ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)
“ငါဟာ ငါဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ ထင်ရှားသည့် အမှတ်အသားဟာ ငါ့ကိုသိလို့ပဲ”
ထင်ရှားသည့် အမှတ်အသား ရောင်းရန်ရှိသည်။
ထင်ရှားသည့် အမှတ်အသား ခေတ္တခရီးထွက်သွားသည်။
ထင်ရှားသည့် အမှတ်အသားကို အထောက်အထားနှင့် တင်ပြပါ။
ထင်ရှားသည့် အမှတ်အသား မေးမြန်းစုံစမ်းခြင်း သည်းခံပါ။
ထင်ရှားသည့် အမှတ်အသားမှာ လက္ခဏာအတုတွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားဟာ လက္ခဏာများစွာထဲက တစ်ခုဖြစ်ပါသည်။
ထင်ရှားသည့် အမှတ်အသားမှာ ရပ်နားစရာ မရှိပါကြောင်း။
ထင်ရှားသည့် အမှတ်အသားမှာ ကံ၊ ကတ္တားတို့ ပျောက်ဆုံးနေပါသည်။
ထင်ရှားသည့် အမှတ်အသား တရေးရေးပေါ်လာနေသည်ကို တွေ့ရှိရပါသည်။
ထင်ရှားသည့် အမှတ်အသားနေရာမှာ အပေါက်ကြီးတစ်ပေါက် တွေ့ရှိရပါသည်။
(more…)
ဒါအကုန်ပဲလား (နေမျိုး)
ဖျားနာဆောင်(၃)တွင် ကျွန်တော်လူနာစောင့်လုပ်ခဲ့စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့လူနာနှင့် တစ်ခုတင်ကျော် ၀ဲဖက်ကုတင်က လူနာတစ်ယောက်ကို ကောင်းစွာမှတ်မြင်မိသေးသည်။ ကျွန်တော်တို့လူနာနှင့် ကပ်လျက်ခုတင်မှာ လူနာမရှိသေခုတင်လွတ် ဖြစ်သည်။ နံနက်ပိုင်းကပင် ထိုခုတင်မှ လူနာသည် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဟု သိရသည်။ ထိုလွတ်နေသောခုတင်၏ ၀ဲဖက်ခုတင်မှာ လူနာတစ်ဦးရှိသည်။ အသက်အရွယ် ခပ်ကြီးကြီး၊ အသားခပ်ညိုညို၊ ခပ်ပိန်ပိန်၊ ကိုယ်ရေစစ်သည်။ နာမကျန်း ဖြစ်နေခဲ့သောရက်တို့က ရှည်ကြာခဲ့ဟန်တူသည်။ ကိုယ်ခန္ဒာမှာ ပိန်လှီလျှက် မျက်တွင်းများက ချိုင့်ဝင်လျှက်ရှိသည်။ နေ့လည်ခင်း အချိန်လောက်က သူ့လက်မောင်းသွေးကြောမှတစ်ဆင့် သူ့ခန္စာကိုယ်ထဲသို့ သွေးတစ်ပုလင်းသွင်းခဲ့တာ ကွှန်တော် သတိထားမိသည်။ လူနာသည် မှိန်းနေရာမှ မျက်လုံးများကိုဖွင့်၍ မျက်နှာကြက်ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ (more…)
အမှန်တကယ်ဆုံးရှုံးခဲ့ဖူးတယ် (အောင်ပိုင်စိုး)
တိတ်ဆိတ်မှုမှာ အရသာတစ်ခုခု ရှိနိုင်မလားဆိုပြီး
သောက်လက်စ
စီးကရက်ကို တောက်ထုတ်ပစ်လိုက်တယ်
လျှောက်လက်စ လမ်းကိုရပ်တန့်
နောက်ကို ပြန်လှည့်ကြည့်မိတယ်
ကျေးဇူးအထူးတင်ပါတယ်လို့
တဖွဖွထပ်ပြီး ပြောချင်နေသေးတယ်
အရင်အတိုင်း
ပြတင်းတံခါးတွေ တဖျပ်ဖျပ်ထပွင့်နေသလို ခံစားရတယ်
ကျေနပ်ပျော်ရွှင် လွတ်လပ်ပါစေလို့ ဆုတောင်းပြီး
ရပ်ကျန်နေရစ်တော့မယ်
အဆင်မပြေ မပျော်ရွှင်ဖြစ်တဲ့တစ်နေ့ ပြန်လှည့်လာခဲ့လေ
မျက်ရည်ဟာ
ငိုကြွေးရလွန်းလို့ ခန်းခြောက်သွားရတာပေါ့
ကျန်းမာရေးစစ်ချက် မအောင်မြင်ဘူးမဟုတ်လား
စိတ်မကောင်းရင်လည်း နေကောင်းအောင်နေပေါ့
နာကျင်နေချင်တယ်
အကျဉ်းအကျပ်ထဲ ကျရောက်နေချင်တယ်
အဝေးဆုံးကို အပြီးအပိုင်လွင့်စင်ထွက်သွားချင်တယ်
ထပ်ပြီး အရူးမလုပ်ချင်ပါနဲ့တော့ကွာ
သေသေချာချာနှုတ်ဆက်လိုက်ပါတယ် …
(ရတီ – အောက်တိုဘာ၊ ၂၀၀၉)
နိစ္စဓူဝ (သစ္စာနီ)
တစ်နေ့မှာ လမ်းထဲကို နာမ်တွေဟာ အစုလိုက်အပြုံလိုက် လျှောက်လာကြတယ်..
နာမဝိသေသနဟာလည်း သူမရဲ့ အကျည်းတန်အလှနဲ့ လမ်းလျှောက်လာတယ်..
နာမ်တွေဟာ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှား အပြောင်းအလဲဖြစ်ကုန်ကြတယ်..
နောက်တစ်နေ့မှာ ကြိယာဟာ သူတို့ကို ကျုံးသွင်းပြီး ဝါကျတစ်ခုဖန်တီးလိုက်တယ်..
ဝါကျတိုင်းဟာ တစ်ခုခုပြောတယ်.. ဥပမာအားဖြင့်.. “မည်းမှောင်နေတဲ့ မိုးတစ်နေ့
ဖြစ်ပေမယ့်.. နာမဝိသေသန လမ်းလျှောက်လာတဲ့အခါ သူမမျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့
ကြည်သန့်ချိုမြတဲ့ မျက်နှာပေးကို.. ငါ စိမ်းလန်းနေရာမှ မြေကြီးသြဇာအဖြစ်
ပျက်စီးဆွေးမြည့်သွားတဲ့နေ့တိုင်အောင် အမှန်ရနေလိမ့်မယ်”
ဒါမှမဟုတ်.. “ကျေးဇူးပြုပြီး ပြတင်းပေါက်ပိတ်ပေးနိုင်မလား အင်ဒရူး”
ဒါမှမဟုတ်.. ဥပမာအားဖြင့်.. “အနားမှာရှိတဲ့ ရေနွေးငွေ့စက်ရုံက အပူကြောင့်
ပြတင်းပေါက်ပေါင်ပေါ်မှာ တင်ထားတဲ့ ပန်းရောင်ပန်းအိုး အဝါဖျော့ဖျော့အရောင်
ပြောင်းသွားတာ ကျေးဇူးတင်ပါတယ်”
နွေဦးပေါက်ကာလမှာ ဝါကျတွေနဲ့ နာမ်တွေဟာ တိတ်ဆိတ်စွာမြက်ခင်းပြင်ပေါ်
လဲလျောင်းနေကြတယ်..
အထီးကျန်ဖြစ်နေတဲ့ သမ္ဗန္ဓဟာ ဟိုဟိုဒီဒီ လျှောက်ပြီးခေါ်တယ်.. “ And ရေ.. But ရေ”
ဒါပေမယ့် နာမဝိသေသနဟာ ထွက်မလာဘူး..
ဒီလိုနဲ့ နာမဝိသေသနဟာ ဝါကျထဲက ပျောက်ဆုံးသွားတယ်..
အဲသလိုပဲ ငါဟာ မင်းရဲ့ မျက်လုံးထဲက.. နားထဲက.. နှာခေါင်းထဲက.. လည်ချောင်းထဲက
ပျောက်ဆုံးသွားတယ်..
ဘာသာစကားတွေ ပျက်စီးပျောက်ကွယ်သွားတဲ့တိုင်အောင်
ဘယ်သောအခါမှ မပြီးမပြတ်နိုင်တဲ့ အနမ်းလေးတစ်ချက်နဲ့
မင်းဟာ ငါ့ကို နှစ်သက်ကြည်နူးစေခဲ့ပါတယ်.. … .
(အမေရိကန်ကဗျာဆရာ Kenneth Koch ၏ Permanently ကိုပြန်ဆိုပါတယ်)
(ရတီ – အောက်တိုဘာ၊ ၂၀၀၉)
စကားပြောလို့ ရလာပြီ (လူဆန်း)
နွေဦးပေါက်လို့ လင်းလာလည်း မြေအောက်တွင်းအောင်း သတ္တ၀ါပါပဲ။
အမုန်းတရားဖျက်ဆီးချင်လာ။ စိတ်ဝင်စားမှုတွေ ၀ရုန်းသုန်းကား၊ စိတ်မ
ဝင်စားတာ မလုံမလဲ လုပ်နေရတာ တကယ်စိတ်ဝင်စားတာ လုပ်ဖို့အာမခံ
ခိုးဖတ်-ခိုးရေး။ လု-ရေး-လု-ဖတ်။ စကြ၀ဠာအရှင်သခင်နဲ့
‘ငါယောင်္ကျားပဲလို့ အောက်မေ့သူရှိသလို၊ ငါမိန်းမလို့ ပြောသူပြော။
နှစ်မျိုးစလုံးလို့ ပြောသူရှိသလို လိင်မဲ့လို့ထင်သူလည်းရှိ
တချို့ကျတော့ အင်အားအစစ်၊ တချို့ကျတော့ အချစ်လို့ခေါ်နိုင်တဲ့
အဆုံးမဲ့ ခံစားချက်လို့ ဆိုသူဆိုတယ်။ ငါဘာမှန်းခန့်မှန်းလို့ မရပြောသူ
လည်းရှိသေး’
မင်းဟာ ငါဘာမှန်းသိတယ်။ ဒါပဲကောင်းတယ်။ အဲဒါ ငါပါပဲ။
(more…)
အခုလိုလုပ်ခဲ့တဲ့ အကြောင်းများ (လူဆန်း)
ဖေဖေ အရင်လိုပဲ ဘီဒိုထဲက သူ့စိတ်ကြိုက်အခွေကြည့်ဖို့ တယ်လီဗစ်ရှင်ကို လှည့်ထားတယ်။ ငါ့ညီမကလေးတွေ အရင်လိုပဲ ဖေဖေ့ဆီစပ်စုကြပြီး။ အချိန်တန်တော့ ပြန်ဝင်လာကြတယ်။ ငါ့ညီမထွေးလည်း ရောက်နေပြီး အရင်လို မျက်ရည်တစ်စက်စက်ပြောတယ်။ ငါမတတ်တဲ့ ပြင်သစ်မဂ္ဂဇင်းထူထူ လှန်ကြည့်နေရင်း ပွဲတော်ပျော် ပက်လက်ကားတစ်စီးရဲ့ အပြန်ဖြတ်သွားသံ ကြားရတယ်။ ပြင်သစ်စာ ဆရာမလေးက ရေခဲသေတ္တာထဲက ရေပုလင်းကို ဖန်ခွက်ကိုင်ရင်း ထိုစကားလုံးအတွက် အရင်ကလိုပဲ သုံးဆတစ်ဆ ပြောတယ်။ သမီးကလေးက အိပ်ရာထဲကခုန်ထအပြီး ရေအိမ်ဆီ ခုန်ဆွခုန်ဆွပြေးကာ တော်တော်နဲ့မရောက်ရှာဘူး။ သူ့အမေလဲ အရင်လိုထလိုက်သွားတယ်။ ရုပ်ရှင်ကားတစ်ကားအတွက် တစ်မြို့လုံး ခြိမ့်ခြိမ့်တိုးနေတယ်။ ဖေဖေ အရင်ကလိုပဲ ကလေးတွေကို လက်ဆောင်ပန်းအိုးဝယ်ပေးဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူမတတ်နိုင်ပါဘူး။ ကားလမ်းကူးတော့ ကလေးတစ်ယောက် လမ်းပေါ်ကျနေတာနဲ့ အရင်လိုပဲ ပလက်ဖောင်းပေါ် ငါပြန်ကောက်တင်ခဲ့တယ်။ အကျင့်ပါနေသလို တဖျတ်ဖျတ် ငါလန့်နိုးနိုးနေရင်း သတိတရ။ ဓာတ်ပြားကို အစက ပြန်ပြန်ဖွင့်ဖွင့်နေရတယ်။ ဓာတ်ပြားပြီးတာ ဒီတစ်ခါ် အရင်လိုပဲ မြန်လွန်းတယ်။ ငါ့ညီမတွေကို အရင်လို ကြည့်မြင်တိုင်နယ်မြေ-၃ အဆောက်အဦပုံစံ ဘလူးပရင့် အခြေခံရှင်းပြတယ်။ တစ်နှစ်သား-သားက နားထင် အဆမတန် ကြီးမားနေပြီး ငါ့ရေဒီယိုကို တစ်စစီစားလိုက်တာ ကြိုးနဲ့ဘီးလုံးကလေးတွေပဲ ကျန်ရစ်တယ်။ ထမင်းဆာလို့ ရေနွေးအိုးကြီး လေးအိုးသောက်တဲ့ အကြောင်းကို လိုဏ်သံသြသြ စက်ရုပ်သံနဲ့ ရှင်းပြတယ်။ (more…)
ဒီနေ့ပြာတဲ့ကောင်းကင် (လူဆန်း)
တစ်နေ့ ငါနဲ့ဆိုင်ရာအချက်အလက်တွေမေ့ထားခဲ့ရာမှ
ပြန်အစဉ်သတိရသွားတယ်။ ကျေးဇူးတင်ပါတယ်။
“လာပြန်ပြီ”လို့မပြောလိုက်ပါဘူး။ ဒါဒီနေ့မနက်ရိုက်တဲ့
ကြေးစည် ဒါဒီနေ့အူတဲ့ခွေး။ ဒါ ဒီနေ့မနက်အော်တဲ့ငှက်တွေ၊
ဒါဒီနေ့မနက်ပွင့်လာတဲ့အလင်းရောင်။ ဒါဒီနေ့ပြာတဲ့ကောင်းကင်။
စိတ္တဇဝေဒနာအသစ်တွေပေါ်လာတယ်။ ဆိုင်းဘုတ်
အရောင်ပြောင်း၊ စကားလုံးမျက်နှာပြင်စူထွက်၊ ပျော့ခွေစွာ
နှုတ်ဆက်လက်ဖ၀ါးများ၊ စိတ်ချလို့မရတဲ့သစ်ပင်မျက်လုံးများ
အချင်းချင်းပါပဲ။ အဲဒီအချင်းချင်းပဲ ခွဲခွာခဲ့ရတာ အိုအချင်း။ ငါက
ဆက်စပ်စဉ်းစားတာ ၀ါသနာလည်းပါတော့ ပရွက်ဆိတ်
ယာဉ်တန်းကို မနင်းအောင် ဟန်ချက်ဖျက်လိုက်ရတယ်။ ငါလည်းလဲကျ
မသွားခဲ့ပါဘူး။ အသွားရှစ်လက်မ လက်တင်အမေရိကစာရေးဆရာ
ကရာစီရာမားကွက်*ရဲ့ဓားမြှောင်ဟာ
ပွင့်နေတဲ့ညာနံရိုးတွေကို တစ်ထစ်ချင်းစီ စိုက်သွင်းဖို့ဝါသနာ။
စိတ်ရှိလက်ရှိ လူ့သဘာဝကို တားထားတဲ့မှားယွင်းသော
မှန်ကန်မှု၊ မလုပ်ပါဘူး။ သူ့ဟာသူတောင်ပျောက်မတွေ့သေး
သနားစရာညထဲနေလိုက်ရှာနေတဲ့သတ္တ၀ါ
ဒါ ဒီနေ့ ထပ်ပြာတဲ့ကောင်းကင်။ ဒါ ဒီနေ့လျှောက်တဲ့
ပလက်ဖောင်း။ ဒါ ဒီနေ့စီးတဲ့ဘတ်စ်ကား။ ဒါ ဒီနေ့ရိုင်းတဲ့
စပယ်ယာ့အသံ။ ခေါင်းသည်ပန်းဖြစ်သွားသောအခါ
(more…)
ငါ့စိတ်ကို မီးခလုတ်လို လာလာမဖွင့်နဲ့တော့ (မောင်ဖီလာ)
အဖြစ်အပျက်တွေကို
ဘာနဲ့ခုခံရမလဲ။
ချောက်ချားဖွယ် အထီးကျန်သူရဲ့ အခန်းကျဉ်းထဲ
‘ပေါ(လ်)မက္ကနေး’ရဲ့ သီချင်းသံဟာ စီးကျနေတယ်
သူ့သီချင်းစာသားပေါ် ကျွန်တော် လှဲအိပ်တယ်
သူ့သီချင်းစာသားထဲ စက္ကူလေယာဉ်ပျံကလေးတွေ
ကျွန်တော် လွှတ်တယ်။
သူ့သီချင်းစာသားထဲ တယ်လီဖုန်းနံပါတ်တွေ ကျွန်တော် နှိပ်သွင်းတယ်
အိမ်တစ်အိမ်ရဲ့ ၀ရံတာဆိုတာ
လူ့ကိုယ်ခန္ဓာပေါ်က မျက်လုံးလိုပေါ့
ကျွန်တော် ၀ရံတာဘက်ထွက်ပြီး အပြင်ကိုငေးတယ်
ကျွန်တော် မပျော်ရွှင်ပဲ ကြာပြီဆိုတာ
(more…)
လတ်ဆတ်သစ်သီးများ (မောင်ဖီလာ)
ငါ့မျက်လုံးထဲကြယ်တွေ အရင်လို အကူးအခတ်မလုပ်တော့
ငါ့အကြေးခွံကလဲ အရင်လို အရောင်တဖျတ်ဖျတ် မလက်တော့
အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်လာသူ
ငါ့အသံဟာ အရင်လို
ကျောက်ဆောင်ကို ထစ်ချုန်းဆောင့်ခွဲနိုင်ဦးမလား
ဟိုးတုန်းက ငါတို့ရဲ့ လွတ်လပ်ပေါ့ပါးသော ပျော်ရွှင်မှု
စက္ကူလေတံခွန်လေးလို အခုပြန်ပြီး ရစ်ယူချင်မိတယ်
ငါဟာ ဂျင်းဘောင်းဘီနဲ့
နားကွင်းတစ်ဖက်နဲ့
ဖိလစ်ပိုင်မကလေးလက်ကိုဆွဲလို့
မိုးရွာထဲ လမ်းမတွေပေါ် လျှောက်ပြေးခဲ့ကြတာ သတိရမိတယ်
အဲဒီတုန်းက သက်တံဟာ ငါတို့အရောင်နဲ့
အကြောက်အလန့်မရှိတာ ကြောက်စရာကောင်းမှန်း ငါတို့မသိခဲ့
ငါတို့ရိုးသားခဲ့ကြတာ ငါတို့မသိခဲ့
ငါတို့အတွေ့အကြုံဟာ ငါတို့ဥစ္စာဓနမှန်း ငါတို့မသိခဲ့
ငါတို့ဘွတ်ဖိနပ်တွေဟာ ပေါက်ပြဲလို့
ဒါပေမယ့် ပင်လယ်တစ်ခုလုံးရဲ့ အလှပဆုံးအစိတ်အပိုင်းဟာ
ကမ်းခြေလို့ ငါတို့သိခဲ့တယ်
ငါတို့ရယ်သံဟာ စကြ၀ဠာနံရံကိုသွားမှန်ပြီး
နွားနို့ပူပူတွေအဖြစ် စီးဆင်းလာကြတယ်
ညနေ(၆)နာရီ
ငါတို့ဟာ ဘတ်စ်မှတ်တိုင်မှာရပ်လို့
ဆည်းဆာဟာ ငါတို့ရဲ့အရွယ်ကိုငေးမောလို့  ။ ။
(Beauty Magazine – ၂၀၀၄)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)
အညတြကြယ် (မောင်ဖီလာ)
သူက ငါမှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေကို မမြင်ဘူး
အိတ်ဇောပိုက်ထဲက ထွက်လာတဲ့ မီးခိုးတွေကိုပဲ သူကြည့်နေတယ်
(သူ့အတွက် လှပတဲ့ ရောင်စုံတိမ်တိုက်တွေပေါ့)
သူ့မျက်လုံးထဲမှာ အမြဲစိမ်းသစ်တောကြီး မျောလို့
မော်တော်ကားဆိုတာ အတတ်ပညာနဲ့ မောင်းတာမဟုတ်ဘူး
နှလုံးသားနဲ့မောင်းရတာလို့ သူ အမြဲပြောတယ်
(သူ့နှလုံးသားက ဟာဝိုင်ရီကျွန်းကလေးလိုပဲ လှတယ်)
သူက အရပ်ပုတော့ ‘အိုင်းစတိုင်း’ရဲ့ အတွေးအခေါ်ကို မမှီဘူး
ဒါပေမယ့် သူ့အတတ်ပညာက ORCHARD လမ်းမကြီးကို
နှစ်လက်မတည်း ဖြစ်သွားအောင် ချုံ့ပစ်နိုင်တယ်
လမ်းဘေးမှာကျန်ရစ်ခဲ့တဲ့ ရှုခင်းတွေကလည်း
ကျွန်တော် တောက်ချပစ်လိုက်တဲ့ စီးကရက်ပြာစတွေလိုပဲ
(more…)
ကျီးကန်း (မောင်ဖီလာ)
သူ့အသံက ဖမ်းဆုပ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အ၀တ်စတစ်စ။ ။
(ပိတောက်မြေ မဂ္ဂဇင်း၊ အမှတ် – ၆၊ ဇွန်လ၊ ၂၀၀၃။)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)