။
ထင်ရှားသည့် အမှတ်အသား ၀ယ်ယူပြီးမှ ပြန်လဲလှယ်ခြင်း သည်းခံပါ။
ထင်ရှားသည့် အမှတ်အသားဆိုတာ ဘာလဲ။
ထင်ရှားသည့် အမှတ်အသား အခွန်ကောက်မည်ဟု သတင်းထွက်နေပါသည်။
ထင်ရှားသည့် အမှတ်အသား ကြော်ငြာစာရွက်များ စားပွဲပေါ်
ပြန့်ကျဲနေပါသည်။
ထင်ရှားသည့် အမှတ်အသားမှာ အင်္ဂါအချို့ မဖွံ့ဖြိုးတာ တွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားမှာ ရပ်ပြစရာ လူလုံးမရှိပါ။
ထင်ရှားသည့် အမှတ်အသားဟာ သူ့ကိုယ်သူမယုံကြည်ကြောင်း ထောက်ခံပါသည်။
ထင်ရှားသည့် အမှတ်အသား – “ကိုယ်ပိုင်အိမ်ခန်းလေးတစ်လုံး ရရန်”။
ထင်ရှားသည့် အမှတ်အသားခမျာ လေ၀၀မရှူရကြောင်း ညည်းပါသည်။
ထင်ရှားသည့် အမှတ်အသား ကောက်ရသူကို ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။
ထင်ရှားသည့် အမှတ်အသားကို စာဖတ်သူများက မှတ်မိရန် ငြင်းဆိုသည်။
ထင်ရှားသည့် အမှတ်အသားက သူဘယ်သူဘယ်ဝါဆိုတာ သိလိုပါသည်တဲ့။
ထင်ရှားသည့် အမှတ်အသားဟာ ကဗျာမဖတ်တတ်ပါ။
ထင်ရှားသည့် အမှတ်အသားကို ဤကိစ္စ အမြန်သတင်းပို့ရန်။
ထင်ရှားသည့် အမှတ်အသားလွတ်ကျ၍ အစိတ်စိတ် အမွှာမွှာကွဲသွားပါသည်။
ထင်ရှားသည့် အမှတ်အသားကို သူကိုယ်တိုင် လုံးလုံးမသိပါဟု လူကိုယ်တိုင်
လာရောက်ဝန်ခံသွားပါသည်။

တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၀၃။

(ထင်ရှားသည့် အမှတ်အသား – ဇေယျာလင်း၊ နှစ်ကာလများ – ၂၀၀၆)

Advertisement

18 Responses to ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)

  1. mirror December 10, 2008 at 9:22 pm

    လမ်းအိုလေးလို့ မြင်လိုက်တာနဲ့ လျှောက်လိုက်လာခဲ့တာ
    လမ်းက ခုမှပဲဆုံးတော့တယ်..
    ကဗျာတွေ အားလုံးကြိုက်တယ်
    နောက်လဲ လာလည်နိုင်အောင် လင့်ခ်ပါရစေ

  2. lanolay December 11, 2008 at 8:58 am

    လင်ခ့်ပါဗျာ လင့်ခ်ပါ :)

  3. ShwunMi February 7, 2009 at 11:02 am

    လမ်းအိုလေး ကို link ချိတ်လိုက်ပါတယ်..
    ကဗျာတွေ စုစည်းတင်ပြပေးတာ ကျေးဇူးပါ

  4. hololodilolo May 19, 2009 at 10:23 am

    လမ်းအိုလေးက ကဗျာတွေ စုနေပါလား။ ကောင်းလိုက်တာ။ လမ်းအိုလေး ရောမရေးဘူးလား။

  5. ဒီဝိုင်း July 6, 2009 at 3:20 am

    ကျွန်တော်လည်း လာလည်ရလွယ်အောင်လင့်ခ်ထားပါတယ်ဗျာ..လမ်းအိုလေးအဟောင်းကတော့ အမြဲတမ်းဖတ်ဖြစ်ပါတယ်..

  6. ငြိမ်းဝ September 9, 2009 at 9:03 pm

    ကျနော်လာခဲ့ပါတယ်..
    နှစ်သက်လို့ လင့်ယူခွင့်ပြုပါခင်ဗျား

  7. Pingback: ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် « Welcome to Freedom News Group

  8. အောင်ပိုင်စိုး October 20, 2009 at 11:17 am

    ကျွန်တော်ကဗျာတွေ အမြဲလာဖတ်ဖြစ်ပါတယ်၊ဒါပေမယ့် အခုမှပဲ commet ၀င်ရေးဖြစ်တာပါ။မြန်မာခေတ်ပေါ်ကဗျာအား စာမျက်နှာများပေါ်မှနေ Webpages ပေါ်ရောက်ရှိလာအောင်ကူညီပေးတာကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျား။

  9. သိုး November 8, 2009 at 2:35 pm

    ကဗျာတွေပါလား ဟ ဟီဟီဟီဟီ

  10. NMS December 16, 2009 at 12:04 am

    cheers. အောင်မြင်ပါစေဗျား..။ အခုမှပဲ ဒီဘလော့ဘက် ပြန်လှည့်ဖြစ်တယ်..။

  11. အိမ်မက်မြေ February 14, 2010 at 10:16 am

    လာလည်သွားပါတယ်ခင်ဗျာ

  12. မင်းစိုးရာ February 21, 2010 at 8:48 pm

    ကဗျာတွေတော့ လာဖတ်ဖြစ်တယ်
    ခုမှဝင်ရေးလိုက်တယ်
    ကဗျာဆရာတွေအများကြီးရဲ့ကဗျာတွေတင်ပေးထားတာ
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  13. သွယ်လင်းဆက် February 27, 2010 at 2:53 pm

    လင့်ထားတာကြာပြီဗျ။ ခွင့်တောင်းဖို့မေ့နေတာ။ ခုမှသတိရတယ်။ ခွင့်ပြုပါဗျာ။

  14. tin latt ko March 30, 2010 at 5:44 pm

    i am poet.
    i like this blog.

    but i not write LP.
    thanks u
    tin

  15. အုပ်ကြီး August 19, 2010 at 11:23 pm

    မင်္ဂလာပါခင်ဗျာ ..
    ကျွန်တော့်ရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုက
    သူများဆိုက်ကို Link ဖို့ ခွင့်တောင်းခြင်းပါပဲဗျာ…

    ခင်မင်လျှက်
    အုပ်ကြီး

  16. သိင်္ဂါကျော် January 7, 2011 at 4:58 pm

    ထင်ရှားတဲ့ အမှတ်အသားကတော့ တော်တော်များများ တူနေပါလား..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.